အိမ်ကကလေးလေးတွေ အဆာပြေစေားဖို့ အိမ်မှာမုန့်လုပ်ကျွေးချင်တဲ့ မေမေတွေအတွက် ဒီ Bacon Cheeseburger Bombs လေးက အဆင်ပြေမှာအသေချာပါ။

ပါဝင်ပစ္စည်းများ

  • Pillsbury Biscuits 1 လုံး (ဘီစကွတ် 10 လုံး)
  • နုပ်နုပ်စဥ်းထားတဲ့အမဲသား ၁ ပေါင်
  • ကြက်သွန်နီ ၁/၂ လုံးကို ပါးပါးလှီးထားပါ။
  • အရသာအတွက် Kosher ဆား
  • အရသာအတွက် ငရုတ်ကောင်းမှုန့်
  • ဘေကွန် ၃ ချပ်၊လှီးထားပါ။
  • Cream Cheese 1/3 ခွက်
  • ketchup 1 ဇွန်း
  • Barbecue Sauce 2 ဇွန်း
  • အဝါရောင်မုန်ညင်း 1 လက်ဖက်ရည်ဇွန်း
  • Worcestershire ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Cheddar Cheese 5 အောင်စ လှီးထားပါ။
    ကြက်ဥ ၁ လုံး
  • နှမ်းနည်းနည်း
  • Pickles ပါးပါးလှီးထားပါ။

ဒယ်အိုးကြီးတစ်ခုမှာ 375 F ဖြင့် မီးဖိုကိုအပူပေးကာ နုပ်နုပ်စဥ်းထားတဲ့အမဲသား၊ ဘေကွန်နဲ့ ကြက်သွန်နီတို့ကို တည်ထားပါ။ ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောနယ်ပါ။ ပိုနေတဲ့ အဆီတွေကို ဖယ်ထုတ်ပါ။ Cheddar Cheese၊ ketchup ၊ Barbecue Sauce ၊ မုန်ညင်းနဲ့ Worcestershire ငံပြာရည်ထည့်ပါ။ Cream Cheese အရည်ပျော်တဲ့အထိ မီးအေးအေးနဲ့ မွှေပေးပါ။

Pillsbury Biscuits ကို ပါးပါးလေးဖြစ်အောင် လှိမ့်လိုက်ပါ ။ အမဲသားအရောအနှောကို စားပွဲတင်ဇွန်း 2 ဇွန်း ထည့်ပြီး Cheddar Cheese 1 တုံး ထည့်ပါ။ အမဲသား/ဒိန်ခဲ ကိုလုံအောင် အနားသတ်များကို တင်းတင်းကျပ်ကျပ် အုပ်လိုက်ပါ။

မုန့်လုံးတွေကို မုန့်ဖုတ်ဗန်းပေါ်မှာတင်းပြီး နှမ်းဖြူးလိုက်ပါ။ အပေါ်ကနေ ကြက်ဥအကာကို သုတ်ပေးပါ။

Oven ထဲထည့်ပြီး အပူကို 350 F နဲ့ ဖုတ်ပေးပါ။ 13 မိနစ် 16 မိနစ် သို့မဟုတ် ပါးပါးညိုလာတဲ့အထိ ဖုတ်ပါ။