အပူပိုင်းဒေသမှာ ပေါက်ရောက်လေ့ရှိတဲ့ ထန်းသီးကို ကြိုက်ကြလားရှင့်။ အသားလေးက အိအိလေးနဲ့ ဝါးလို့ တကယ်ကောင်းတဲ့အသီးပဲနော်။ ထန်းသီးစားတဲ့ စာဖတ်သူတို့ ထန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်လားရှင့်။

အစာချေစနစ်

5610944.jpg

ထန်းသီးမှာ အမျှင်ဓါတ်တွေပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

ကိုယ်ခံအားစနစ်

ထန်းသီးမှာ Antibiotic ပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဗိုင်းရပ်ပိုးတွေ ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အဲဒီဘက်တီးရီးယားပိုးမွှားတွေ ကြီးထွားမှုကနေလည်း ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုလျှော့စေတယ်

3721820485_70a366eee7_b

အလုပ်များလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ မကြာခဏ ကြုံရတတ်ပါတယ်။ ဒီအတွက် ထန်းသီးကအကူအညီပေးပါတယ်။ ထန်းသီးမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို ပြေပျောက်စေပါတယ်။

ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ်ဟာ ခန္တာကိုယ်တစ်ခုလုံးမှာ အရေးကြီးတဲ့ အင်္ဂ ါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ထန်းသီးမှာ ဖော့စဖော့ရပ်ပါဝင်လို့ ကျောက်ကပ်ကို ကျန်းမာစေပြီး ဆီးသွားမှန်စေပါတယ်။

အားရှိစေတယ်

7153278.jpg

တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်ကို ပေးစွမ်းနိုင်တဲ့ အသီးဖြစ်ပါတယ်။