ကျွန်မတို့ မြန်မာပြည်မှာတော့ ဝိုင်နေ့တိုင်းသောက်လေ့သောက်ထမရှိပါဘူး။ ဒါပေမဲ့ ရံဖန်ရံခါ တော့သောက်ကြပါတယ်။
ဝိုင်သောက်ရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။
အသက်ရှည်စေတယ်
ညဖက်မှာ ဝိုင်တစ်ခွက် အမြဲသောက်ပေးရင် အသက်ရှည်စေပါတယ်။ ဝိုင်ပုံမှန်သောက်တဲ့သူတွေဟာ ဘီယာ (သို့) အရက် ပုံမှန်သောက်တဲ့သူတွေထက် သေဆုံးမှုနှုန်း ၃၄ % နည်းပါတာကိုတွေ့ရပါတယ်။ အသက်ရှည်ရှည်နေချင်ပါသလာ အမြဲနုပျိုချင်ပါသလာ ဝိုင်းကို တစ်နေ့ တစ်ခွက်သောက်ပေးပါ။
နှလုံးကျန်းမာရေး
အနီရောက်ဝိုင်က နှလုံးကို ကာကွယ်ပေးပါတယ်။ အနီရောင်ဝိုင်တွေမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ဆီးချိုမဖြစ်ဘူး
ဝိုင်ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်ရင် ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချ ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်အရ ဝိုင်ပုံမှန်သောက်သူဟာ ဆီးချိုရောဂါဖြစ်ပွားမှု ၃၀ % ထိ နည်းပါးကြောင်း ထုတ်ပြန်ထားပါတယ်။ အနီရောင်ဝိုင်တစ်ခွက်က ဆီးချိုရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။
သင့်ကို ပိုပျော်ရွှင်စေတယ်
ဝိုင်က စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျှော့ချစေပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်ပါဝင်တဲ့ ညစာစားရင်း စိတ်ပင်ပန်းမှုကို လျှော့ကျစေပါတယ်။
ကင်ဆာ ရောဂါဖြစ်ပွားမှုကို လျေျာ့ချပေးတယ်
အနီရောင် ဝိုင်ကို တစ်နေ့ တစ်ခွက်ပုံမှန်သောက်တာဟာ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ပုံမှန်သောက်ရင်တော့ ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ တခြားကင်ဆာဖြစ်ပွားမှုကိုလေည်း လျှော့ချပေးနိုင်ပါတယ်။
ဦးနှောက်စွမ်းဆောင်ရည် မြင့်မားလာခြင်း
လေဖြတ်မှုကို လျှော့ချပေးခြင်း
ဘယ်လောက်များများသောက်ရမလဲ
အမျိုးသမီးတွေအတွက်ကတော့ တစ်နေ့ တစ်ခွက်ပါ။ ဝိုင်ပမာဏ ၅ အောင်ဆလောက်ကိုပဲသောက်ရမှာပါ။ အမျိုးသားတွေကတော့ တစ်နေ့ကို ၂ ခွက်သောက်ပေးရမှာပါ။ ဘယ်အရာဖြစ်ဖြစ် တန်ဆေးလွန် ဘေးပါပဲရှင်။