[Unicode]

မုန်လာဥနီများက အစိမ်းစားလို့လည်း ရသလို၊ ဖျော်ရည်ပဲ ဖျော်သောက်မလား၊ ကြော်စား ချက်စားလို့လည်း ရတာကြောင့် နေ့စဉ်မှန်မှန်စားသုံးသင့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ လူသိအများဆုံး အထင်ရှားဆုံး အကျိုးကျေးဇူးတစ်ခုကတော့ အမြင်အာရုံကို ကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။

ဒါပေမဲ့ လူသိမများသေးတဲ့ အကျိုးကျေးဇူးတွေလည်း အမြောက်အမြားကျန်ရှိနေသေးတာကြောင့် ထိုအကျိုးကျေးဇူးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးအမြောက်အမြားကို သိရှိပြီးနောက်မှာတော့ ဟင်းသီးဟင်းရွက်ဝယ်တိုင်း မုန်လာဥနီကို မမေ့မလျော့ဝယ်ဖြစ်မှာပဲဖြစ်ပါတယ်။

၁။ သွားနှင့် သွားဖုံးကို သန့်ရှင်းပေးခြင်း

Source: Shutterstock

သဘာဝသွားတိုက်ဆေးအဖြစ် စွမ်းဆောင်ပေးနိုင်တဲ့ စူပါအစားအစာတွေအနက် မုန်လာဥကလည်း တစ်ခုအပါအဝင်ပါပဲ။ သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်များနဲ့ သွားချေးများကို ဖယ်ရှားပေးတဲ့ မုန်လာဥအစွမ်းက အံ့မခန်းပါပဲ။ အစားစားပြီး ချက်ချင်းသွားတိုက်ခြင်းက သွားနဲ့ သွားဖုံးကို ထိခိုက်စေနိုင်ပေမယ့် အစားစားပြီးတိုင်း မုန်လာဥနီဝါးစားခြင်းက သွားဝါခြင်းကို လျော့ချပေးပြီး သွားများကို သန့်ရှင်းစင်ကြယ်စေပါတယ်။

၂။ အမြင်အာရုံကောင်းမွန်စေခြင်း

Source: Shutterstock

မျက်လုံးအားကောင်းဖို့အတွက်အတွက် ဗီတာမင် အေက မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင်ပဲဖြစ်ပါတယ်။ မုန်လာဥနီက ဗီတာမင်အေ ကြွယ်ဝတဲ့အတွက်ကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ အသက်ကြီးလာလို့ အမြင်အာရုံဝေဝါးခြင်းမှ ကာကွယ်ပေးပြီး မျက်မှန်သမားတွေ အားထားသင့်တဲ့စူပါအစားအစာတစ်ခုပဲဖြစ်ပါတယ်။

၃။ အသားအရေ တောက်ပစေခြင်း

Source: Shutterstock

အသက်အရွယ်ကြောင့် သင့် အသားအရေက ညိုညစ်ညစ်ဖြစ်လာခဲ့ရင် မုန်လာဥနီကိုသာ သတိရလိုက်ပါ။ ငယ်ရွယ်သူတွေအနေနဲ့ မိမိအသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ချင်တယ်ဆိုရင် ဗီတာမင် အေနဲ့ Antioxidants တို့ ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီကို မှန်မှန်မှီဝဲပေးရပါမယ်။ ဖျော်ရည် ဖျော်သောက်ခြင်း၊ စားသုံးခြင်းအပြင် မုန်လာဥအနှစ်ကို မျက်နှာပေါ် လိမ်းကျံပြီး ပေါင်းတင်မယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်းနဲ့ ဝက်ခြံ၊ အမဲစက်တို့ကို ကာကွယ်ပေးပါတယ်။

၄။ ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း

Source: Shutterstock

မုန်လာဥနီမှာ Beta-Carotene လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး ထိုဓာတ်က အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အရ သိရှိရပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တစ်ခုအရ မုန်လာဥနီ မှန်မှန်စားသုံးတဲ့ ဆေးလိပ်သောက်သုံးသူက မုန်လာဥနီမစားတဲ့ ဆေးလိပ်သောက်သုံးသူထက် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းကို သုံးဆလျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

[Zawgyi]

မုန္လာဥနီမ်ားက အစိမ္းစားလို႔လည္း ရသလို၊ ေဖ်ာ္ရည္ပဲ ေဖ်ာ္ေသာက္မလား၊ ေၾကာ္စား ခ်က္စားလို႔လည္း ရတာေၾကာင့္ ေန႔စဥ္မွန္မွန္စားသံုးသင့္တဲ့အစားအစာတစ္ခုပဲျဖစ္ပါတယ္။ သူ႔ရဲ႕ လူသိအမ်ားဆံုး အထင္႐ွားဆံုး အက်ိဳးေက်းဇူးတစ္ခုကေတာ့ အျမင္အာ႐ံုကို ေကာင္းမြန္ေစျခင္းပဲျဖစ္ပါတယ္။

