ကိုယ်ခန္ဓာသေးသွယ်လိုသူများ သို့မဟုတ် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် Salad သည် ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း သေချာအသေးစိတ် ကြည့်ရှုမယ်ဆိုရင် Salad ထဲထည့်သွင်းတဲ့ အျိုးအမယ်အသေးအမွှားလေးတွေက ကယ်လိုရီအများအပြားပါဝင်တဲ့ အသုပ်တစ်မျိုးအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။

ဒါကြောင့် သင်စားသုံးနေတဲ့ Salad က သင့်အား ဘယ်နည်းဘယ်ပုံနဲ့ဝလာအောင် ပြုလုပ်နေသလဲ သိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသင့်လုပ်ပြီးသား

အသင့်လုပ်ပြီး၊ ထုပ်ပိုးပြီးသား salad များတွင် ဆိုဒီယမ်၊ အဆီနှင့် သကြားဓာတ်အမြောက်အမြားပါဝင်နေနိုင်ပါတယ်။ သင်ကိုယ်တိုင်ပြုလုပ်တာမဟုတ်လို့ ထို Salad တွေကြာရှည်ခံနိုင်အောင် တာရှည်ခံဆေးမည်မျှထည့်သွင်းထားသလဲဆိုတာကို သင်မသိနိုင်ပါဘူး။

၂။ အခြားတွဲဖက်ဟင်းလျာများ

လူအချို့သည် Salad တစ်ပွဲနှင့်ပင် အာသာမပြေနိုင်တာကြောင့် မုန့်ကြွပ် သို့မဟုတ် ကွတ်ကီးတစ်ထုပ် တို့ဖြင့် တွဲဖက်စားသုံးလိုက်သည့်အခါ ကယ်လိုရီပမာဏမြင့်တက်သွားနိုင်ပါတယ်။

၃။ ဝေစုပမာဏကိုလျစ်လျူရှုခြင်း

ဝိတ်လျော့နေချိန်မှာ အစားအစာဝေစုအရွယ်အစားမှာ အလွန်အရေးကြီးမှန်းသိနားလည်သော်လည်း Salad တွင် မြေပဲ၊ အသီး၊ အသား နှင့် အခြားကယ်လိုရီများသော dressing ဖြင့် စုပေါင်းပြီးစားသုံးမိလျှင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။

၄။ Fat-free Dressing ကိုအသုံးပြုခြင်း

Fat-free Dressing များကို အရသာကောင်းမွန်စေရန်အတွက် ဆား၊ တာရှည်ခံဆေး၊ ကာဗိုဟိုက်ဒရိုတ်နှင့် သကြားအများအပြားကို ပုံမှန်ထက် ထည့်သွင်းထားတာကြောင့် သင်ထင်တာထက် ကိုယ်အလေးချိန်လျော့ချရာမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။

၅။ ပျစ်နှစ်သော Dressing

ကယ်လိုရီပမာဏ ၁၂၀ သာပါဝင်သော Salad သည် ပျစ်နှစ်သော Dressing ကိုပေါင်းစပ်လိုက်သည်နှင့် ကယ်လိုရီပမာဏ ၄၀၀ အထိ ဖြစ်သွားနိုင်ပါတယ်။

၆။ ဝက်ဆားနယ်ခြောက်

Fat-free Dressing များလိုပင် ဆိုဒီယမ်နှင့် ကယ်လိုရီအမြောက်အမြားပါဝင်ရုံသာမက အဆင့် (၂) ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်သည့် အဆီတို့ ပါဝင်ပါတယ်။

၇။ သစ်သီးခြောက်များထည့်သွင်းခြင်း

အရသာပိုရှိစေဖို့အတွက် စပျစ်သီးခြောက်များကို ထည့်သွင်းစားသုံးကြသော်လည်း တကယ်တမ်းမှာ သကြားနှင့်ကယ်လိုရီများ အများအပြားပါဝင်တာကြောင့် အနည်းငယ်လေးစားသုံးလိုက်ရင်တောင် သင့်ရဲ့ diet အစီအစဉ်ကို အနှောင့်အယှက်ပေးလာနိုင်ပါတယ်။

၈။ ကစီဓာတ်ရှိသည့် ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း

ဟင်းသီးဟင်းရွက်တိုင်း သင့်အတွက်ကောင်းမွန်မှုမရှိပါဘူး။ အထူးသဖြင့် ကိုယ်အလေးချိန်လျော့ချနေသည့်အချိန်ပါပဲ။ ပြောင်းဖူး၊ ဖရုံ၊ နှင့် ရွက်စားမုန်လာတို့ကို Salad ထဲထည့်သွင်းခြင်းမှ ရှောင်ရှားစေလိုပါတယ်။