အလွယ်တကူပုပ်လွယ် ပျက်လွယ်တဲ့ အစားအစာတွေ၊ အသီးအရွက်တွေကို တာရှည်ခံအောင် ဘယ်လိုသိုလှောင်မလဲဆိုတာ အားလုံအးတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ အချိန်တိုတိုနဲ့ အစားအသောက်တွေ ပျက်စီးမသွားစေဖို့ သိမ်းဆည်းနည်းတချို့ကို မျှဝေချင်ပါတယ်။

၁။ ဘယ်ရီသီးများ

ဘယ်ရီသီးတွေကို ပိုပြီး တာရှည်ခံအောင် ရေ နဲ့ ပန်းသီးရှလကာရည်ကို ၁၀ ချိုး ၁ ချိုးရောပြီးထည့်လိုက်ပါ။ ပြီးရင် ဘယ်ရီသီးတွေကို ဆေးလိုက်ပြီး စက္ကူနဲ့ သုတ်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ထားပါ။ သင်ထင်ထားတာထက် ပိုပြီး အထားခံမှာပါ။

၂။ နံနံပင်၊ ပန်းမုန်လာစိမ်း နဲ့ ဆလတ်ရွက်

အစားအစာတွေကို သင်ထင်ထားတာထက် အထားခံအောင် ဘယ်လိုထားမလဲ

အဲဒီအရွက်တွေကို အလူမီနီယမ်စက္ကူပြားနဲ့ ထည့်သိမ်းထားရင် ၂ ပတ် လောက်ထိ အထားခံပါတယ်။

၃။ စပျစ်သီး

စပျစ်သီးတွေကို အထားခံအောင် ခြောက်သွေ့ပြီး အေးတဲ့နေရာမှာ ကြိုးနဲ့ ချိတ်ထားလိုက်ပါ။

၄။ ကြက်သွန်မြိတ်

ကြက်သွန်မြိတ်ကို အထားခံအောင် ခြောက်သွေ့တဲ့ ပလတ်စတစ်ဘူးထဲမှာ ထည့်ထားလိုက်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။

၅။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီး အစိမ်းကို မှည့်အောင် စက္ကူဘူးထဲမှာ ထည့်ပြီး အေးတဲ့နေရာမှာ ထားလို့ရပါတယ်။ မှည့်သွားရင်တော့ အေးတဲ့နေရာမှာမဟုတ်ဘဲ ပုံမှန်နေရာမှာ ထားပါ။

၆။ ငါး

ငါးကို အထားခံအောင် ရေခဲပေါ်မှာ တင်ထားပေးသင့်ပါတယ်။ ရေခဲသေတ္တာဘူးထဲထည့်ထားရင် ပိုပြီးတာရှည်ခံပါတယ်။

၇။ အစိမ်းရောင်အရွက်တွေ

အစိမ်းရောင်အရွက်တွေကို အထားခံအောင် ဘူးထဲမှာရေထည့်ပြီး အပေါ်ကနေ ပလတ်စတစ် အုပ်ပေးထားလိုက်ပါ။ ပြီးရင် အေးတဲ့နေရာမှာထားပါ။

၈။ ပန်းသီး

ပန်းသီးကို အထားခံအောင် စက္ကူနဲ့ထုပ်ပြီး အေးတဲ့နေရာမှာထားပါ။

၉။ ဖရဲသီး

ဖရဲသီးကို အကောင်းဆုံးထားသင့်တဲ့အပူချိန်ကတော့ 35°F (2°Cမှာ ထားသင့်ပါတယ်။ အဝတ်စနဲ့ အုပ်ပြီးထားပေးရင် ပိုပြီး တာရှည်ခံပါတယ်နော်။