သင်က ထိုင်းအစားအစာကို နှစ်သက်တယ်ဆိုရင် ဒီဟင်းလေးချက်စားကြည့်ပါ ။ဒီဟင်းကို လူတော်တော်များများက ပေါ့ပေါ့ပါးပါး အစားအစာလို့ သတ်မှတ်ထားကြပါတယ်။ အုန်းသီး သရက်သီး တို့နဲ့ချက်ထားတဲ့ ယိုးဒယားအမဲသားဟင်းကလည်း ချက်ရတာ တော်တော့်ကို လွယ်ကူတာမလို့ သင့်အတွက် ခက်ခဲမယ်မထင်ပါဘူး။

ပါဝင်ပစ္စည်းများ
မြေပဲဆီ (သို့) canola ဆီ 2 ဇွန်း
ငရုတ်သီးအနီအနှစ် ၃ ဇွန်း
အုန်းနို့ 2-1/2 ခွက်
အရိုးမပါတဲ့ အမဲသားကိုကင်ထားတဲ့ ၁လက်မ ၂-၁/၂ ပေါင် အတုံးများ
လှီးထားတဲ့ သရက်သီးခြောက် ၁ ခွက်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

မီးဖိုတစ်ခုမှာ မြေပဲဆီကို မီးနည်းနည်းနဲ့အပူပေးပါ။ ငရုတ်သီးအနီအနှစ်ထည့်ပြီး 3-5 မိနစ်လောက် မွှေပေးပါ။ ပြီးရင် အုန်းနို့ထပ်ထည့်ပြီး 3-5 မိနစ်ကြာအောင် ထပ်မွှေပေးပါ။

အမဲသား၊သရက်သီး၊ဆားနဲ့ ငရုတ်ကောင်းကို ရောမွှေပါ။ မီးကို မြင့်ပြီး ဆူအောင်တည်ပါ။

ပွက်လာပြီဆို မီးနည်းနည်းလျှော့ပြီး အသားများ နူးညံ့လတဲ့အထိ ၂ နာရီလောက်ကြာအောင် အဖုံးအုပ်တည်ပြီး ခဏခဏမွှေပေးပါ။

ကျက်ပြီဆိုရင် တကယ်ရသာရှိတဲ့ အုန်းသီး သရက်သီး တို့နဲ့ချက်ထားတဲ့ ယိုးဒယားအမဲသားဟင်းလေး ရပါပြီ။