ဂျာမဏီ နိုင်ငံမှာ အစားအသောက်တွေ မှာပြီး ကုန်အောင်မစားဘဲ ပစ်စလက်ခတ် ချန်သွားတဲ့ မြန်မာတွေကို (Social Security Guard)ရောက်ချလာပြီး
ဒဏ်ငွေ 50 Mark ဆောင်ခိုင်းပြီး ပြောသွားတဲ့ စကား;

” ခင်ဗျားတို့ စားနိုင်သလောက် အစားအသောက် ကြိုက်တာကို ကြိုက်သလောက် မှာစားလို့ရတယ်၊ ငွေကြေးဥစ္စာ ဆိုတာ ခင်ဗျားတို့ ပိုင်ဆိုင်တဲ့ အရာတော့ ဟုတ်တယ်၊ ဒါပေမဲ့ သံယံဇာတအရင်းအမြစ် ဆိုတာ အများပိုင်ဥစ္စာဖြစ်တယ်၊ ဆာလောင်မွတ်သိပ်နေတဲ့သူတွေ အများကြီးပဲ ရှိနေကြတယ်၊ခင်ဗျားတို့ သံယံဇာတတွေကိုတော့ ပစ်စလက်ခတ် လုပ်စရာအကြောင်းမရှိဘူး ” တဲ့။

သြော် ဒါကြောင့်လဲ ဂျာမနီ ဥရောပမှာ အချမ်းသာဆုံး အတိုးတက်ဆုံးဖြစ်တဲ့အပြင် ဒေဝါလီ ခံကာနီး ဒုက္ခရောက်နေတဲ့ ဂရိလိုနိုင်ငံတွေ ကယ်တင်နိုင်ခဲ့တယ် ။
ဆီးရီးယား လစ်ဗျားက စစ်ပြေး ဒုက္ခသည် တစ်သန်းလောက် လက်ခံပြီး ကျွေးထားနိုင်တယ် ။

မြန်မာတချို့ အစားအသောက် ကုန်အောင်စားရင် ခေတ်မမီဘူးထင်ကြတယ်။ (အလှူအိမ်တွေသွားကြည့် ပိုသိသာပါတယ်။)
အမျိုးသမီးလေးတွေဆိုရင် ပိုဆိုး…မြန်မာတွေ ပြင်ကြရမယ့် အကျင့်တွေကတော့ အများကြီးပါ ။

“Money is yours but resources belong to the society”

” ငွေက သင့်ငွေဖြစ်ပေမဲ့ သံယံဇာတ အရင်းအမြစ်က လူ့အဖွဲ့အစည်း ပိုင်ဖြစ်တယ် ”

ကိုးကား … Mr.Man (သတင်းထူးသတင်းဦးပေ့ချ်)

Credit: ထူးခြားဖြစ်စဉ် ၊ ပြောချင်လွန်းလို့