ချောင်းတွေဆိုးနေရင် ကြက်သွန်နီနဲ့ ကုမယ်။

မနေ့က အိရဲ့ သူငယ်ချင်းတစ်ယောက် ချောင်းတွေတအားဆိုးနေပါတယ်။ သူ့ဆီကို အလည်သွားရာမှာ သူငယ်ချင်းနှစ်ယောက် ကောင်းကောင်းမွန်မွန်စကားပြော လို့ကို မရအောင်သူ့ချောင်းဆိုးတာက အဆက်မပြတ်ဖြစ်နေရှာတယ်။

ဒါနဲ့ အိဖတ်ဖူးတဲ့နည်းလေးနဲ့ သူက ကုသလိုက်ရာမှာ ချက်ခြင်းဆိုသလိုပဲလက်နဲ့ယူပစ်လိုက်သလို ချောင်းဆိုးရပ်သွားပါတယ်။ အဲဒီနည်းလေးက သိပ်အခက်ကြီးမဟုတ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ခုနေ အသုံးမဝင်ဘူးဆိုရင်တောင်မှ ကိုယ်တကယ် ချောင်းဆိုရောဂါကို ခံစားလာရတဲ့ အချိန်မှာတော့ ဒီနည်းလေးက တော်တော်တန်ဖိုးရှိတာကို တွေ့ရပါလိမ့်မယ်။

အဲဒီနည်းလေးကအလွန် လွယ်ကူပြီးတော့ ငွေကြေး အကုန်အကျ နဲတဲ့ နည်းလေး ဖြစ်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီနဲ့ ချောင်းဆိုး ပျောက်ခြင်းကို ကုသတာပဲ ဖြစ်ပါတယ်။

အသုံးပြုပုံလေးကတော့

ကြက်သွန်နီခြောက်လုံး လောက်ကို ပါးပါးလေး လှီးလိုက်ပါ။ ၎င်းကို ပျားရည် ခွက်ဝက်နှင့် ရောစပ်ကာ ဆူပွက် နေတဲ့ အိုးအပေါ်မှာ တင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုးဖြင့် ထည့်လိုက်ပါ။ အဖုံးအုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးလိုက်ပါ။ အရည်များကို စစ်လိုက်ပြီး လုံခြုံစေမယ့် ဗူးနဲ့ထည့်ထား လိုက်ပါ။

ထိုအရည်များကို ၂ နာရီ ၃ နာရီကြား တစ်ချိန် သောက်ပေးပါက ရောဂါပျောက်ကင်း စေမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေနော်။

Credit: PannPwint – Health