ကလေးတွေကျောင်းသွားတဲ့အခါ စာသင်ယူရတာအပါအ၀င် တခြားကဏ္ဍတွေအများကြီးလုပ်ဆောင်ရတာက သူတို့လေးတွေရဲ့ အားအင်တွေကို ကုန်ခမ်းစေပါတယ်။ ဒီလို ကုန်ခမ်း ပင်ပန်းနေချိန်မှာတော့ အာဟာရအားအင်းပြည့်ဝတဲ့ နေ့လယ်စာထမင်းဗူးက အရေးကြီးပါတယ်။

အာဟာရ ပြည့်ပြည့်၀၀ စားသုံးပေးတာက ကလေးတွေရဲ့ ဥာဏ်ရည်နဲ့ ခန္ဓာကိုယ်ပါ ဖွံ့ဖြိုးဖို့ စေပါတယ်။ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးတွေမှာ ခန္ဓာကိုယ်ရော၊ ဥာဏ်ရည်ပါ ဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်တာကြောင့် ကောင်းမွန်စွာ စားသောက်နေထိုင်မှုကလည်း အရေးကြီးပါတယ်။ အဟာရ ပြည့်ပြည့်၀၀ မစားသုံးရတဲ့ကလေးဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နိုင်ပြီး အဲဒီဓာတ်တွေဟာ သူတို့ ခန္ဓာကိုယ်နဲ့ ဥာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် အဓိက ကျတဲ့ ဓာတ်တွေဖြစ်ပါတယ်။

ကျောင်းနေအရွယ်ကလေးတွေက အဆာပြေစာတွေလည်း စားသုံးလေ့ရှိတာကြောင့် သူတို့ ထမင်းဘူးထဲမှာ ထမင်းဟင်းတွေအပြင် သူတို့ ကြိုက်နှစ်သက်တဲ့ အသီးတွေ၊ အရွက်တွေကိုပါ ထည့်ပေးရမှာပါ။ ဒါမှ ကျောင်းဈေးတန်းမှာရောင်းတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အသင့်စား မုန့်တွေ မ၀ယ်စားမိမှာပါ။

2

အသီးအနှံ

အဆာပြေစာအဖြစ် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားကောင်းအောင် ချက်ပြုတ်ပြင်ဆင်ပြီး ထည့်ပေးသင့်ပါတယ်။ အသီးအရွက်တွေမှာ ဗီတာမင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး အဆီပါဝင်မှု နည်းပါတယ်။ အဲ့ဒီအပြင် ကျောင်းသင်ခန်းစာများကို မအိပ်ငိုက်ဘဲ တက်ကြွလန်းဆန်းစွာ သင်ယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။

3

အိမ်မှာရှိတဲ့ သစ်သီးတစ်မျိုးမျိုးထည့်ပေးနိုင်ပါတယ်။ သစ်သီးတွေမှာ အဆီဓါတ်အနည်းငယ်သာပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ ဗီတာမင် C လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်အက်ဆစ်လည်းပါဝင်လို့ ကျန်းမာရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။

Milo Nutrition

MILO

ဒါ့အပြင် MILO တို့၊ နွားနိုတို့လို တခြား ဖျော်ရည်တွေကိုလည်း ထည့်ပေးသင့်ပါတယ်။ MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILO က ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။

ထမင်းဘူးလေးကို အမြင်လေးလှပြီး ကလေးရဲ့ စားချင်စိတ်ကို ဖမ်းစားနိုင်ဖို့ ချစ်စဖွယ်လေး ပြင်ဆင်ထည့်ပေးလိုက်ပါနော်။

ငါးကြော်နဲ့ ထမင်း (ကလေးတို့အတွက် အာဟာရအင်အားပြည့်ဝတဲ့ နေ့လည်စာ)