ကြက်ဥပြုတ် တစ်လုံးမှာ ဗီတာမင် အေ ၊ ဗီတာမင် အီး ၊ ဗီတာမင် ကေ ၊ ဗီတာမင် B6 ၊ ဗီတာမင် B5 ၊ ဗီတာမင် B12 ၊ ဗီတာမင် B 2 စတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်သလို ကယ်လစီယမ်နဲ့ဇင့်ဓာတ်တို့လည်း ပါဝင်ပါတယ်။ ကြက်ဥတစ်လုံး စားတဲ့အခါ ပရိုတင်းဓာတ် ၆ ဂရမ် ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီဓာတ် ၅ ဂရမ်နဲ့ ကယ်လိုရီဓာတ် ၇၇ ကယ်လိုရီရရှိနိုင်ပါတယ်။

ကြက်ဥ တစ်လုံးတည်းမဟုတ်ဘဲ ကြက်ဥ ၂ လုံးကို နေ့တိုင်း စားသုံးမယ်ဆိုရင် ဘယ်လိုအရာတွေကို တွေ့ကြုံခံစားရမလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။

နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးခြင်း

Source: rutherfordsource.com

ကြက်ဥနေ့စဉ်စားသုံးခြင်းကခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတဲ့ကိုလက်စတောတွေကိုလျှော့ချပေးတာကြောင့်နှလုံးရောဂါခံစားရခြင်းကိုလျှော့ချပေးနိုင်ပါတယ်။

ကြံ့ခိုင်သန်မာတဲ့ ကြွက်သားများကို ပိုင်ဆိုင်နိုင်ခြင်း

Source: foodprevent.com

ကြက်ဥအကြီးစားတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၇၂ ကယ်လိုရီပါဝင်ပါတယ်။ ထိုကယ်လိုရီများထဲတွင် ပရိုတင်းဓာတ်တွေ ရရှိနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြွက်သားဆဲလ်များ အားနည်းခြင်းကို ပြန်လည်အားဖြည့်ပေးဖို့အတွက် ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။ ကြက်ဥကတော့ သင့်ကြွက်သားအတွက် အကောင်းဆုံးလောင်စာပဲဖြစ်ပါတယ်။

အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

Source: foodprevent.com

ရှေးယခင်တုန်းကတော့ ကြက်ဥ စားသုံးခြင်းက အရိုးကျန်းမာရေးကို ထိခိုက်စေတယ်လို့ အယူရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ စမ်းသပ်လေ့လာချက်အရ ကြက်ဥရဲ့ ပရိုတင်းပမာဏက အရိုးသိပ်သည်းဆအတွက် အထောက်အကူပြုပေးနိုင်တယ်ဆိုတာပါပဲ။

မျက်လုံး အားကောင်းစေခြင်း

Source: medimetry.com

ကြက်ဥမှာ မျက်လုံးကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့ Lutein နဲ့ Zeaxanthin ဆိုတဲ့ Antioxidants များ ပါဝင်ပါတယ်။ မျက်ကြည်လွှာမှာ စုဝေးနေတဲ့ ထိုစွမ်းအားပြင်း Antioxidants များက မျက်စိကို ထိခိုက်စေတဲ့ ဘယ်လိုဖြစ်စဉ်မျိုးကိုမဆို တိုက်ထုတ်ပေးဖို့ အသင့်ရှိနေကြတာပါ။

မကြာခဏ အစားစားချင်စိတ်ကို လျှော့ချပေးခြင်း

Source: eatthis.com

အစားအသောက်က လူတိုင်းအတွက် အာဟာရဖြစ်စေပါတယ်။ ဒါပေမဲ့ မရပ်မနားနဲ့ တရစပ်စားသုံးနေမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ ကြက်ဥကို စားသုံးပေးမယ်ဆိုရင်တော့ ခဏခဏ ဗိုက်ဆာတဲ့ဒဏ်က ကင်းဝေးမှာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဥထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဗိုက်ပြည့်မြန်စေပြီး မရပ်မနားအစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

အချိန်ကုန်ခြင်းကို သက်သာစေပြီး စွမ်းအင်ပြည့်ဝစေခြင်း

Source: foodprevent.com

ကြက်ဥကို ကြော်ပဲ စားစား၊ ပြုတ်ပဲစားစား ချက်ပြုတ်ပြင်ဆင်ရတာ လွယ်ကူသက်သာတဲ့အတွက်ကြောင့် မအားမလပ်တဲ့သူတွေအနေနဲ့ ကြက်ဥက အသင့်တော်ဆုံးပါပဲ။ ဒါတင်မကသေးပါဘူး၊ မနက်ခင်းမှာ ကြက်ဥစားသုံးခြင်းက တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေအောင် ကူညီပေးပါလိမ့်မယ်။

ဒီလို ကောင်းကျိုးတွေ အများကြီးရနေမှတော့ ကြက်ဥကို တစ်နေ့ ၃ လုံး မှန်မှန်စားသင့်တယ်မဟုတ်လား။