Tips & Stories | ကျန်းမာရေး - Health

နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ထောပတ်သီးအစေ့ကို ဒီလိုစားမယ်

January 16, 2017

နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ထောပတ်သီးအစေ့ကို ဒီလိုစားမယ်


Share this on:

ထောပတ်သီးစားတဲ့အခါ ထောပတ်စေ့ကိုစားသုံးဖို့ ကျွန်မတို့ မတွေးမိကြပါဘူး။ တကယ်တော့ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အာနိသင်ရှိတဲ့ အဟာရဓါတ်တွေအများအပြားပါဝင်နေတာပါ။

ထောပတ်သီးစေ့ရဲ့အကျိုးကျေးဇူးများ

avocado-seed

ထောပတ်သီးစေ့မှာ Antioxidant တွေအများအပြားပါဝင်နေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရောပါပမာဏကိုလျှော့ချပေးနိုင်ပြီး သွေးတိုးကျစေပါတယ်။ ဒါ့အပြင် အသက်ငယ်ငယ်နဲ့ ဆီးချိုဖြစ်တာကနေကာကွယ်နိုင်ပါတယ်။ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးပါတယ်။

ထောပတ်သီးစေ့ကိုစားပေးတာဟာ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်လမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။

ထောပတ်စေ့ကိုဒီလိုစားမယ်

ထောပတ်စေ့ကိုစားသုံးနိုင်ဖို့အတွက်

avocado-seed

Apple-slice-leaves

lemonandbanana

baby-spinach

PicMonkey-Collage14

how-to-chop-ginger-method-8-1024x681

Apr11_CC1

  • ထောပတ်စေ့ တစ်ဝက်
  • ပန်းသီး ၃ လုံး (သို့) ၄ လုံး
  • ငှက်ပျောသီး ၁ လုံး (သို့) ၂ လုံး
  • သံပုယိုသီး ၂ လုံး (သို့) ၃ လုံး (အခွံနွှာပြီး)
  • ဟင်းနုနွင်ရွက် ၁ ခွက်စာ
  • တရုတ်နံနံပင် ၁ စည်း
  • ဂျင်း ၁/၎
  • တရုတ်နံနံကြီး အညှာ ၁ ချောင်း

ပြုလုပ်နည်း

ထောပတ်သီးစေ့ကို အမှုန့်ကြိတ်လိုက်ပါ။ (ညက်နေအောင်ကြိတ်ပါ)

အဲဒီနောက် တခြားပါဝင်ပစ္စည်းတွေအားလုံးကိုလည်း ကြိတ်စက် (သို့) ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။

အဲဒီနောက် သောက်သုံးလို့ရပါပြီ။ Antioxidant နဲ့ အဟာရဓါတ်ကြွယ်ဝတဲ့ ဖျော်ရည်ကို သောက်သုံးပေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Review

User Rating

3.5 (24 Votes)