အထွေထွေ ဗဟုသုတ - General Knowledge

အဆီပိုတွေ လောင်ကျွမ်းပစ်စေမယ့် အလွယ်ကူဆုံးအကျင့် (၃)မျိုး

December 17, 2015

အဆီပိုတွေ လောင်ကျွမ်းပစ်စေမယ့် အလွယ်ကူဆုံးအကျင့် (၃)မျိုး


Share this on:

လူအများစုအဖို့ စားသောက်ဆိုင် ကြေငြာတွေမှာပါတဲ့ စားကောင်းသောက်ဖွယ်တိုင်းကို မက်မောစိတ်၊ <!–more—> စားချင်စိတ်မဖြစ်ကြပါဘူး။  ဒါပေမယ့် မျက်စိအောက်ရောက်လာတဲ့ စားကောင်းသောက်ဖွယ်တွေကို ငြင်းဆန်ဖို့ ခဲယဉ်းတတ်ကြပါတယ်။  ဒီစားချင်စိတ်ကို ပညာသား ပါပါကိုင်တွယ် တတ်ရင်တော့ စားချင်စိတ်လည်း ပြေပျောက်ကျေနပ်သလို ခန္ထာကိုယ်တွင်း အဆီလောင်ကျွမ်းပြီး ပိန်သွယ်စေ ပါလိမ့်မယ်။  အထောက်အကူ ဖြစ်စေမယ့် နည်းလမ်း (၃)မျိုးကို မျှဝေလိုက်ပါတယ်။

မနက်အိပ်ရာထ များများစားပါ။ နေ့လည်စာကို အသင့်အတင့်စားပြီး ညနေစာကို တတ်နိုင်သလောက် လျှော့စားပါ။  မနက် အိပ်ရာထချိန်မှာ ဘုရင်မတစ်ပါးလို ခမ်းခမ်းနားနားစားပါ။  နေ့လည် ထမင်းစားချိန်မှာ မင်းသမီးလို စားပြီး ညစာ စားချိန်မှာတော့ သူဆင်းရဲလို စားပါလို့ အာဟာရ ကျွမ်းကျင်သူတွေက အကြံပြူကြပါတယ်။  ညဘက်အိပ်ရာဝင်ချိန် နောက်ကျတာကြောင့် မနက်အိပ်ရာထချိန်က မနက်အိပ်ရာထချိန်က နေ့လည် ထမင်းစားချိန် ဖြစ်နေတဲ့သူတွေ၊ ညစာကိုတစ်ခမ်းတနား စားတတ်သူတွေအဖို့ လိုက်နာဖို့ ခဲယဉ်းလှတဲ့ အကြံပြုချက် လို့ဆိုရပါမယ်။

Breakfast

ဒါပေမယ့် ဒီအကြံပြုချက် အတိုင်း နံနက် အိပ်ရာထချိန်မှာ အာဟာရ ပြည့်ဝအောင် ဖွယ်ဖွယ်ရာရာ စားမယ်၊ ဗိုက်ဝအောင် စားထားမယ်ဆိုရင် ခန္တာကိုယ်ရဲ့ အစားအစာက စွမ်းအင်ထုတ်တဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ တစ်နေ့တာလုံး နှေးသွားတာကြောင့် များများစားချင်စိတ် မရှိတာရယ်၊ မစားနိုင်တာရယ် ကြောင့်အကြံပြုချက်ကို လိုက်နာဖို့ မခဲယဉ်းတော့ပါဘူး။  ဒီပုံစံစားသောက်တဲ့ အလေ့အထကိုပျိုးထောင်ကြည့်ရင် အကျိုးဆက် ကိုလည်း သိသိသာသာ ခံစားရပါလိမ့်မယ်။

ဟင်းလျာက အရမ်းစပ်နေရင် ဘယ်လိုလုပ်မလဲ

ဟင်းခတ် အမွှေးအကြိုင် များများထည့်ပြီး ပူပူစပ်စပ်ချက်စားပါ။  ငရုတ်သီးထည့်ပြီး ဟင်းကိုအစပ်ချက်စား တာကလည်း ကိုယ်တွင်းအဆီတွေ
လောင်ကျွမ်းအောင် အားပေးပါတယ်။  ငရုတ်သီးအစပ် အရသာကြောင့် အစာခြေစနစ်ပိုပြီး အလုပ်လုပ်ရတယ်။  နှလုံးခုန်နှုန်းမြန်စေတယ်။ခန္တာကိုယ်ရဲ့ အပူချိန်တိုးစေတယ်လို့ သိရပါတယ်။  အခုလို ခန္တာကိုယ်တွင်း ပြောင်းလဲမှုတွေက အဆီပိုတွေကို များများ လောင်ကျွမ်း ပစ်နိုင်ပါ တယ်။  ရိုးရိုး ရေမသောက်ပဲ ရေခဲရေသောက်ပါ။  လေ့လာမှု တစ်ခုမှာ တွေ့ရှိတာကတော့ ရေခဲတမျှ အေးတဲ့ရေခဲရေသောက်ရင် ခန္တာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ၃၀%တိုးစေတာကြောင့် အဆီတွေကိုပိုလောင် ကျွမ်းနိုင်ပါတယ်။

Credit: သက်ထားအောင် & Pann Pwint-Health

Review

User Rating

3.7 (3 Votes)
error: Copyright © 2018. MyFood Myanmar