ဝက်သား ၊ အသီးအရွက်တွေနဲ့လိပ်ပြီး ကြွပ်နေအောင်ကြော်ထားတဲ့ Chinese Egg Rolls လေးက အာရှစတိုင်လ် သရေစာတစ်မျိုးပါ။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ 2 လက်ဖက်ရည်ဇွန်း
  • ဝက်သား ၃/၄ ပေါင်
  • အရသာအတွက် ဆား နှင့် ငရုတ်ကောင်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Coleslaw Mix ၃ ခွက်
  • လှီးထားတဲ့ ကြက်သွန်နီ ၁/၄ ခွက်
  • ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Egg Roll Wrappers ၁ ထုပ်
  • ကြက်ဥ ၁ လုံး မွှေထားပါ
  • ဆီ ( ကြော်ဖို့ )

ပြုလုပ်ပုံအဆင့်ဆင့်

ဒယ်အိုးကြီးတစ်လုံးထဲမှာ ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အလယ်အလတ်အပူချိန်နဲ့ အပူပေးပါ။ ဝက်သား၊ ဆား၊ ငရုတ်ကောင်းတို့ ထည့်ပြီး ညိုလာတဲ့အထိပြုတ်ပါ။ ညိုလာပြီဆို ကြက်သွန်ဖြူ နဲ့ ဂျင်း ထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်ပြုတ်ပါ။

Coleslaw Mix နဲ့ ကြက်သွန်နီထည့်ပြီး ဂေါ်ဖီနူးတဲ့အထိ ၃-၄ မိနစ် လောက်ချက်ပါ။ ပဲငံပြာရည်နဲ့ နှမ်းဆီထည့်ပြီး ခနဖယ်ထားပါ။ မွှေထားတဲ့ ကြက်ဥအကာကို Egg Roll Wrappers ပေါ်သုတ်ပြီး အစာကိုထည့်ပါ။ လိပ်ပြီးရင် မွှေထားတဲ့ ကြက်ဥအနှစ်ကို အနားသားတွေကပ်ဖို့သုံးပါ။

ဇောက်နက်တဲ့အိုးထဲ ဆီထည့်ပြီး ဆီကို 350 ဒီဂရီ အပူပေးပါ။ အညိုရောင်သန်းလာတဲ့အထိ ၃-၅ မိနစ်ခန့် ကြော်ပါ။ ကျက်သွားပြီဆိုရင်တော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။