ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ လက်တွေ ခြေထောက်တွေ အလွှားကွာခြင်းကို ကာကွယ်ဖို့ အတွက် အကောင်းဆုံး အိမ်တွင်း နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ.်။

အာလူး

အာလူးကို ပါးပါးလှီးပါ။ ဆားအနည်းငယ် အပေါ်မှာ ပုံပေးပါ။ လက်တွေ ခြေတွေကို ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။

အုတ်ဂျုံ

အုတ်ဂျုံကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး လက်ချောင်း ခြေချောင်းတွေပေါ်မှာ အုံထားပေးပါ။ ပြီးရင် အလှဆီလေး လိမ်းပေးပါ။

ကြက်သွန်နီ

ကြက်သွန်နီကို လေးစိပ်စိပ်ပြီး ဖြစ်တတ်နေရာတွေကို သုတ်လိမ်းပေးပါ။ ကြက်သွန်နီ အရည်ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်တဲ့ အတွက် အသွား
ကွာခြင်းကို ကာကွယ်ပေးပါတယ်။

ရေနွေးနဲ့ဆား

ရေခပ်နွေးနွေးကို ဇလုံ တစ်ခုထဲ ထည့်ပါ။ ဆားအနည်းငယ် ထည့်ပြီး ၁၀-၁၅ မိနစ်လောက် စိမ်ထားပေးပါ။ လက်တွေ ခြေတွေကို ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။

ငရုတ်ကောင်း

လက်ချောင်းခြား၊ ခြေချောင်းခြားတွေကို ငရုပ်ကောင်းမှုန့် အနည်းငယ်စီ ထည့်ပေးပါ။ ခဏထားပြီး ရေဆေးပစ်ပါ။

Ref:zeenews