` ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ ဆေးကြောနည်း အမှန် ´

ယခင် ဆောင်းပါး ပါ `အစားအသောက် မှတဆင့် ရောဂါကူးစက်ခံရခြင်း ´ ကင်းဝေးစေရန်အတွက်
အမေရိကန် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဌာန (FDA) ၏ ထောက်ခံချက်အရ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ တွေကို မှန်ကန်အောင် ဆေးကြောနည်း အကြောင်း မျှဝေချင်ပါတယ်။

FDA က ` အစားအသောက် တွေကို မစားခင်၊ မလှီးဖြတ်ခင်၊ မချက်ပြုတ်ခင် မှာ #ရေ ဖွားဖွား ရေများများ နဲ့ ပိုက်ကနေ ပြောင်စင်အောင် ဆေးကြောဖို့ ´ ကိုသာ ထောက်ခံပေးခဲ့ပါတယ်။

*အခြား ဆပ်ပြာတွေ၊ ပိုးသတ်ဆေး နဲ့ ဈေးကွက်ထဲက ဆေးကြောခြင်းဆိုင်ရာ ထုတ်ကုန် တွေကို မညွှန်ကြားခဲ့ပါဘူး။

#ဒါ့ကြောင့် နံပါတ် ၁ က *ရေပိုက်က လာတဲ့ ရေဖွားဖွား နဲ့ ပြောင်စင်အောင် လောင်းချ ဆေးကြောရပါမယ်။

*** ဒါပေမဲ့ E.coli အပါအဝင် အခြား Gram negative ဘတ်တီးရီးယား ပိုးတွေကို သေစေနိုင်ဖို့အတွက် #ရှာလကာရည် (Acetic acid or white Vinegar) ကို အသုံးပြုရပါမယ်။

#ရှာလကာရည် ထဲက အက်စစ် ဟာ ဘတ်တီးရီးယားရဲ့ ဆဲလ် အမြှေးပါးကို ပျက်စီးစေပြီး ဘတ်တီးရီးယားဆဲလ် ကိုသေဆုံးစေနိုင်ပါတယ်။

*အလွယ်တကူ ဝယ်ယူနိုင်တဲ့ ရှာလကာရည် နဲ့ `ဟင်းသီးဟင်းရွက် တွေကို ဘယ်လို ဆေးကြောကြမလဲ?´

၁) နူးညံသော / အခွံပျော့ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ

ဥပမာ – ခရမ်းချဉ်သီး၊ ပန်းသီး၊ စပျစ်သီး စသည်…

*Spray bottle ( အရည်ဖြန်းနိုင်သော ဗူးလေး) တစ်ခု လိုအပ်ပါတယ်။

၎င်းဗူးထဲမှာ ရေ နှင့် ရှာလကာရည် ကို ( ၃ း ၁ ) ဖျော်စပ်၍ ဟင်းသီးဟင်းရွက် နှင့် သစ်သီးတွေ ရဲ့ အပြင်ဘက်ကို ဖြန်းပါ။ #စက္ကန့် ၃၀ ကြာ ထားပါ။
ထို့နောက် ရေများများ / ရေဖွားဖွား ဖြင့် ရေပိုက်အောက်၌ ဖြန်း၍ ဆေးကြောပါ။ ရောဂါပိုးတွေ ကင်းစင်ရုံမက ရှာလကာ အရသာလည်း ပျောက်သွားပါလိမ့်မယ်။

*FDA က ဒီလို ပျော့ပျောင်းတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို brush တွေနဲ့ ပွတ်တိုက်ဆေးကြောတာထက်စာရင် #လက်လေး နဲ့ အသာအယာ ပွတ်သပ်ဆေးကြောပါ လို့ ပြောထားပါတယ်။
(ယခုလို ဆေးကြောခြင်းဖြင့် ပေါက်ပြဲသွားသော နေရာမှ ဘတ်တီးရီးယားဟာ အသီးသားထဲ ဝင်ရောက်ခြင်းကနေ ကာကွယ်နိုင်ပါတယ်)

၂) မာသော/ ကြမ်းသောအခွံရှိ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ

ဥပမာ – ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ပန်းပွင့်၊ အစိမ်းရောင် အရွက်များ၊ သခွားမွှေး၊ အာလူး၊ စတော်ဘယ်ရီ ကဲ့သို့ မျက်နှာပြင် ကြမ်းသော berri သီးများ စသည်…

