တနေကုန် အလုပ်မှာ ပင်ပန်းပြီး အိမ်အပြန် ကားကြပ်၊ လမ်းကြပ်နဲ့ အိမ်ရောက်တဲ့ အခါ လှုပ်တောင် မလှုပ်ချင်တော့တဲ့ နေ့ရက်တွေ ရှိဖူးတဲ့ လူတွေ များပါလိမ့်မယ်။ နေပြင်းတဲ့ နေ့တွေမှာဆိုရင် ပိုပြီး မောပန်း ပင်ပန်းနေတတ်ပါတယ်။ နုံးချိပြီးခွေလဲပစ်ချင်တဲ့ စိတ်တွေက လူကို အမြဲ မလန်းမဆန်း ဖြစ်နေတတ်ပါတယ်။ ဒီလို ဝေဒနာကို အမြန်ဆုံး သက်သာဖို့ အတွက်ဆိုရင် ဆန်းကစ်သီး(ကဗ္ဗလာသီး)ကို ဆောင်ထားဖို့ ပြောချင်ပါတယ်။

ချိုချဉ်အရသာ ရှိပြီး ဖျော်ရည် လုပ်သောက်လို့လည်း ရတဲ့ အသီးပါ။ လုပ်ရမယ့် နည်းကတော့ လွယ်ပါတယ်။ ကိုယ်တွေ့မို့ ပြန်ပြီး မျှဝေပေးတာပါ။ အရည်ရွှမ်းတဲ့ အသီးမို့လည်း ပိုပြီး လန်းဆန်းစေပါတယ်။ ကျွန်မ ရုံးက အပြန် ဆန်းကစ်သီးကို အခွံနဲ့ပဲ စိပ်ပြီး အစိပ်လေးတွေမှာ ဆားလေးတွေ ပါးပါးလေး လူးပေးပြီး ဒီအတိုင်း စားပေးပါတယ်။

ပင်ပန်းနွမ်းနယ်မှုတွေဟာ အသီးတစ်ဝက်လောက် စားပြီးချိန်မှာ အတော်ကို သိသိ သာသာ သက်သာ သွားတာ ကြုံရပါတယ်။ ဒီနည်းလေးကို ကိုယ်နဲ့ ဘဝတူ လူတွေကို ပြန်ပြီး မျှဝေပေးပါတယ်။

ဆန်းကစ်သီး လတ်လတ် ဆတ်ဆတ်ကို ဖျော်ရည် မှန်မှန် လုပ်သောက်မယ် ဆိုရင်တော့ သင်ရဲ့ ရင်သား တစ်ဝိုက် အဆီတွေ ကျသွားစေခြင်း၊ ဗိုက်ကြီး ပူနေလို့ ဘယ်နေ့ မွေးမှာလဲ အမေးခံရခြင်း (အမှန်တော့ ကိုယ်ဝန် မဟုတ်ဘဲ) မရှိစေ တော့ပါ။ ထို့အပြင် ခုခံ အားစနစ်ကို တိုးစေတဲ့ အတွက် နှာစေးလို့၊ အအေးမိလို့ ဖျားပြီး ဆေးခန်း သွားရတဲ့ စရိတ်တွေ မကုန်တော့ခြင်း စတဲ့ အကျိုး ကျေးဇူးတွေ ရနိုင် ပါတယ်။

ထို့အပြင် နို့နှင့် နို့ထွက် ပစ္စည်းများ နှင့်ပါတွဲပြီး မှန်မှန် သောက်ပေးမယ် ဆိုပါက အရိုးပါး ရောဂါ မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။