ကျန်းမာကြံ့ခိုင်သည့်ကိုယ်ခန္ဓာနှင့် ဝင်းလက်တောက်ပသောအသားအရေကို ရရှိဖို့ဆိုတာ လူတိုင်းလူတိုင်းရဲ့ လိုအင်ဆန္ဒတစ်ခုပါ။ အချိုးအစားညီမျှသည့် Diet က အလွန်သိသာမှုရှိတဲ့ကွဲပြားခြားနားမှုကိုဖြစ်စေနိုင်သလို လူအများကလည်း ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့ အစားအစာများကို စားသောက်ဖို့ ကြိုးစားလာနေကြပါတယ်။

ယနေ့အချိန်မှာ မထင်မှတ်ထားနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ carbonated အအေးများထက် လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံဖျော်ရည်တွေကို သောက်သုံးလာနေကြပါတယ်။ ထိုအထဲမှာမှ ယခုတခါ ဖော်ပြပေးချင်တဲ့ ဖျော်ရည်တစ်ခွက်ကတော့ အာဟာရဓာတ်များအမျိုးမျိုးပြည့်ဝတဲ့ ဂျင်းနှင့်မုန်လာဥနီဖျော်ရည်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

မုန်လာဥနီ – လေးလုံး သို့မဟုတ် ငါးလုံး

ဂျင်း – တစ်တက်

သံပယိုသီး – တစ်ခြမ်း

သစ်ကြံပိုးခေါက်မှုန့် (နှစ်သက်သလောက်)

ဆား (နှစ်သက်သလောက်)

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

လတ်ဆတ်သောဂျင်းမုန်လာဖျော်ရည်တစ်ခွက်ပြုလုပ်ပုံအဆင့်ဆင့်မှာ

၁။ မုန်လာဥနီကိုအခွံခွာ၊ ရေဆေးပြီး ခြောက်အောင်ထားပါ။

၂။ ဂျင်းကိုလည်း အခွံခွာပြီး ပြောင်စင်အောင်ရေဆေးပါ။

၃။ မုန်လာဥနီများကို ဖျော်စက်ထဲထည့်ပါ။

၄။ ဂျင်းစိတ်ကိုလည်း ဖျော်စက်ထဲထည့်ပေးပါ။

၅။ ရရှိလာသည့်ဖျော်ရည်ကို ခွက်ထဲပြောင်းထည့်ပါ။

၆။ သံပယိုသီးတစ်ခြမ်းကို ဂျင်းမုန်လာဥနီဖျော်ရည်ထဲ ညှစ်ထည့်ပေးပါ။

၇။ ဆား သို့မဟုတ် သစ်ကြံပိုးခေါက် ထဲမှ သင်ကြိုက်နှစ်သက်သည့် အရသာကို ရွေးချယ်ပြီး အနည်းငယ်ထည့်သွင်းပါ။

ဂျင်းမုန်လာဥနီဖျော်ရည်သည် ကိုယ်ခံစွမ်းအားနှင့် အသားအရေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတာကြောင့် နေ့စဉ်နေ့တိုင်း မနက်စာစားနေစဉ် ထည့်သွင်းသောက်သုံးပေးပါ။