ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်မှသာ သစ်သီးတွေကိုစားသင့်ပြီး၊ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး (လုံးဝ) မစားသင့်ကြောင်း အင်တာနက်သတင်းလွှာ ဖြစ်တဲ့ American Daily Health Tips မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က အောက်ပါအတိုင်း အကျယ်တဝင့် ဖော်ပြသွားခဲ့ပါတယ်။
ဖရဲသီးစားပြီးတိုင်း လေချဉ်တက်တယ်၊ ပန်းသီးစားတဲ့အခါတိုင်း လေပွလာတယ်၊ ဌက်ပျောသီးစားပြီးတာနဲ့ဗိုက်နာသလိုလို ဖြစ်လို့သန့်စင်ခန်းဝင်ရတယ် စသည်ဖြင့် အချို့က သစ်သီးနဲ့ပတ်သက်လို့စောဒကတက်ကြပါတယ်။ ဒီပြဿသနာတွေနဲ့ပတ်သက်လို့သစ်သီးများဆိုင်ရာ ခန္ဒာဗေဒသုတေသီ တစ်ဦးဖြစ်သူ အမေရိကန်လူမျိုး ဒေါက်တာ Herbert Shelton က တကယ်တော့ ဗိုက်ဆာနေတဲ့အချိန် (အစာအိမ်ဟောင်းလောင်းဖြစ် တဲ့အချိန်) သစ်သီး တမျိုးတည်းစားရင် အဲဒီလိုကျန်းမာရေး ပြဿနာမျိုးတွေ မဖြစ်စေပါဘူး။ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတွေတန်းစားမိတဲ့အခါ (ဒါမှမဟုတ်) သစ်သီးကို တခြားအစားအစာတွေနဲ့တွဲစားတဲ့အခါမှသာ ဖြစ်တာပါ။ သစ်သီးနဲ့အဲဒီ အစားအစာတို့ ပေါင်းစပ်ဓာတ်ပြုပြီးတော့ ဂက်စ်ထွက်လာပြီး၊ အချဉ်ဖေါက်လာတာမျိုးပေါ့လို့ဆိုပါတယ်။
ဒါတင် မကသေးပါဘူး။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ သံဗူးပုလင်း(ဖျော်ရည်-သစ်သီး ဗူး)တွေမှာ သစ်သီးတွေကို အပူပေး ပြုပြင်ထားတာမို့ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပျောက်ဆုံး ကုန်ပါပြီတဲ့။ အကယ်၍ ထိုသစ်သီး ဖျော်ရည်ဗူးကို မဖြစ်မနေ သောက်ရတဲ့အခါမှာ ချက်ချင်း မြိုမချဘဲ ခေတ္တငုံထာားပြီးမှသာ မျိုချသင့်ကြောင်း၊ အဲဒီလို ပြုခြင်းက အချိုရည်နဲ့ခံတွင်းထဲက တံတွေးတို့ပေါင်းစပ်မိပြီး အချိုရည်ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပျက်ပြယ်သွားကာ အစာအိမ်ကိုဘေးဥပါသ်မဖြစ်စေတော့ပါဘူးတဲ့။
လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးဝလံတွေဟာ အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဒာကိုယ် အလေးချိန်ကျစေခြင်း၊ သက်ရှည်ကျန်းမာစေခြင်း၊ ကျန်းမာစွာ ဘဝနေထိုင်မှုကို ပံ့ပိုးခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဒါ့ပြင် ဗိုက်ဆာ(အစာအိမ် ဟောင်းလောင်း ဖြစ်) နေတဲ့အချိန် သစ်သီးတွေစားခြင်းက ဆံပင်မဖြူစေကြောင်း၊ ဦးခေါင်းထိပ် မပြောင်စေကြောင်း၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးနိုင်ကြောင်း၊ မျက်ကွင်းညိုခြင်းကို သက်သာစေကြောင်း ဒေါက်တာ Shelton က ဆိုထားပါတယ်။
Credit: ပေါက်ပေါက်