ချောကလက်ကိုအနောက်နိုင်ငံတွေမှာ ပိုပြီးတော့စားသုံးလေ့ရှိတယ်ဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အကြိုက်ဆုံးအရာတစ်ခုလို့လည်း ဆိုလို့ရတာပေါ့။ ကလေးတွေကလည်း အရမ်းကြိုက်သလို လူကြီးတွေကလည်းနှစ်သက်ကြတယ်လေ။ ချစ်သူများနေ့မှာတောင် ကိုယ်ချစ်ရတဲ့သူကိုချောကလက်ကျွေးတဲ့ အလေ့အကျင့်လေးက အခုချိန်ထိပဲမဟုတ်လား။ ချောကလက်က စားလို့ကောင်းတဲ့နေရာမှာတင် နာမည်ကြီးတာမဟုတ်ပဲ ကျန်းမာရေးအတွက်ဆိုရင်လည်း နည်းလမ်းပေါင်းစုံကနေ အထောက်အကူပြုနေပါတယ်။

အသားအရေဖူးရောင်တာတွေကိုလည်း သက်သာအောင်ကူညီပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တတ်တဲ့ အသားအရေနီမြန်းတာတွေကို ချောကလက်စားရင်းနဲ့ သက်သာစေနိုင်တယ်လို့ လေ့လာသူတွေက ဖော်ပြထားပါတယ်။

လေ့လာတွေ့ရှိမှုတွေအရ ချောကလက်ကိုပုံမှန်စားပေးတာက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေနဲ့၊ သွေးခုန်နှုန်းတွေကို ပုံမှန်ဖြစ်စေတယ်လို့ သိရပါတယ်။ လူတစ်ယောက်က ပုံမှန်တိုင်းသွေးလှည့်ပတ်မှုရှိနေရင် ရောဂါဝင်ရောက်မှုနှုန်းလည်း လျော့နည်းတာပေါ့။

စိတ်ညစ်စရာတွေရှိနေတဲ့အချိန်မျိုးတွေမှာလည်း ချောကလက်ကိုစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေကိုထိန်းချုပ်ပေးလိုက်နိုင်တာကြောင့် အချိန်ခဏလေးအတွင်းမှာပဲ စိတ်ကိုတည်ငြိမ်စေပြီး ဦးနှောက်ကိုလည်းလန်းဆန်းလာစေပါလိမ့်မယ်။

ကျောင်းတွေ၊ ရုံးတွေမှာ ပင်ပန်းပြီးအိပ်ငိုက်တာမျိုးတွေ ကြုံနေရပြီလား။ အိတ်ထဲကို ချောကလက်အမြဲထည့်သွားပြီး အိပ်ငိုက်လာတဲ့အချိန်တိုင်းမှာ စားပေးလိုက်ပါ။ ချောကလက်မှာပါဝင်နေတဲ့ ကဖင်းဓာတ်က ဦးနှောက်ကိုလန်းဆန်းလာစေပြီး အိပ်ငိုက်တာတွေကိုလည်း လျော့နည်းသွားစေမှာပါ။

Photo Source: Unsplash

Featured Image Source: Eat This, Not That