ကိုယ်နေ့စဉ်စားနေတဲ့အစားအစာတွေထဲ အသားကို လုံးဝမစားတော့တဲ့အခါ ဘာဖြစ်မလဲ။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့သာမကဘဲ ရောဂါအမျိုးမျိုးကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
ရာသက်ပန်သက်သက်လွတ်စားတာတွေတောင် ရှိပြီး ဒါဟာ ကျန်းမာရေးအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ရော တကယ်ကို ကောင်းမွန်ပါတယ်။
ကိုယ်အလေးချိန် လျှော့ချနိုင်မယ်
အသားတွေမစားတော့ဘဲ သင်းသီးဟင်းရွက်တွေ သက်သက်လွတ်ပဲစားတဲ့အခါမှာ ၄၄ ပတ်အတွင်း ၁၀ ပေါင်လောင် လျှော့ချနိုင်ပါတယ်။ ဒါဟာ လေ့ကျင့်ခန်းလုံးဝလုပ်စရာမလိုဘဲ ကျသွားမဲ့အလေးချိန်ပါ။
အသားအရေ ပိုပြီးလှပလာမယ်
ဗီတာမင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေကိုစားတဲ့အခါမှာ အသားအရေက ပိုပြီးလှပလာပါလိမ့်မယ်။
ကင်ဆာရောဂါဖြစ်ပွားမှု နည်းသွားမယ်
သုတေသနပြုချက်အရ အသားကိုလုံး၀ ရှောင်လိုက်တာဟာ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
ကျန်းမာရေးကောင်းမွန်လာမယ်
အသားကိုလုံးဝမစားတော့တဲ့အခါ ကိုလက်စထရောပမာဏ လည်းလျှော့ကျ လာပြီး နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ လေဖြတ်ရောဂါတွေဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
သွေးတိုးလည်းကျစေပြီး ဆီးချိုအတွက်လည်းကောင်းမွန်ပါတယ်။ ဒါ့အပြင် တခြားကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်။
စိုးရိမ်ပူပန်မှု (သို့) စိတ်ကျဝေဒနာတွေကို သက်သာစေမယ်
အသီးအရွက်တွေပဲစားသုံးတာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပိုမိုတိုးတက်လာပြီး စိုးရိမ်ပူပန်မှုတွေ စိတ်ကျဝေဒနာတွေကနေ ကင်းဝေးစေမှာပါ။
ဒီတော့ သက်သက်လွတ်စားဖို့ အဆင်သင့်ဖြစ်ပြီလား။