မင်္ဂလာပါနော်။ ငှက်ပျောသီးမှည့်လို့ စားတဲ့အခါ မကုန်နိုင်ဘဲ ပျော့ပြဲသွားလို့ အမြဲတမ်းစိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးသွားပါမယ်နော်။

နည်းလမ်း (၁)

ငှက်ပျောသီးအညှာကို ပလတ်စတစ်နဲ့ အုပ်ပြီး ပတ်ပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ထားတာ (သို့) အခန်းတွင်းအပူချိန်မှာ ထားထားတာမျိုးလုပ်နိုင်ပါတယ်။ ငှက်ပျောသီးစားချင်တဲ့အချိန်ကျမှ ပလတ်စတစ်ခွာပြီးစားပေးပါ။

ငှက်ပျောသီး တစ်တွဲလုံးကိုလုပ်ပေးလို့ရသလို ငှက်ပျောသီး တစ်လုံးချင်းစီကို လုပ်ပေးလည်းရပါတယ်။

နည်းလမ်း (၂)

ငှက်ပျောသီးကို အခွံနွှာပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင် စက္ကူပေါ်တင်ပေးပြီး အပေါ်ကနေ ပလတ်စတစ်အုပ်ပေးလိုက်ပါ။ အဲဒီနောက် ၂ နာရီလောက် အေးခဲထားလိုက်ပါ။

ပြီးရင်တော့ ဘူးတစ်ခုမှာထည့်ထားလိုက်ပြီး သိမ်းထားလိုက်ပါ။ ပြီးမှ ကြော်စားပါ။

နည်းလမ်း (၃)

ငှက်ပျောသီးတစ်ကို အလုံပိတ်အိတ်ထဲထည့်လိုက်ပါ။ ပြီးရင် ပိုက်ကိုအိတ်ထဲ စွပ်ထည့်လိုက်ပြီး လေစုပ်ထုတ်လိုက်ပါ။ အဲဒီနောက် ပိုက်ကို ပြန်ထုတ်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။

နည်းလမ်း (၄)

ဒါကတော့ မမှည့်သေးတဲ့ ငှက်ပျောသီးကို သိမ်းဆည်းပုံဖြစ်ပါတယ်။ စက္ကူအိတ်အညိုရောင်ထဲထည့်ပြီး သိမ်းထားလိုက်ပါ။ နေရတဲ့ ပြတင်းပေါက်နားမှာထားထားပါ။ မှည့်ထာပြီဆိုရင် အပေါ်မှာပြထားတဲ့နည်းလမ်းတွေအတိုင်း သိမ်းဆည်းလို့ရပါတယ်နော်။