တခါတလေကျရင် တခြားသူတွေကို ခြင်မကိုက်ဘဲ သင့်ကိုချည်းဘဲ ခြင်တွေ ဖိကိုက်နေတာမျိုး ကြုံဖူးမှာပါ။ ခြင်ကိုက်ခံရတာနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်မှုတွေလည်း အများ ကြီးလုပ်ခဲ့ကြပါတယ်။

ခန္ဓာကိုယ်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုများသူများ၊ ဘီယာ သောက်သုံးသူတွေ၊ အချိုကြိုက်နှစ်သက်သူများကို ခြင်က ပိုပြီး ကိုက်လေ့ရှိပါတယ်။

တခါတလေ မျိုးရိုးဗီဇနဲ့ ခန္ဓာကိုယ်ရဲ့ ဓာတုဗေဒဖြစ်စဉ်တွေ အပေါ်လည်း မူတည်နေပါသေးတယ်။

mosquito_0216

ခြင်တွေ ဘယ်လို သွေးစုပ်လဲ

ခြင်တွေက ဥဥဖို့ သွေးလိုတာကြောင့် ခြင်မတွေချည်း လူတွေကို ကိုက်ကြတာဖြစ်ပါတယ်။ ခြင်တွေက သွေးလိုချင်ရင် ဘယ်လိုရှာကြသလဲ။ ခြင်တွေက သူတို့ ဥဥဖို့အတွက် အကောင်းဆုံး သွေးကို လိုချင်ကြပါတယ်။ သူတို့က ဓာတုဓာတ်ပစ္စည်းတွေနဲ့ သေးငယ်တဲ့ ပိုးမွှား (Microbes) ကို ထုတ်ပြီး သူတို့ ဥနဲ့ အလိုက်ဖက်ဆုံး သွေးကို ရရှိနိုင်မယ့် ခန္ဓာကိုယ်အနံ့ကို ရှာကြပါတယ်။ လူတွရဲ့ ခန္ဓာကိုယ်အနံ့ကို မီတာ ၃၀လောက်ကနေ ခြင်တွေက ရရှိနိုင်ပါတယ်။

သွေးအမျိုးအစား

Unknown

အို သွေးအမျိုးအစား ပိုင်ရှင်တွေက အေ သွေးအမျိုးအစား ပိုင်ရှင်တွေထက် ခြင်ကိုက်ခံရမှု ၂ ဆနီးပါး များနိုင်ပါတယ်။ ခြင်တွေက လွှတ်ထုတ်လိုက်တဲ့ ဓာတုပစ္စည်းတွေနဲ့ သင် ဘာသွေးအမျိုးအစားလဲဆိုတာ ထောက်လှမ်းနိုင်ပါတယ်။

Lactic အက်ဆစ်

intro-yogurt-600x450-TS-156989737

သင့်ခန္ဓာကိုယ်ထဲမှ Lactic အက်ဆစ်ဓာတ်များနေရင် ခြင်တွေကို ဆွဲဆောင်နေတာဘဲဖြစ်ပါတယ်။ ချီစ်၊ ဒိန်ချဉ်၊ ချဉ်တဲ့ အရွက်တွေစားသုံးပြီး အားကစားလုပ်ရင် အသားအရေမှာ lactic အက်ဆစ်ဓာတ်တွေများပြားနေကာ ခြင်တွေကို ပိုဆွဲဆောင်နိုင်ပါတယ်။

အဝတ်အစား

images

အမည်းရောင်အဝတ်အစား ဝတ်ရင် ခြင်ခိုအောင်းမှုများပြီး ခြင်ပိုကိုက်စေပါတယ်။

ခြင်ကိုက်ခံရမှုနည်းအောင်

213855-01-650-a542d8629a-1484634137

ခြင်ကိုက်ခံရနိုင်မယ့် နေရာတွေမှာ အဝတ်တွေ ဖုံးအုပ်ထားပါ။ ဥပမာ အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်ဝတ်ဆင်ပါ။ သင့်ခြံထဲမှာ ခြင်ပြေးနိုင်တဲ့ အပင်တွေ စိုက်ထားပါ။ စိုစွတ်ပြီး မှောင်ရည်ပျိုးနေတဲ့ ညနေခင်းမှာ အပြင်မထွက်ပါနဲ့။ ခြင်ထွက်ချိန်ဖြစ်တာကြောင့် အိမ်တံခါးများကိုလည်း ပိတ်ထားပါ။ ဒီလိုလုပ်ဆောင်နေပေမယ့်လည်း ခြင်ကိုက်ခံရမှုကို ၁၀၀ ရာခိုင်နှုန်းအပြည့်မကာကွယ်နိုင်ပေမယ့် လျှော့ချနိုင်ပါတယ်။