သူတို့ကိုတော့…

ရေ + ရှာလကာရည် ( ၃ း ၁ ) ဖျော်စပ်ထားတဲ့ ဇလုံထဲမှာ မိနစ်အနည်းငယ် စိမ်ထားရပါမယ်။
စိမ်ပီးသွားရင် ရေပိုက်အောက်မှာပဲ ရေများများနဲ့ ဆေးကြောပေးရပါမယ်။ ( အချို့က ခါကျက်ဥ/အာလူး/ ငြုပ်ပွ စတာတွေကို ဟင်းသီးဟင်းရွက်ဆေး brush လေးနဲ့ ပွတ်တိုက်ဆေးကြောကြပါတယ် )

*ဂေါ်ဖီထုပ်လို မုန်ညှင်းထုပ် လိုမျိုးတွေကို အပြင်ဘက်ဆုံး အရွက်တွေ လွှင့်ပစ်လိုက်ပီး အထဲက အရွက်တွေကို တစ်ရွက်ချင်း ခွာခွာ စိမ်မှ သန့်စင်မှာပါ။ ( အချိန်တော့ ပေးရမှာပေါ့)

အထူးသတိပြုရမည့်အချက်များ –

#မီးဖိုခန်းထဲက အစားအသောက်/ ဟင်းသီးဟင်းရွက် နဲ့ ပန်းကန်ခွက်ယောက်ဓား ဘာဆို ဘာမှ မကိုင်ခင်
*သင့် လက်ကို အရင် ဆပ်ပြာနဲ့ ပြောင်အောင်ဆေးကြောပါ။

#စားသုံး မည့်/ ချက်ပြုတ် မည့် ဟင်းသီးဟင်းရွက် နဲ့ သစ်သီးတွေကို ရေမဆေးကြော ရသေးဘဲ အခွံနွှာခြင်း/ ဓားနှင့်လှီးခြင်း/ စားခြင်း / ချက်ပြုတ်ခြင်း မပြုလုပ်ရပါ။
(အခွံမစားသော နာနတ်သီး၊ ဌက်ပျောသီး၊ သခွားမွှေးသီး နဲ့ အခြားသစ်သီးတို့ကိုလည်း ဖုန်နှင့် မြေကြီးအပါအဝင် အညစ်ကြေးများ ကပ်နေနိုင်၍ ရေဆေးပြီးမှ ခွဲစားပါ၊ ခွာစားပါ။)

#အသုံးပြုမည့် ရေ လည်း အညစ်အကြေးကင်းပြီး သန့်စင်ရပါမယ်။

#မီးဖိုဆောင်သုံးပစ္စည်းကိရိယာများ (အထူးသဖြင့် ဓား၊ စဉ်းနှီးတုံး၊ ဘေစင် နှင့် ဇွန်းခွက်ဇလုံ အားလုံး) သေချာ သန့်စင်အောင်ဆေးကြောပီးမှ သုံးပါ။
အသုံးပြုပြီးလျှင်လည်း ဆေးကြောပါ။

#အစားအသောက် အားလုံး ပြင်ဆင်ချက်ပြုတ်ပီးတဲ့အခါမှာလည်း လက်ကို ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးကြောပါ။

နိဂုံးချုပ်ပြောရ ရင်တော့… ရှာလကာရည် နဲ့ ဆေးကြောရုံတစ်ခုတည်းလည်း မပြည့်စုံမလုံလောက်ဘူးပေါ့။
#မီးဖိုဆောင် ကနေ အာဟာရ ဓာတ်တွေ ရခဲ့သလို #မီးဖိုဆောင် ကနေ လည်း ရောဂါပိုးတွေ ရနိုင်ပါတယ်။

နောက်ပီး *ရှာလကာရည် + သံပုရာရည် ရောဖျော်လိုက်ရင် အက်စစ်ဓာတ် ပိုမိုပြင်းထန်ပြီး ဘတ်တီးရီးယား များစွာကို သေစေနိုင်ပါတယ် ဆိုတာလေးလည်း ပြောပြချင်ပါတယ်။

ဘယ်ရီသီးတွေအတွက် #ရှာလကာရည် နဲ့ ဆေးကြောခြင်းဟာ ပိုးသေစေရုံသာမက နောက်ရက်အနည်းငယ်ထိ မှိုတက်ခြင်းကနေ ကင်းဝေစေနိုင်ပါတယ်။

ဒီလောက်ဆိုရင် စာဖတ်သူအပါအဝင် အိမ်ရှင်မတွေအတွက် ရှာလကာရည် နဲ့ ဆေးကြောနည်း အကြောင်းကို မျှဝေခဲ့ပီးပါပီ။

smile emoticon
အားလုံး ကျန်းမာသုခ နဲ့ပြည့်ဝ ကြပါစေ။

Copy from … Hello Dr.Diet

Credit: ချက်မယ်၊ စားမယ်။