စားသောက်ဝိုင်းတွေပေါ်က ဇွန်းခရင်းထားသိုပုံတွေမှာ များစွာသောအဓိပ္ပါယ်တွေရှိသလို စားပွဲဝိုင်းယဉ်ကျေးမှုဓလေ့တစ်ခုလို့လည်း ပြောလို့ရပါတယ်။ သာမာန်ဆိုင်တွေမှာသွားရောက်စားသုံးရင် ဒီလိုယဉ်ကျေးမှုမျိုးသိထားဖို့မလိုအပ်ပေမယ့် ဟိုတယ်နဲ့ စားသောက်ဆိုင်ကြီးတွေမှာ သွားရောက်သုံးဆောင်တဲ့အခါ သင့်အနေနဲ့ စားပွဲဝိုင်းယဉ်ကျေးမှုကို မဖြစ်မနေသိနားလည်ထားဖို့ လိုပါလိမ့်မယ်။

(၁) Pause

သင့်အနေနဲ့ စားသောက်ဝိုင်းမှာတစ်စုံတစ်ယောက်နဲ့ စကားပြောချင်တဲ့အခါ ဇွန်းခရင်းတွေကိုလက်ကိုင်ပြီး မပြောသင့်ပါဘူး။ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့ဇွန်းကို ပန်းကန်ရဲ့ အပေါ်မှာ V ပုံစံတင်ထားပြီးမှပြောသင့်ပါတယ်။ဒီလိုမျိုး ဓားနဲ့ခရင်းကို ပန်းကန်ပေါ်တင်ထားခြင်းက သင်အနေနဲ့ စားလို့မပြီးသေးပဲ ပြန်လည်သုံးဆောင်အုန်းမှာဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

(၂) Finished

သင့်အနေနဲ့ အစားအသောက်တွေသုံးဆောင်ပြီးကြောင်းပြောချင်တဲ့အခါ ခရင်းနဲ့ ဓားကို ယှဉ်တွဲလျက် ပန်းကန်ရဲ့ အလည် ဗဟိုတည့်တည့်မှာဒေါင်လိုက်တင်ထားရပါမယ်။ဇွန်းနဲ့ဓားကို ဒီလိုပုံစံထားခြင်းဟာသင် အစားအသောက်တွေသုံးဆောင်ပြီး စိတ်ကျေနပ်ပြီဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

(၃) Ready For My Next Meal

ဟိုတယ်နဲ့စားသောက်ဆိုင်ကြီးတွေမှာ စားသုံးတဲ့အခါ ဟင်းပွဲ တွေကို တစ်ခုပြီးမှတစ်ခုလာရောက်ချပေးတာဖြစ်ပါတယ်။ သင့်အနေနဲ့ နောက်ထပ်ဟင်းပွဲတွေ ချပေးဖို့ပြောချင်တယ်ဆိုရင်တော့ ပန်းကန်ရဲ့အပေါ်မှာ ဓားကိုကန့်လန်ဖြတ်တင်ထားပြီး ဓားရဲ့အပေါ်မှာမှ ခရင်းကိုဒေါင်လိုက်တင်ထားရပါမယ်။ဓားနဲ့ ခရင်းကိုဒီလိုပုံစံထားခြင်းက သင့်အနေနဲ့ နောက်ထပ်ဟင်းပွဲ တွေသုံးဆောင်ဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

(၄) Excellent

သင့်အနေနဲ့ အစားအသောက်ရဲ့အရသာကိုကြိုက်နှစ်သက်လို့ ချီးကျူးချင်တဲ့အခါ ပန်းကန်ရဲ့အပေါ်မှာ ဓားနဲ့ဇွန်းကိုယှဉ်တွဲ လျက် အလျားလိုက်တင်ထားပေးလိုက်ပါ။ဒါဆိုရင်တော့ အစားအသောက်တွေရဲ့အရသာက အလွန်ပင်ကောင်းမွန်ပြီး သင်လည်းကြိုက်နှစ်သက်တယ်လို့ ချီကျူးပြောဆိုချင်တဲ့အဓိပ္ပါယ်ရပါတယ်။

(၅) Don’t Like

သင်အနေနဲ့ အစားအသောက်တွေအပေါ် စိတ်ကျေနပ်မှုမရှိဘူး ကြိုက်နှစ်သက်မှုမရှိဘူးဆိုရင် ခရင်းသွားကြားကို ဓားညှပ်ပြီး V ပုံစံထောင်ထားလိုက်ပါ။ဒါဆိုရင်တော့ အစားအသောက် မကောင်းဘူး သင်အနေနဲ့ အကြိုက်မတွေ့ဘူးဆိုတဲ့အဓိပ္ပါယ် ရစေပါတယ်။ဒီပုံစံဟာ ပထမဆုံးပြောခဲ့တဲ့ အစားအသောက်တွေသုံးဆောင်လို့မပြီးသေးဘူးဆိုတဲ့ Pause ပုံစံနဲ့ ဆင်တူပါတယ်။

Reference Source : https://eatdrinkplay.com/what-your-cutlery-says-about-you/?fbclid=IwAR23fCgUP42UbBbFI3QpFAYBSx-Q3jDbJJ93PlznHgg8qM7fCqNZ3QgGAk