ဒါေပမဲ့ လူသိမမ်ားေသးတဲ့ အက်ိဳးေက်းဇူးေတြလည္း အေျမာက္အျမားက်န္႐ွိေနေသးတာေၾကာင့္ ထိုအက်ိဳးေက်းဇူးေတြကိုလည္း ေဖာ္ျပေပးလိုက္ရပါတယ္။ သူ႔ရဲ႕ အက်ိဳးေက်းဇူးအေျမာက္အျမားကို သိ႐ွိၿပီးေနာက္မွာေတာ့ ဟင္းသီးဟင္းရြက္ဝယ္တိုင္း မုန္လာဥနီကို မေမ့မေလ်ာ့ဝယ္ျဖစ္မွာပဲျဖစ္ပါတယ္။

၁။ သြားႏွင့္ သြားဖံုးကို သန္႔႐ွင္းေပးျခင္း

Source: Shutterstock

သဘာဝသြားတိုက္ေဆးအျဖစ္ စြမ္းေဆာင္ေပးႏိုင္တဲ့ စူပါအစားအစာေတြအနက္ မုန္လာဥကလည္း တစ္ခုအပါအဝင္ပါပဲ။ သြားၾကားထဲမွာ ကပ္ၿငိေနတဲ့ စားၾကြင္းစားက်န္မ်ားနဲ႔ သြားေခ်းမ်ားကို ဖယ္႐ွားေပးတဲ့ မုန္လာဥအစြမ္းက အံ့မခန္းပါပဲ။ အစားစားၿပီး ခ်က္ခ်င္းသြားတိုက္ျခင္းက သြားနဲ႔ သြားဖံုးကို ထိခိုက္ေစႏိုင္ေပမယ့္ အစားစားၿပီးတိုင္း မုန္လာဥနီဝါးစားျခင္းက သြားဝါျခင္းကို ေလ်ာ့ခ်ေပးၿပီး သြားမ်ားကို သန္႔႐ွင္းစင္ၾကယ္ေစပါတယ္။

၂။ အျမင္အာ႐ံုေကာင္းမြန္ေစျခင္း

Source: Shutterstock

မ်က္လံုးအားေကာင္းဖို႔အတြက္အတြက္ ဗီတာမင္ ေအက မ႐ွိမျဖစ္ အေရးႀကီးတဲ့ ဗီတာမင္ပဲျဖစ္ပါတယ္။ မုန္လာဥနီက ဗီတာမင္ေအ ၾကြယ္ဝတဲ့အတြက္ေၾကာင့္ ေန႔စဥ္မွန္မွန္စားသံုးေပးမယ္ဆိုရင္ေတာ့ အသက္ႀကီးလာလို႔ အျမင္အာ႐ံုေဝဝါးျခင္းမွ ကာကြယ္ေပးၿပီး မ်က္မွန္သမားေတြ အားထားသင့္တဲ့စူပါအစားအစာတစ္ခုပဲျဖစ္ပါတယ္။

၃။ အသားအေရ ေတာက္ပေစျခင္း

Source: Shutterstock

အသက္အရြယ္ေၾကာင့္ သင့္ အသားအေရက ညိဳညစ္ညစ္ျဖစ္လာခဲ့ရင္ မုန္လာဥနီကိုသာ သတိရလိုက္ပါ။ ငယ္ရြယ္သူေတြအေနနဲ႔ မိမိအသားအေရကို ေနေလာင္ဒဏ္မွ ကာကြယ္ခ်င္တယ္ဆိုရင္ ဗီတာမင္ ေအနဲ႔ Antioxidants တို႔ ၾကြယ္ဝစြာပါဝင္တဲ့ မုန္လာဥနီကို မွန္မွန္မွီဝဲေပးရပါမယ္။ ေဖ်ာ္ရည္ ေဖ်ာ္ေသာက္ျခင္း၊ စားသံုးျခင္းအျပင္ မုန္လာဥအႏွစ္ကို မ်က္နွာေပၚ လိမ္းက်ံၿပီး ေပါင္းတင္မယ္ဆိုရင္ အသားအေရေျခာက္ေသြ႔ျခင္းနဲ႔ ဝက္ၿခံ၊ အမဲစက္တို႔ကို ကာကြယ္ေပးပါတယ္။

၄။ ကင္ဆာေရာဂါမွ ကာကြယ္ေပးျခင္း

Source: Shutterstock

မုန္လာဥနီမွာ Beta-Carotene လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ၿပီး ထိုဓာတ္က အူမႀကီးကင္ဆာ ျဖစ္ပြားႏႈန္းကို ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ ေလ့လာေတြ႔႐ွိခ်က္အရ သိ႐ွိရပါတယ္။ ေနာက္ထပ္ေလ့လာေတြ႔႐ွိခ်က္တစ္ခုအရ မုန္လာဥနီ မွန္မွန္စားသံုးတဲ့ ေဆးလိပ္ေသာက္သံုးသူက မုန္လာဥနီမစားတဲ့ ေဆးလိပ္ေသာက္သံုးသူထက္ အဆုတ္ကင္ဆာ ျဖစ္ပြားႏႈန္းကို သံုးဆေလ်ာ့ခ်ေပးႏိုင္တယ္လို႔ သိ႐ွိရပါတယ္။