သွားဖုံးရောင်တာဟာ ဗီတာမင် B (သို့) C ဓါတ် ချို့တဲ့လို့ဖြစ်ပါတယ်။ ဒီအတွက် ဗီတာမင် C ဓါတ်အပြည့်အဝပါတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

alexandra

ကြက်သွန်ဖြူ

home-remedies-for-a-toothache-with-a-tea-bag

ကြက်သွန်ဖြူကို သွားဖုံးရောင်တာ သွားဖုံးသွေးယိုတာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ Antibiotic နဲ့ တခြားဆေးဖက်ဝင် ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါ့ကြောင့် သွားဖုံးရောင်တာကိုသက်သာစေတဲ့အပြင် နာကျင်မှုကိုလည်း သက်သာစေပါလိမ့်မယ်။

ဘယ်လိုလုပ်မလဲ

Garlic473699684_XS

ကြက်သွန်ဖြူ ၁ စိတ်လောက်ကို ဆားစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောပြီး သွားဖုံးရောင်တဲ့နေရာ(သို့) သွေးယိုတဲ့နေရာ နဲ့ထိအောင် ကိုက်ထား (သို့) ဖိထားပေးပါ။

မသက်သာမချင်း ကြက်သွန်ဖြူ ကို အသစ်လဲလဲပြီး လုပ်ပေးလို့ရပါတယ်။

ကိုက်မစားချင်ဘူးဆိုရင်လည်း ကြက်သွန်ဖြူကို တစ်ဝက်လောက်လှီးပြီး ကပ်ထားပေးပါ။

ကြက်သွန်နီ

Onions6

ကြက်သွန်နီကိုလည်း တချို့က သိပ်မကြိုက်လှပါဘူး။ ဒါပေမယ့် စားသုံးပေးသင့်ပါတယ်။ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်ပြီး သွားဖုံးရောင်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

အသုံးပြုနည်း

Onions

ကြက်သွန်နီကို ပါးပါးလှီးလိုပါ။ ပြီးရင် သွားဖုံးရောင်နေတဲ့နားနဲ့ သွေးထွက်နေတဲ့နားမှာ ကပ်ထားပေပါ။ ဝါးပြီးတော့လည်းစားပေးသင့်ပါတယ်။ တကယ်လိုအဆင်မပြေဘူးဆိုရင် ကြက်သွန်နီကနေ ထွက်တဲ့အရည်ကို လိမ်းပေးထားပါ။

မိမိဝေဒနာသက်သာတဲ့ထိလုပ်ပေးပါ။

Onion-And-Garlic

မိမိ အိမ်မှာ အလွယ်တကူရှာလို့ရနိုင်တဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အသုံးပြုပြီး ဝေဒနာတွေ သက်သာပျောက်ကင်းပါစေရှင်။

Source: naturalremedyideas.com