Menu စာအုပ်တွေကို သန့်ရှင်းရေး မလုပ်ကြပါဘူး

01-dirty-restaurant-secrets-menus-germy

ဆိုင်ကို လာမျှသူတိုင်းကို Menu စာအုပ်ချပေးတာကြောင့် လူတကာ ကိုင်ခဲ့တဲ့ Menu စာအုပ်မှာ ဘက်တီးရီးယား ပိုးမွှားတွေ အများကြီးရှိနေမှာပါ၊

အမေရိကန်ပြည်ထောင်စုမှာ Good Morning America သိပ္ပံပညာရှင် အဖွဲ့ က စားသောက်ဆိုင် ၁၂ ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ Menu စာအုပ်တွေမှာ ဘက်တီးရီးယား နဲ့ Germs ၁ သိန်း ၈သောင်းခွဲ လောက် ရှိနေတာကို တွေ့ရပါတယ်။

စားပွဲပေါ်မှာတင်ထားတဲ့ ငရုတ်ကောင်းဗူး၊ ဆားဗူးတို့ထက် Menu စာအုပ်တွေမှာ ဘက်တီးရီးယား နဲ့ Germs တွေ ပိုများနေတာကို တွေ့ရပါတယ်။

ဒါကြောင့် Menu စာအုပ်ကိုင်ပြီး ဟင်းလျာတွေမှာယူပြီးရင် လက်ဆေးဖို့မမေ့ပါနဲ့နော်။

ဝန်ထမ်းတွေက ဖျားလျက်နဲ့ အလုပ်လုပ်

02-dirty-restaurant-secrets-sick

မီးဖိုချောင်မှာ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေက ဖျားရက်နဲ့ အလုပ်လုပ်နေကြသူတွေများပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Food Chain Workers Alliance အဖွဲ့ရဲ့ သုတေသနအရ စားသောက်ဆိုင် အလုပ်သမား ၅၃ ရာခိုင်နှုန်းဟာ ဖျားနာနေလည်း အလုပ်သွားကြတယ်လို့ ဆိုထားပါတယ်။ အများအားဖြင့် လစာလည်း နည်းတာကြောင့် အလုပ်မှာ ခွင့်မယူနိုင်ကြပါဘူး။

ဒါကြောင့် ကိုယ့်အစားအသောက်ကို ချောင်းတဟွတ်ဟွတ်၊ နှာရည်တရှုတ်ရှုတ်နဲ့ ပြင်ဆင်၊ လှီးချွတ်နေတာကို မြင်ကြည့်ကြပေါ့။

စားသောက်ဆိုင် အိမ်သာတွေက ညစ်ပတ်နေရင်

04-dirty-restaurant-secrets-dirty-kitchen

တချို့ တန်ဖိုးနည်း စားသောက်ဆိုင်တွေမှာ စားလို့တော့ ကောင်းပါရဲ့ အိမ်သာသွားတော့မှ မီးဖိုချောင်မှာ ဗွက်ထနေတာတို့၊ အိမ်သာတွေ ညစ်ပတ်နေတာတို့ တွေ့ဖူးကြမှာပါ။

ဒါကြောင့် စားသောက်ဆိုင် သန့်မသန့်ကို သိချင်ရင် မစားခင် အိမ်သာ အရင်သွားကြည့်လိုက်ပါ။