လူတိုင်း ထမင်းဘူးလေးကိုယ်စီနဲ့ ကျောင်းတက်ခဲ့ကြတဲ့ အတိတ်လေးတွေ ရှိခဲ့ကြမှာပါ။ စတီးချိုင့်လေးတွေနဲ့ ဒန်ထမင်းဘူး အပြားလေးတွေကို လက်သုတ်ပ၀ါလေးနဲ့ ထုပ်ပြီး ကျောင်းတက်ခဲ့ကြမှာပါနော်။

ကျောင်းဖွင့်ပြီဆိုရင်  စာရေးသူကတော့ ထမင်းဘူးလှလှလေးတွေ ကိုင်ပြီး ကျောင်းတက်ချင်ခဲ့ပါတယ်။ မူလတန်းနဲ့ အလယ်တန်းမှာတော့ စတီးချိုင့်ကြီးတွေအစား ခေတ်စားနေတဲ့ ကာတွန်းကား ဇာတ်ကောင်ပုံစံပါနဲ့ ထမင်ဘူးလှလှလေးတွေကို ကိုင်ချင်ခဲ့ပါတယ်။ ကျောင်းမဖွင့်ခင် မေလလောက်ကတည်းက ထမင်းဘူးအသစ်လေးတွေကို ပူဆာနေပါပြီ။

Lunchbox-NMAH-historic-tobacco-1

ကမ္ဘာပေါ်မှာတော့ ထမင်းဘူးတွေကို ၁၈၈၀ ပြည့်နှစ်လောက်က စပြီး အသုံးပြုခဲ့ကြပါတယ်။ လူတိုင်းနီးပါးတော့ အသုံးမပြုကြသေးပါဘူး။ ဆေးရွက်ကြီးထည့်တဲ့ သံဘူးတွေကို ထမင်းဘူးအဖြစ် ပြောင်းလဲအသုံးပြုကြတာဖြစ်ပါတယ်။

Lunchbox-NMAH-workers-3

၁၈၈၀ ပြည့်နှစ်က အသုံးပြုခဲ့တဲ့ ထမင်းဘူးတွေဖြစ်ပြီး မြန်မာမှာဆိုရင်တော့ သီပေါမင်း ပါတော်မမူခင် (၁၈၈၅ ခုနှစ်မှာ သီပေါမင်းပါတော်မူ) က အသုံးပြုခဲ့တဲ့ ထမင်းဘူးတွေလို့ ဆိုနိုင်ပါတယ်။

Lunchbox-NMAH-historic-2

၁၉၂၀ ပြည့်နှစ်မှာ အသုံးပြုခဲ့တဲ့ ထမင်းဘူးဖြစ်ပါတယ်။

Lunchbox-Mickey-575

၁၉၃၅ ခုနှစ်မှာတော့ Mickey Mouse ပုံစံနဲ့ ထမင်းဘူးလေးတွေ ထွက်လာနေပါပြီ။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အရင်ကလို ကြုံရာ ဘူးကို သုံးပြီး ထမင်းတွေထည့်တာမဟုတ်ဘဲနဲ့ ထမင်းဘူး ထုတ်လုပ်တဲ့ စီးပွားရေးကို လုပ်ကိုင်လာကြပါတယ်။

Aladdin ကုမ္ပဏီက နာမည်ကြီး ရုပ်ရှင်ကားတွေ၊ ကာတွန်းကားတွေရဲ့ ပုံတွေကို သုံးပြီး ထမင်းဘူးတွေ စထုတ်ခဲ့ကြပါတယ်။

၁၉၆၀ ပြည့်နှစ်မှာတော့ အရင်ကလို သံနဲ့လုပ်တဲ့ ထမင်းဘူးတွေမဟုတ်တော့ဘဲ ပိုပြီးလှပ ပေါ့ပါးတဲ့ ပလပ်စတစ် ထမင်းဘူးတွေကို အသုံးပြုလာကြပါတယ်။

Lunchbox-NMAH-gunsmoke-5

၁၉၅၉ ခုနှစ်မှာ “Gunsmoke” ရုပ်ရှင်ထဲက ပုံစံအတိုင်း ထမင်းဘူးထုတ်လုပ်ထားတာဖြစ်ပါတယ်။

Lunchbox-NMAH-barbie-6

၁၉၆၂ ခုနှစ် “Barbie” ပုံစံ ထမင်းဘူးတွေ ထုတ်နေပါပြီ။ အမေရိကန် သမိုင်းဆိုင်ရာ အမျိုးသား ပြတိုက်က ထင်ရှားတဲ့ တေးဂီတအဖွဲ့တွေ၊ ရုပ်ရှင်တွေကို ထမင်းဘူးအဖြစ် ထုတ်လာကြပါတယ်။

Lunchbox-NMAH-Beatles-group-7

“The Beatles” နာမည်ကြီး တေးဂီတအဖွဲ့ပုံစံ ထမင်းဘူးတွေကိုတော့ ၁၉၆၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။

Lunchbox-NMAH-space-8

၁၉၆၇ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ “Lost in Space” ရုပ်ရှင်ပုံစံထုတ်ထားတဲ့ ထမင်းဘူးလေးဖြစ်ပါတယ်။

Lunchbox-NMAH-Julia-9

၁၉၆၇ ခုနှစ်က ပြသခဲ့တဲ့ နာမည်ကြီး “Julia” တီဗီ ဇာတ်လမ်းတွဲထဲက ပုံစံအတိုင်း ထမင်းဘူးထုတ်လုပ်ထားပါတယ်။

Lunchbox-NMAH-Partridge-10

၁၉၇၁ ခုနှစ်က ပတ်ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ “The Partridge Family” တေးဂီတ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Lunchbox-NMAH-globetrotters-11

၁၉၇၁ ခုနှစ်က နာမည်ကြီးခဲ့တဲ့ “Harlem Globetrotters” ရုပ်သံဇာတ်လမ်းတွဲပုံစံ ပြုလုပ်ထားတာဖြစ်ပါတယ်။

Lunchbox-NMAH-woodpecker-12

ကာတွန်းကား “Woody Woodpecker” ပုံစံနဲ့ ထုတ်လုပ်ထားတာပါ။

Lunchbox-NMAH-seagull-13

၁၉၇၄ ခုနှစ်မှာ စာရေးဆရာ Jonathan ရေးခဲ့တဲ့ “Livingston Seagull” စာအုပ်ကို တင်စားပြီး ထမင်းဘူးပုံစံ ထုတ်ခဲ့ပါတယ်။ မြန်မာမှာတော့ “ယောနသံ ဇင်ယော်” ဆိုပြီး ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။

Lunchbox-NMAH-kung-fu-14

၁၉၇၄ ခုနှစ်မှာဘဲ “Kung Fu” ဆိုတဲ့ ရုပ်ရှင်ကား ပုံစံ ထမင်းဘူးလေးကို ထုတ်ခဲ့ပါတယ်။

Lunchbox-NMAH-knight-rider-16

၁၉၈၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ “Knight Rider” ရုပ်ရှင်ကား ပုံစံ ထမင်းဘူးလေးဖြစ်ပါတယ်။

စာဖတ်သူတို့ဘ၀မှာရော ဘယ်လို ထမင်းဘူးလေးတွေ ယူဆောင်လာခဲ့ကြလဲ။ အတိတ်အမှတ်တရလေးတွေကို Comment Box မှာ ဝေမျှ ပေးပါဦးနော်။

ဒီဆောင်းပါးကို MILO ကနေ ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။

DSC09710

 

MILO

ဘူးလေးရဲ့တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။