မနက်စာဆိုတာ တစ်နေ့လုံးအတွက် အရေးအကြီးဆုံး Meal တစ်ခုလို့ ပြောလို့ ရပါတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့ အတွက် မနက်စာကို သေချာ စားပေးရပါတယ်။ ကမ္ဘာတစ်လွှားက နိုင်ငံအချို့မှာ မနက်စာကို ဘာတွေ စားကြလဲဆိုတာ မျှဝေလိုက်ပါတယ်။

သူငယ်ချင်းတို့ရော ဒီမနက်ခင်းမှာ ဘာနဲ့ စားခဲ့သလဲ ကော့မန့်မှာ မျှဝေခဲ့ပါဦး။

တရုတ်

ဆန်ပြုတ်၊ အီကြာကွေးနဲ့ ကော်ပြန့်

breakfastchina

အီရန်

“Kuku Sabzi” ..ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်အပြားလို့ ပြောလို့ရပါတယ်။ နူးညံ့ပြီး ပါးပါးလေး လုပ်ထားတာပါ။ ဒါကို ကြက်ဥမွှေကြော်နဲ့ စားကြပါတယ်။ သူတို့အတွက်တော့ ရိုးရာ အစားအစာ ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေတယ်ပါတယ်တဲ့

breakfastiran


ပြင်သစ်

လက်ဖက်ရည်တစ်ခွက်နဲ့ ပေါင်မုန့်

breakfastfrance

ဂျပန်

ရိုးရာကတော့ ထမင်းပါမယ်၊ စွပ်ပြုတ်နဲ့ ရေညှိပါမယ်။ နောက်ပိုင်းမှာတော့ ကော်ဖီတစ်ခွက်၊ ပေါင်မုန့်မီးကင်ထောပတ်၊ ကြက်ဥနဲ့ အာလူးတွေ စားကြပါတယ်။

breakfastjapan

ပိုလန်

ကြက်ဥကို ကြက်အူချောင်းနဲ့ ပြန်ကြော်တဲ့ Omelete၊ ပေါင်မုန့်

breskfastpoland

အီဂျစ်

Ful medames လို့ခေါ်တဲ့ အစားအစာပါ။ မြင်ရတာနဲ့တင် စားချင်စရာ။ သူက ကြက်ဥ၊ ပဲ၊ အသီးအရွက်၊ အသားတွေနဲ့ ချက်ထားတဲ့ အစားအစာပါ။

breakfastegypt


အီတလီ

ရိုးရှင်းပြီး မရိုးတဲ့ မနက်စာပါ။ ပေါင်မုန့်ကို မီးကင်ပြီး ယိုသုတ်စားပါတယ်။
breskfastitaly

အိန္ဒိယတောင်ပိုင်း

ဆန်နဲ့လုပ်ထားတဲ့ ပေါင်မုန့်ပါ။ Dosa လို့ခေါ်ပါတယ်။

breakfastindia

ကိုလံဘီယာ

Changua လို့ခေါ်တဲ့ ကြက်ဥ၊ နွားနို့နဲ့ ချိစ်တွေနဲ့ ချက်ထားတဲ့ မနက်စာပါ။
breakfastcolombia

တူရကီ

တူရကီ မနက်စာဟာ စုံလင်လှပါတယ်။ သံလွင်ဆီ၊ ချိစ်၊ သစ်သီး၊ ယိုနဲ့ Omelet တို့ပါ။

breakfastturkey

ဘရာဇီး

Pão de queijo ဆိုတဲ့ ဘရာဇီး ချိစ်ပေါင်မုန့်လုံးတွေပါ။

breakfastbrazil

စပိန်

ရိုးရာမနက်စာကတော့ ပေါင်မုန့်မီးကင်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးအနှစ်နဲ့ သံလွင်ဆီပါ။
breakfastspain

ဗင်နီဇွဲလား

ပြောင်းဖူးပေါင်မုန့်၊ ဝက်ပေါင်ခြောက်၊ ကြက်သားနဲ့ ချိစ်

breakfastvenezuela

ကမ္ဘောဒီးယား

အသားနဲ့ ဟင်းသီးဟင်းရွက်ပါတဲ့ ခေါက်ဆွဲပြုတ်ပါ။

breakfastcambodia

ရုရှား

ယိုပါတဲ့ ပန်ကိတ်ကို ပျားရည် ဒါမှမဟုတ် နွားနို့တို့နဲ့ စားပါတယ်။

breakfastrussia

အင်ဒိုနီးရှား

အသားတွေနဲ့ ကြော်တဲ့ ထမင်းကြော်လို ပုံစံပါ။ အချဉ်တွေ အရွက်တွေနဲ့ စားကြပါတယ်။

breakfastindonesia


ပါကစ္စတန်

Nihari လို့ခေါ်တဲ့ အမဲသားကို အရိုးတွေနူးအောင် မီးအေးအေးနဲ့ ချက်ထားတဲ့ဟင်းပါ။

breakfastpakistan
အစ္စရေး

ကြက်ဥ၊ ခရမ်းချဉ်သီးနဲ့ ရာသီစာ အသီးအရွက်တွေနဲ့ ချက်လေ့ရှိတဲ့ မနက်စာပါ။

breakfastisrael
ဗြိတိန်

အာဟာရဖြစ်စေပြီး ဗိုက်အတော် ဝစေမယ့် မနက်စာပါပဲ

breakfastbritain

Source: brightside