မင်္ဂလာပါ ပျိုမေတို့ရေ… စိတ်ညစ်စရာဆိုတာ လူတိုင်းတွေ့ကြုံခံစားရတတ်တဲ့ မကောင်းတဲ့ခံစားချက်မျိုးလို့ဆိုလို့ရပါတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် အဆင်မပြေတာတွေ၊ စိတ်အလိုမကျဖြစ်တာတွေ၊ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရမှာပဲလေ။ ဒီလိုမျိုး ကြုံတွေ့လာရရင် အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကသာ အရေးကြီးဆုံးလို့ဆိုရမှာပါ။

အလုပ်ကြောင့် စိတ်ဖိစီးမှုတွေများနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေရှိနေတဲ့အချိန်မျိုးတွေမှာဆိုရင် အတတ်နိုင်ဆုံးစိတ်ကိုပြင်ဆင်ပြီး နေထိုင်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ အစားစားတယ်ဆိုတာက စိတ်ခံစားမှုကိုလည်း အကျိုးသက်ရောက်မှုတွေရှိနိုင်တာကြောင့် စိတ်ခံစားချက်တွေကို အနှောက်ယှက်ဖြစ်စေပြီး ရှောင်သင့်တဲ့အစားစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကော်ဖီ

အားလုံးသိထားပြီးတဲ့အတိုင်းပဲ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်တွေက ပမာများလာတဲ့အခါမှာတော့ စိတ်ကိုပိုပြီးတော့ မတည်မငြိမ်ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ စိတ်ညစ်စရာတွေရှိနေတဲ့အချိန်မျိုးမှာ ကော်ဖီတွေကိုသောက်တဲ့ ပမာဏကများနေတာမျိုးဆိုရင် ပိုပြီးတော့ဆိုးရွားစေမှာပဲဖြစ်ပါတယ်။

အရက်

စိတ်ညစ်စရာတွေရှိနေတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့စုံပြီးတော့ပဲဖြစ်ဖြစ် တစ်ခွက်လောက်ဆိုပြီးသောက်လိုက်မယ်ဆိုရင် စိတ်ကို ပေါ့ပါး လန်းဆန်း သွားစေမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ဒါကမှားယွင်းနေတာပါ။ စိတ်ညစ်နေတဲ့အချိန်မှာ အရက် သောက်လိုက်တာထက် တစ်ခြားစိတ်ပျော်ရွှင်စေမယ့်အရာတစ်ခုကို အစားထိုးပြီးလုပ်တာက ပိုပြီးတော့သင့်တော်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန်၊ စိတ်ဖိစီးနေတဲ့အချိန်မှာ အရက်သောက်လိုက်တာက စိတ်ကိုပိုရှုပ်ထွေးသွားစေပြီး ခံစားရပိုလွယ်စေပါတယ်။

အချို

အချိုတွေကိုစားတာက စိတ်ကိုကြည်လင်စေတယ်ဆိုပေမယ့်လည်း အရမ်းအလွန်အကြူးစားတဲ့အခါမှာတော့ သင့်စိတ်ကိုပိုပြီးတော့ ရှုပ်ထွေးလာစေ နိုင်တယ်ဆိုတာကိုတော့ သိထားဖို့လိုပါလိမ့်မယ်။ ဒါကြောင့် စိတ်ညစ်စရာတွေရှိနေတဲ့အချိန်မျိုးမှာ အချိုတွေကိုအရမ်းစားတာမျိုးကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်နော်။

Photo Source: Unsplash