Cheese ၊ ကြက်ဥကြော် ၊ ဝက်ပေါင်ခြောက်တို့နဲ့လုပ်ထားတဲ့ ဟာဝိုင်အီ Sandwichက စားဖူးတဲ့လူတိုင်း သဘောကျမှာအသေချာပါ။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ 1 ဇွန်း
  • Spam ၁ ချပ်
  • ပေါင်မုန့်ဖြူ ၂ ချပ်
  • ကြက်ဥ ၁ လုံး
  • Mayonnaise 1 ဇွန်း
  • Cheese ၁ ချပ်

ပြုလုပ်ပုံအဆင့်အဆင့်

အရင်ဆုံး ဒယ်အိုးကို အလယ်အလတ်အပူချိန်နဲ့ တည်ထားပါ။ Spam ကို အညိုရောင်ပြောင်းလာတဲ့အထိ ကြော်ပေးပါ။ ပြီးရင် ဖယ်ထားပြီး အပူချိန်နဲ့ Cheese အရည်ပျော်သွားအောင် Cheese တင်လိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီထည့်ပါ။ကြက်ဥ ကြော်ပါ။ ကြက်ဥကြော်နေတုန်း ပေါင်မုန့်ဖြူကို မီးဖိုမှာ ၂ မိနစ်လောက် ကင်ပါ။

မီးကင်ထားတဲ့ ပေါင်မုန့်ကို Mayonnaise သုပ်ပြီး ကြော်ထားတဲ့ ကြက်ဥ ၊ Spam တို့ကို ထည့်ပြီးညှပ်လိုက်ပါ။