သင် သိပါသလား ပိုးဟပ်က ကမ္ဘာ့ရှေးအကျဆုံး တိရစ္ဆာန်အမျိုးနွယ်ဝင် တစ်ခုဆိုတာကို သင် သိပါသလား။ အိပ်ခန်းထဲ၊ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲမှာ ကိုယ့်ရှေ့ ပြေးလွှားနေတဲ့ ပိုးဟပ်တွေ မြင်ရင် ရွံသလို စိတ်ခံစားချက် ဖြစ်ဖူးကြပါသလား။ အချို့ကလည်း ကြောက်ကြပါတယ်။ ပိုးဟပ်ချေးအနံ့ဟာ ဆိုးဝါးလှပြီး နေရာတကာ တွေ့နိုင်ပါတယ်။ စိတ်ပျက်စရာကောင်းလှတဲ့ ဒီ သတ္တဝါလေးကို အိမ်မှာရှိတဲ့ အသီးအနှံတစ်ခုအသုံးပြုပြီး ထွက်ပြေးအောင် လုပ်ကြည့်ကြရအောင်ပါ။

cucumber

သခွားသီးကို လှီးထားပြီး ပိုးဟပ်တွေ လှုပ်ရှားမှု များတဲ့ နေရာထောင့်တွေမှာ ချထားလိုက်ပါ။

သခွားသီးက ထွက်တဲ့ အနံ့တစ်မျိုးကို ပိုးဟပ်တွေ မကြိုက်ပါဘူး။ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းပါ။  လူတွေနဲ့ ပိုးဟပ်ကြားမှာ တံတိုင်းအဖြစ် ကာကွယ်ပေးပါတယ်။ စမ်းကြည့်ကြပါစို့။

နောက်တစ်နည်းကတော့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်ရောပါ။ အနံ့မရှိသလောက် နည်းတဲ့ ဆပ်ပြာရည် နည်းနည်းထည့်ပါ။ ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေကို ဖြန်းထားပေးပါ။ သူကတော့ အနံ့ အနည်းငယ် ရှိပါတယ်။ တမာဆီကတော့ ပရဆေးဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ မေးဝယ်လို့ ရပါတယ်။

Source: worldofhealth365