ပဲပြားတုတ်ထိုး၊ ပဲပြားအစာသွပ်တို့ဆို ကျောင်းတုန်းက ခရေဇီ ဖြစ်ခဲ့ဖူးတယ်။ အရင်တုန်းက ပဲပြားကို ဘယ်ကထုတ်မှန်းမသိခဲ့မိဘူး။ အဖြူအတုံးလေးတွေ ဘယ်ကရလဲလို့ မေမေ့ကို မေးတော့ မေမေက ပဲကလုပ်တယ်လို့တော့ ပြောပြခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ပဲပြားဟာ တကယ်တော့ ပဲနို့ကို အချဉ်ဖောက်ပြီး ပြုလုပ်ထားတယ်လို့ သိလာရတယ်။ ပဲပြားဟာ အသားထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ် အချိုးအစားအတိုင်းပါဝင်ပါတယ်။ အဲ့ဒီ့အပြင် ခန္ဓာကိုယ်မှာပါဝင်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှာပေးတဲ့ (Isoflavones) ပါဝင်တဲ့ အတွက်ကြောင့် နှလုံးရောဂါဖြစ်နိုင်နှုန်းကိုလျှော့ချပေးပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့်လည်း သွေးနီဥအတွက် အောက်ဆီဂျင်သယ်ပို့ပေးတဲ့ ဟီမိုဂလိုဘင် (Haemoglobin) ဖြစ်ပေါ်လညဖို့ အထောက်အပံ့ပေးပါတယ်။ ကယ်လ်ဆီယမ်နဲ့ Vitamin E ပါဝင်နှုန်းများတဲ့အတွက်ကျန်းမာရေးအတွက် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။

၁။ နှလုံးရောဂါ

အထက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း ပဲပြားဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးပါတယ်။ သွေးထဲက မကောင်းတဲ့ ကိုလက်စထရော ဓာတ်ကို လျှော့ချပေးတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ချေကို များစွာနည်းစေပါတယ်။

၂။ ကင်ဆာ

ပဲပြားဟာ အူမကြီး ကင်ဆာကို လျှော့ချပေးပါတယ်။ ပဲပြားစားခြင်းအားဖြင့် အမျိုးသားတွေဖြစ်တတ်တဲ့ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးပါတယ်။လေ့လာချက်အရ ပဲပြားစားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ၆၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့လဲ သိရပါတယ်။

၃။ သွေးဆုံးခြင်း

ပဲပြားမှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် အမျိုးသမီးတွေ သွေးဆုံးခါနီးဖြစ်လေ့ရှိတဲ့ စိတ်ကယောက်ကယက်ဖြစ်ခြင်းနဲ့ အရိုးနာခြင်းကို သက်သာစေပါတယ်။

Woman cooling herself with a blank paper.

၄။ အိုမင်းရင့်ရော်ခြင်း

ပဲပြားမှာ ပါဝင်တဲ့ Vitamin C နဲ့ ပိုတက်စီယမ် ဟာ အသားအရေကို နုပျိုဝင်းပစေပါတယ်။ ပုံမှန်စားသုံးခြင်းအားဖြင့် Omega 3နဲ့ Omega 6ကိုရရှိတဲ့အတွက် အသားအရေကို ရေဓာတ်လည်းထိန်းညှိပေးပါတယ်။ ပဲပြားကို ကြိတ်ပြီးအနှစ်ကို မျက်နှာမှာလိမ်းပေးခြင်းအားဖြင့် လှပတဲ့မသားအရေ ရရှိလာမှာပါ။

15435671_381545912179207_351557919_n

၅။ ဆံပင်ကျွတ်ခြင်း

လူတွေရဲ့ ဆံပင်ဟာ Keratin လို့ခေါ်တဲ့ ပရိုတင်းဓာတ်ကြောင့်ဖြစ်ပေါ်လာရတာပါ။ပဲပြားစားပေးခြင်းအားဖြင့် လိုအပ်တဲ့ ပရိုတင်းဓာတ်ရရှိပြီး ဆံပင်အသစ်ထပ်ထွက်လာမည့်အပြင် သန်မာစေပါတယ်။ ဈေးကြီးတဲ့ ဆံင်ပေါက်ဆေးဝယ်သောက်မယ့်အစား နေ့စဉ်စားသောက်မှုစနစ်မှာ ပဲပြားထည့်စားကြည့်ပါ။

15409862_381545888845876_1430491086_o

ပဲပြားမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေပေမယ့်လည်း သန့်ရှင်းလတ်ဆတ်တဲ့ ပဲပြားရမှသာလျှင် စိတ်ချယုံကြည်စွာ စားသုံးလို့ရမယ့်အတွက် သတိပြုစေလိုပါတယ်။

Featured Image Source: ctfresh.com.sg