ကျန်းမာခြင်းနဲ့ ပြည့်စုံစေဖို့ အမြင်တွေ ရှိလာတဲ့ အခါ လူတိုင်းနီးပါးဟာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဦးစားပေး စားလာကြပါတယ်။ အသီးအနှံတွေဟာ အသားအရေကို စိုပြည်စေခြင်း၊ ကင်ဆာဆဲလ်တွေကို ကာကွယ်နိုင်ခြင်းနဲ့ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကို တားဆီးပေးခြင်း အစရှိတဲ့ အကြောင်းအရာတွေကြောင့် ပိုပြီး စားလာကြပါတယ်။
အသီးအနှံစားဖို့ အကောင်းဆုံးအချိန်
ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရကို ရစေဖို့ဆိုရင် အသီးတွေကို သူ့အချိန်နဲ့ သူ စားပေးရပါမယ်။
မနက်ခင်း
Source: Pixabay
မနက်ခင်းတွေမှာ အသီးစားခြင်းဟာ အစာကို ကြေလွယ်ပြီး ကိုယ်အလေးချိန် ထိန်းသူတွေ အတွက်လည်း အဆင်ပြေဆုံး အချိန်ပါပဲ။ မနက်ခင်း ဘာအစားအစာမှ မစားရသေးခင် အချိန်ဟာ အသီးစားဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒီအချိန်မှာပဲ ကိုယ်နဲ့ သင့်တော်မယ့် အသီးကို ရွေးချယ်ပြီး စားလို့ ရပါတယ်။ ဥပမာ ကိုယ်အလေးချိန် ထိန်းသူဆိုရင် ပန်းသီး၊ ငှက်ပျောသီး စသဖြင့် အသီးတွေကို စားရပါမယ်။ ဆီးချိုသမားတွေ အတွက်ဆိုရင် သင်္ဘောသီး စားရပါမယ်။
နေ့လည်စာ စားအပြီး
Source: livestrong.com
အသီးစားဖို့ နောက်ထပ် အကောင်းဆုံး အချိန်ကတော့ နေ့လည်အချိန်ပါပဲ။ နေ့လည်စာ စားပြီးချိန်နဲ့လည်း အနည်းငယ် ဝေးရပါမယ်။ ဗိုက်ထဲ နေ့လည်စာတွေ ကြေလောက်တဲ့ အချိန်ပေါ့။ ဗိုက်ဆာလာတဲ့ ခံစားချက်ကို ခံစားရတယ်ဆိုရင် နေ့လည်တွေမှာ အသီးစားပေးလိုက်ပါ။ နေ့လည်စာ စားပြီးချိန်နဲ့ အနည်းဆုံး မိနစ် ၃၀ ခွာ စားပါ။
လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီး
Source: parlons-maladie.fr
လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီး ချိန်တွေမှာ အသီးတွေကို စားပေးရင် ကျန်းမာရေးနဲ့ ညီညွှတ်စေပြီး လိုအပ်တဲ့ သတ္တုဓာတ်တွေကို ရစေနိုင်ပါတယ်။ စားရမယ့် အသီးတွေကတော့ ကိုယ်နဲ့ ကိုက်ညီမယ့် အသီးကို ရှာစားပါ။ ဥပမာ လေ့ကျင့်ခန်း မလုပ်ခင် စားရမယ့် အသီးတို့ ပြုလုပ်ပြီးချိန် စားရမယ့် အသီးဆိုပြီး ရှိပါတယ်။ ဒါတွေကို သေချာ ဖတ်ပြီး စားပါ။
အသီးအနှံ စားဖို့ အဆိုးဆုံး အချိန်ကတော့ ညအိပ်ယာ မဝင်ခင် အချိန်တွေပါ။ အသီးတွေကို အိပ်ခါနီး စားတဲ့ အခါ အစာကြေညက်ဖို့ ခက်ခဲသွားစေတဲ့ အတွက် အစာအိမ်အတွက်နဲ့ ကိုယ်အတွက် မကောင်းတော့ပါဘူး။ အနည်းဆုံးတော့ အိပ်ယာ မဝင်ခင် ၃နာရီ အလိုမှာ စားသင့်ပါတယ်။