Tips & Stories | ကျန်းမာရေး - Health

ကင်ဆာဆဲလ်တွေကို သေစေနိုင်မယ့် အစားအစာများ

June 7, 2017

ကင်ဆာဆဲလ်တွေကို သေစေနိုင်မယ့် အစားအစာများ


Share this on:

မကြာသေးခင်မှ ဆေးပညာအဖွဲ့အစည်းတစ်ခုရဲ့ သုတေသနပြုလုပ်ချက်အရ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ အစားအစာတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အထူးတလည် ရှာဖွေပြီး စားသောက်စရာမလိုပါဘူး။

ဒါတွေက ခရမ်းချဉ်သီး၊ ၀ိုင်အနီ၊ ဘလူး ဘယ်ရီ၊ Green Tea နဲ့ ချောကလပ်တို့ဘဲဖြစ်ပါတယ်။

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းအား

သူတို့က အကြိတ်ဆဲလ်တွေကို သွေး ထောက်ပံ့မှုကို တားမြစ်နိုင်တဲ့အပြင် ကင်ဆာဆဲလ်တွေကို မဖြစ်ပေါ်စေတဲ့ Anti-Angiogenesis သတ္တိတွေလည်း ပါဝင်ပါတယ်။

1

ခရမ်းချဉ်သီး

ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသနအရ တစ်လကို ၄ ကြိမ်ကျော် ခရမ်းချဉ်သီးကို ချက်ပြုတ်စားတာဘဲဖြစ်ဖြစ် ခရမ်းချဉ်သီး ဆော့ကို စားတဲ့ အမျိုးသားတွေက ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်း နည်းပါးတာကိုတွေ့ရပါတယ်။

အဲ့ဒီအပြင်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ မဖြစ်ပေါ်အောင် တားဆီးနိုင်တဲ့ Anti-Angiogenic ဂုဏ်သတ္တိပါတဲ့ Lycopene ဓာတ်လည်းပါဝင်ပါတယ်။

2

ဗီတာမင်စီလိုမဟုတ်ဘဲ ခရမ်းချဉ်သီးမှာပါဝင်တဲ့ Lycopene ဓာတ်ဟာ အပူချိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ရင် ပိုများလာလေဖြစ်ပါတယ်။

ခရမ်းချဉ်သီးကို ဂျင်းနည်းနည်းထည့်ပြီး ချက်ရင်ပိုကောင်းပါတယ်။ ဂျင်းမှာ အဆီတွေကို လောင်ကျွမ်းစေတဲ့ဓာတ်ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

3

ဝိုင်အနီ

ဝိုင်အနီမှာ စွမ်းအားမြင့် Antioxidant တစ်မျိုးဖြစ်တဲ့ Resveratrol ပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးပါတယ်။

အဲ့ဒီအပြင် ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ကင်ဆာကို ကာကွယ်ပေးကာ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

မှိုရောဂါ၊ ဗားရက်စ်တွေကို ကာကွယ်ပေးပြီး စွမ်းအင်တွေကို မြှင့်တင်ပေးကာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

4

ကော်ဖီနဲ့ Green Tea

ကော်ဖီနဲ့ Green Tea ကလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ Antioxidants တွေပါဝင်ပါတယ်။

raspberries-blueberries

Blueberries နဲ့ Raspberries

Blueberries နဲ့ Raspberries တို့မှာ အမည်းရောင်ဆန်ဆန်ရှိနေခြင်းက Phytochemicals ကြောင့်ဖြစ်ပြီး သူတို့က ကင်ဆာရောဂါမျိုးစုံကို တိုက်ဖျက်ရာမှာ အကူအညီပေးပါတယ်။

index

Dark Chocolate (ချောကလပ် အမည်း)

Snack Food လေးစားရင် ကျန်းမာရေးကို အထောက်အကူပြုချင်ရင် Dark Chocolate (ချောကလပ် အမည်း)က မှန်ကန်တဲ့ ရွေးချယ်မှုပါ။ သူ့မှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ကာ နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Review

User Rating

3.3 (15 Votes)