[Unicode]

ဒီအချိန် ဈေးသွားလို့ကတော့ ဗုံလုံသီးတွေ ပေါမှပေါပဲနော်။ မြွေပုံစံမို့လို့ အိင်္ဂလိပ်လိုဆို snake gourd လို့ခေါ်ပြီး မြန်မာလိုတော့ ပဲလင်းမြွေသီးလို့ ခေါ်ပါတယ်။ အပူငြိမ်းစေတဲ့ ရာသီစာဖြစ်လို့ ဒီအချိန် ဗုံလုံသီးချက်စားမယ့် စာဖတ်သူတို့အတွက် ဗုံလုံသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

Snake-Gourds

ဆီးချိုအတွက်ကောင်းမွန်တယ်။

Control-Diabetes-And-Cholesterol

ဗုံလုံသီးဟာ ဆီးချိုသမားတွေ စားသုံးဖို့သင့်တော်တဲ့ ရာသီစာတစ်မျိုးဖြစ်ပါတယ်။ အဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ကလူးကို့စ်ပမာဏ ကိုထိန်းပေးလို့ ဆီးချိုကျစေပါတယ်။

အစာချေစနစ်

Detoxify-Liver

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တာကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး

Improves-Cardiovascular-Health

အိန္ဒိယနိုင်ငံက သွေးတိုးရောဂါရှိတဲ့သူတွေဆို ဗုံလုံသီးကိုစားသုံးပေးကြပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးသွေးကြောကိုကျန်းမာစေပါတယ်။ ပိုတ်ကဆီယမ်ပါဝင်လို့ နှလုံးရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ နှလုံးကိုလည်း အားကောင်းစေလို့ နှလုံးဝေဒနာရှင်တွေ စားပေးသင့်တဲ့ အသီါ်ပါ။

ချွဲ၊ သလိပ် ပျော်စေခြင်း

ဗုံလုံသီးဟာ ချွဲ၊ သလိပ်ကို ပျော်စေတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး ရေဓာတ်ခမ်းခြောက်ခြင်း အသားအရေ ခမ်းခြောက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်မြင့်တင်ပေးခြင်း

ဗီတာမင်နဲ့ Antioxidant Carotenes ပါဝင်လို့ ကျန်းမာရေးအတွက်အထူးကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။

အသာဝါသက်သာစေခြင်း

Treating-Jaundice

ဗုံလုံသီးကို စားပေးရင် အသားဝါတာလည်း သက်သာစေပါတယ်။ ဗုံလုံသီးအရွက်ကို အသားဝါအတွက် အသုံးပြုကြပါတယ်။ ဗုံလုံရွက်ကို နံနံစေ့နဲ့ရောပြီး ပြုတ်ထားတဲ့အရည်ကို ခန္ဓာကိုယ်အနှံ့လိမ်းပေးမယ်ဆိုရင်လည်း အသားဝါကို ကုသပေးနိုင်ပါတယ်။

ကျောက်ကပ်ကျန်းမာရေး

snake-gourd

ဗုံလုံသီးဟာ ဆီးသွားမှန်စေပြီး ကျောက်ကပ်ကိုကျန်းမာစေပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့လည်း အသည်းကိုကျန်းမာစေပါတယ်။

[Zawgyi]

ဒီအခ်ိန္ ေစ်းသြားလို႔ကေတာ့ ဗံုလံုသီးေတြ ေပါမွေပါပဲေနာ္။ ေျမြပံုစံမို႔လို႔ အိဂၤလိပ္လိုဆို snake gourd လို႔ေခၚၿပီး ျမန္မာလိုေတာ့ ပဲလင္းေျမြသီးလို႔ ေခၚပါတယ္။ အပူၿငိမ္းေစတဲ့ ရာသီစာျဖစ္လို႔ ဒီအခ်ိန္ ဗံုလံုသီးခ်က္စားမယ့္ စာဖတ္သူတို႔အတြက္ ဗံုလံုသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

Snake-Gourds

ဆီးခ်ိဳအတြက္ေကာင္းမြန္တယ္။

Control-Diabetes-And-Cholesterol

ဗံုလံုသီးဟာ ဆီးခ်ိဳသမားေတြ စားသံုးဖို႔သင့္ေတာ္တဲ့ ရာသီစာတစ္မ်ိဳးျဖစ္ပါတယ္။ အဟာရဓာတ္ၾကြယ္၀စြာပါ၀င္ၿပီး ကယ္လိုရီပါ၀င္မႈနည္းပါတယ္။ အမွ်င္ဓာတ္ၾကြယ္၀ၿပီး ကလူးကို႕စ္ပမာဏ ကိုထိန္းေပးလို႔ ဆီးခ်ိဳက်ေစပါတယ္။

အစာေခ်စနစ္

Detoxify-Liver

အမွ်င္ဓာတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ ၀မ္းခ်ဳပ္တာကို အေကာင္းဆံုးကာကြယ္ေပးႏိုင္ပါတယ္။

ႏွလံုးေသြးေၾကာဆိုင္ရာ က်န္းမာေရး

Improves-Cardiovascular-Health

အိႏၵိယႏိုင္ငံက ေသြးတိုးေရာဂါရွိတဲ့သူေတြဆို ဗံုလံုသီးကိုစားသံုးေပးၾကပါတယ္။ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး ႏွလံုးေသြးေၾကာကိုက်န္းမာေစပါတယ္။ ပိုတ္ကဆီယမ္ပါ၀င္လို႔ ႏွလံုးရဲ့ လုပ္ေဆာင္ခ်က္ကို ေကာင္းမြန္ေစပါတယ္။ ႏွလံုးကိုလည္း အားေကာင္းေစလို႔ ႏွလံုးေ၀ဒနာရွင္ေတြ စားေပးသင့္တဲ့ အသီၚပါ။

ခၽြဲ၊ သလိပ္ ေပ်ာ္ေစျခင္း

ဗံုလံုသီးဟာ ခၽြဲ၊ သလိပ္ကို ေပ်ာ္ေစတဲ့ အကိ်ဳးအာနိသင္ရွိပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးၿပီး ေရဓာတ္ခမ္းေျခာက္ျခင္း အသားအေရ ခမ္းေျခာက္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္ခံအားစနစ္ျမင့္တင္ေပးျခင္း

ဗီတာမင္နဲ႔ Antioxidant Carotenes ပါ၀င္လို႔ က်န္းမာေရးအတြက္အထူးေကာင္းမြန္ၿပီး ကိုယ္ခံအားစနစ္ကို ျမင့္တင္ေပးႏိုင္ပါတယ္။

အသာ၀ါသက္သာေစျခင္း

Treating-Jaundice

ဗံုလံုသီးကို စားေပးရင္ အသား၀ါတာလည္း သက္သာေစပါတယ္။ ဗံုလံုသီးအရြက္ကို အသား၀ါအတြက္ အသံုးျပဳၾကပါတယ္။ ဗံုလံုရြက္ကို နံနံေစ့နဲ႔ေရာၿပီး ျပဳတ္ထားတဲ့အရည္ကို ခႏၶာကိုယ္အႏွံ႔လိမ္းေပးမယ္ဆိုရင္လည္း အသား၀ါကို ကုသေပးႏိုင္ပါတယ္။

ေက်ာက္ကပ္က်န္းမာေရး

snake-gourd

ဗံုလံုသီးဟာ ဆီးသြားမွန္ေစၿပီး ေက်ာက္ကပ္ကိုက်န္းမာေစပါတယ္။ ခႏၶာကို္ယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးလို႔လည္း အသည္းကိုက်န္းမာေစပါတယ္။