ဟင်းချက်တဲ့အခါ ကြက်သွန်မြိတ်သုံးချင်ပေမယ့် ကြက်သွန်မြိတ်ရာသီချိန်မဟုတ်လို့ ရာရခက်နေလား ? ဒါပေမယ့် ကြက်သွန်မြိတ်နေရာမှာ အစားထိုးသုံးလို့ရတယ်ဆိုတာ သိရင်တော့ အဆင်ပြေသွားမှာပါ။ ဒါတွေကတော့ ဟင်းချက်တဲ့အခါ ကြက်သွန်မြိတ်အစား သုံးလို့ရတဲ့ပစ္စည်းတွေပါ။

Shallots

Shallots က ကြက်သွန်မြိတ်အနွယ်တစ်မျိုးဖြစ်တာကြောင့် ဟင်းပွဲတွေချက်တဲ့အခါ ကြက်သွန်မြိတ်အစား Shallots ကိုအစားထိုးပြီး သုံးလို့ရပါတယ်။

Scallions

ကြက်သွန်မြိတ်အသေးလို့ခေါ်တဲ့ Scallions က ကြက်သွန်မြိတ်အကြီး ( Leeks ) ရဲ့ အရသာနဲ့ အနီးစပ်ဆုံးတူပါတယ်။ ဟင်းပွဲတွေအလှဆင်တဲ့အခါမှာလည်း ကြက်သွန်မြိတ်အကြီးအစား Scallions ကို သုံးလို့ရပါတယ်။

ကြက်သွန်မြိတ် ( Spring Onions )

Spring Onions တွေက အမြစ်မှာ ဥသေးသေးလေးတွေပါတာကလွဲရင် ကြက်သွန်မြိတ်အကြီး ( Leeks ) နဲ့ အတော်ကြီးကို ဆင်ပြီး တခြား ကြက်သွန်မြိတ်တွေနဲယှဥ်ရင် အရသာပိုချိုပါတယ်။

Sweet Onions

Sweet Onions ရဲ့အရသာက ပိုပြင်းပေမယ့် ကြက်သွန်မြိတ်တွေအားလုံးထဲမှာ ဈေးအသက်သာဆုံးပါ။ ဟင်းချို၊ စွပ်ပြုတ်များအတွက် ကြက်သွန်မြိတ်အကြီး ( Leeks ) အစား သုံးမယ်ဆို အကောင်းဆုံးရွေးချယ်စရာတစ်ခုပါ။

Garlic

ကြက်သွန်မြိတ်အစားသုံးဖို့ ရှာရခက်နေရင် ကြက်သွန်ဖြူနည်းနည်းကို သုံးကြည့်ပါ။ ကြက်သွန်ဖြူက အရသာထပ်ဖြည့်ပေးလို့ ဟင်းရဲ့အရသာကို ပိုကောင်းစေပါတယ်။

တရုတန်နံနံ

တရုတ်နံနံက ကြက်သွန်မြိတ်အစားသုံးလို့ရပေမယ့် တချို့ဟင်းပွဲတွေ အထူးသဖြင့် စွပ်ပြုတ်တွေမှာတော့ ကြက်သွန်မြိတ်အရသာကို မရနိုင်ပါဘူး။