ညစာအတွက် ချက်ရတာလွယ်ပြီး အချိန်ကုန်သက်သာတဲ့ဟင်းရှာနေတယ်ဆိုရင် ဒီဟင်းကိုချက်ကြည့်ပါ။ ဒီဝက်သားမွှေကြော်က တကယ်ကို ပြီးပြည့်စုံတဲ့ ညစာပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သားနုပ်နုပ်စဉ်း ၁ ပေါင် (ဝက်သားမှုန့်)
  • ဆီ 3 ဇွန်း
  • နုပ်နုပ်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • လတ်ဆတ်သော အနီရောင်ငရုတ်ပွ 1 တောင့် ကို အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။
  • နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ ခွက်တစ်ဝက်
  • သကြားအညို စားပွဲတင်ဇွန်း ၂ ဇွန်း (သို့မဟုတ် ) အရသာပိုချိုအောင် စိတ်ကြိုက်ထည့်ပါ။
  • ဗီယက်နမ်ငါးငံပြာရည် ၂ ဇွန်း
  • Zest နည်းနည်း
  • သံပုရာသီး ၁ စိတ် (လတ်လတ်ဆတ်ဆတ် ညှစ်ထားပါ)
  • ကြက်သွန်မြိတ် (အဖြူ နဲ့ အစိမ်း အပိုင်းများကို ပါးပါးလှီးထားပါ)
  • ဆားနဲ့ ငရုတ်ကောင်း (အရသာအတွက်)၊

ပြုလုပ်နည်းအဆင့်ဆင့်

  • ဒယ်အိုးကြီးတစ်လုံးထဲမှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့်ကို အပူပေးပါ။ ဝက်သားကိုထည့်ပြီး 1 မိနစ်ခန့်ပြုတ်ပါ။ ဆား နဲ့ ငရုတ်ကောင်းမှုန့် နည်းနည်းထည့်ပြီး ၄ မိနစ် (သို့) အညိုရောင်ပြောင်းတဲ့အထိ ပြုတ်ပါ။ ပိုနေတဲ့အရည်နဲ့ အဆီတွေကို ဖယ်ရှားဖို့ ဝက်သားကို Colander နဲ့ ယူလိုက်ပါ။ ရေဆေးပြီး ဖယ်ထားပါ။
  • ဒယ်အိုးကြီးတစ်လုံးထဲမှာ ဆီ စားပွဲတင်ဇွန်း တစ်ဝက်ခန့်ကို အပူပေးပါ။ ကြက်သွန်မြိတ်ထည့်ပြီး ၁ မိနစ်လောက်ပြုတ်ပြီးရင် ဂျင်းနဲ့ ငရုတ်သီးထည့်ပြီး ၁ မိနစ်ထပ်ပြုတ်ပါ။ ကြက်သွန်ဖြူထည့်ပြီး ၁၅ စက္ကန့်လောက်ပြုတ်ပါ။ ဆက်မွှေပါ။
  • အညိုရောင်ပြောင်းသွားတဲ့ ဝက်သားကို အိုးထဲ ပြန်ထည့်ပြီး မွှေပေးပါ။ ငါးငံပြာရည်နဲ့ သကြားညိုထည့်ပါ။ မွှေပြီး Caramelize ကို ၁ မိနစ်ခန့် နှပ်ထားလိုက်ပါ။ စက္ကန့်နည်းနည်း ထပ်မွှေပြီး နောက်ထပ် 1 မိနစ်လောက် ချက်ပြုတ်ထားလိုက်ပါ။