ခုလိုသရက်သီးပေါတဲ့အချိန် အိမ်မှာ Mango Chutney လုပ်စားလို့ရပါတယ်။ သရက်သီးအမှည့် ဒါမှမဟုတ် ချဉ်တဲ့အစိမ်းရောင် သရက်သီးတွေနဲ့လုပ်တာကြောင့် ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ Chutney ကို အရံဟင်းအနေနဲ့လည်း စားလို့ရပါသေးတယ်။

ပါဝင်ပစ္စည်းများ
ပန်းသီးအလတ် ၃ လုံးကို အခွံခွာပြီး လှီးထားပါ။
သရက်သီးကြီး ၂ လုံးကို အခွံခွာပြီး လှီးထားပါ။
အနီရောင် ငရုတ်သီး ၁/၂ တောင့်၊ လှီးထားပါ။
Granulated သကြား 1 1/2 ခွက် (375 mL)
ပါးပါးလှီးထားတဲ့ ကြက်သွန်နီ 1 လုံး (250 mL)
စပျစ်ခြောက် 1/2 ခွက် (125 mL)
အဖြူရောင် ရှာလကာရည် 1/2 ခွက် (125 mL)
အခွံနွှာထားတဲ့ ဂျင်း 1/4 ခွက် (50 mL)
သံပုရာရည် 1 ဇွန်း (15 mL)
ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (10 mL)
ground nutmeg 1/2 လက်ဖက်ရည်ဇွန်း (2 mL)
သစ်ကြံပိုးခေါက်မှုန့် 1/2 လက်ဖက်ရည်ဇွန်း (2 mL)
ဆား 1/2 လက်ဖက်ရည်ဇွန်း (2 mL)

ပန်းသီး၊ သရက်သီး၊ ငရုတ်ကောင်းအနီ၊ သကြား၊ ကြက်သွန်နီ၊ စပျစ်သီးပျဉ်၊ ရှာလကာရည်နဲ့ ဂျင်းတို့ကို သံမဏိ အိုးတလုံးထဲထည့်ပြီး တည်ပေးပါ ။ ပွက်ပွက်ဆူလာရင် မီးအရှိန်လျှော့ပြီး အသီးအနှံများ နူးအိလာတဲ့အထိ မိနစ် 20 လောက် အဖုံးအုပ်ပြီး ပြုတ်ပါ။ ပြီးရင် သံပုရာရည်၊ ဟင်းခတ်မှုန့်၊ သစ်ကြံပိုးခေါက်၊ ၊ ဆားတို့ထပ်ထည့်ပြီး 5 မိနစ်လောက် ထပ်ပြုတ်ပါ။

အအေးခံပြီးရင် သိမ်းမယ့်ဘူးထဲ ထည့်ပေးပါ။ ထည့်တဲ့အခါ အပြည့်မထည့်ဘဲ အပေါ်မှာ ၁ လက်မခွဲလောက် ချန်ပေးပါ။