လူအများစုဟာ ငှက်ပျောသီးကို အစိမ်းဖြစ်နေတဲ့ အချိန်နဲ့ အညိုစက်တွေ ပေါ်လာတဲ့အချိန် မစားကြပါဘူး။ ဒါပေမယ့် ဖြစ်စဉ်တိုင်းမှာ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
ငှက်ပျောသီးစိမ်း
လီဗာပူး John Moores တက္ကသိုလ် ရဲ့ ပရောဖက်ဆာ ရော့ဒ်နီရဲ့ လေ့လာချက်အရ ငှက်ပျောသီးစိမ်းတွေမှာ Resistant Starch ဟာ အမှည့်တွေထက် ပိုပါဝင်တယ်လို့ ဆိုပါတယ်။ Starch ဆိုတဲ့ဓာတ်တစ်မျိုးဟာ အူတွင်းမှာ ရှိတဲ့ မကောင်းတဲ့ပိုးတွေကို သေစေနိုင်ပြီး အူရောင်ခြင်းနဲ့ အူမကြီးအတွင်းမှာ ရှိတဲ့ ရောဂါတွေကို မဖြစ်ပွားစေနိုင်ဖို့ကာကွယ်ပေးပါတယ်။ အူအတွင်းပိုင်းမှာ ရှိတဲ့ ကောင်းမွန်တဲ့ ပိုးတွေရဲ့ ကြီးထွားမှုကို တိုးမြှင့်ပေးစေနိုင်ပါတယ်။
Resistant Starch ဟာ ကိုယ်တွင်းက သကြားဓာတ်အရည်တွေကို သဘာဝအတိုင်း ဖြည်းညင်းစွာ ထွက်လာစေပြီး သွေးတွင်းသကြားဓာတ် လည်ပတ်မှုကို ပုံမှန်ဖြစ်စေပါတယ်။ အင်ဆူလင်ဓာတ် ရုတ်တရက် မြင့်တက်တာ နိမ့်တာတွေ မဖြစ်စေပါဘူး။ ဒီအမျှင်ဓာတ်တွေဟာ မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းဖို့ အကူအညီလည်းပေးပါ တယ်။ မှည့်သွားတဲ့အခါမှာ Resistant Starch ဟာ ဂလူ့ကို့နဲ့ ပိုချိုတဲ့ သကြားဓာတ်တွေအဖြစ် ပြောင်းလဲပြီး အသီးကို ပိုပြီး ချိုစေပါတယ်။
ငှက်ပျောသီးမှာ သဘာဝအရ Lectins ပါဝင်ပြီး ပရိုတိန်းအုပ်စုနဲ့ Glycoproteins ပါဝင်ပြီး အစာ စားချင်စိတ်ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေ ပါဝင်ပါတယ်။ Lectins ဟာ ကင်ဆာဖြစ် စေတဲ့ ဆဲလ်တွေကို လျှော့ချပေးပြီး ရောဂါခုခံအားကိုလည်း မြင့်တက်စေပါတယ်။ အမှည့်လွန် အသီးတွေမှာတော့ Lectins ဟာ အားပျော့သွားပါတယ်။ အစိမ်းမှာဆိုရင်တော့ ဒီအကျိုးကျေးဇူးတွေ ရရှိစေမှာပါ။
ငှက်ပျောသီးအမှည့်
အမှည့်သီးမှာတော့ Antioxidants တွေဟာ အစိမ်းထက် ပိုများပါတယ်။ Antioxidants တွေက ကိုယ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရောဂါတွေကို ကာကွယ်ပေးပြီး အိုမင်းမှုကိုလျော့ချပေးပါတယ်။ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားမှုနှုန်း နည်းစေပြီး ကင်ဆာနဲ့ ဆီးချိုအတွက်လည်း ထိရောက်ပါတယ်။ ငှက်ပျောသီး အမှည့်တွေဟာ သွေးဖြူဥ ထုတ်လွှင့်မှုကို တိုးစေပါတယ်။ အစာကြေဖို့ လွယ်ကူစေတဲ့ အတွက် အသက်အရွယ် ကြီးသူတွေ စားသုံးဖို့ အဆင်ပြေပါတယ်။
ငှက်ပျောသီးဟာ အစိမ်း၊ အဝါနဲ့ အညိုစက်တွေနဲ့ ဘယ်လိုပဲ ရှိနေနေ အမျှင်ဓာတ်တွေ အပြည့်ပါဝင်ပါတယ်။ ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ ဗီတာမင် B6 နဲ့ မက်ကနိတို့ ပါဝင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေ အတွက်လည်း ဘယ်လို အနေအထားမှာ ဖြစ်ဖြစ် စားသုံးလို့ သင့်တော်ပါတယ်။
ငှက်ပျောသီးစိမ်းကို အများအားဖြင့် ချက်စားလို့ ရပါတယ်။ မန်ကျည်းရည်နဲ့ မဆာလာနိုင်နိုင်လေး ချက်စားရင် အတော်စားကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ။ ကုလားပဲနဲ့လည်း ချက်စားကြသလို သီးစုံဟင်းချက်စားတဲ့အခါမှာလည်း ထည့်ဝင်ပြီး ချက်ကြပါတယ်။
Credit: Dailyhealth