ကျွန်ုပ်တို့က အစားအစာများကို တွဲစပ်စားသုံးရတာ အသားကျနေပြီပဲဖြစ်ပါတယ်။ ဟင်းရွက်သုပ်စားတဲ့အခါ အသီးအနှံတစ်မျိုးမျိုးထည့်ခြင်း၊ အသားနဲ့ ချိစ်များ တွဲဖက်စားခြင်း၊ နွားနို့နဲ့ သစ်သီးများ တွဲစားခြင်း စသည်ဖြင့် ကြုံရင် ကြုံသလို တွဲဖက်စားလေ့ရှိပါတယ်။ အစားအစာများကို ထိုကဲ့သို့ တွဲဖက်စားသုံးခြင်းက ကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူပြုရဲ့လား။

ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်တာကတော့ တွဲမစားသင့်တဲ့ အစားအစာလေးတွေအကြောင်းပဲဖြစ်ပါတယ်။

အစားစားနေတဲ့အချိန်မှာ ရေ (သို့) အချိုရည် သောက်ခြင်း

အစား စားတဲ့အချိန်မှာ ရေသောက်ခြင်း (သို့) ဖျော်ရည်သောက်ခြင်းက တကယ်တော့ မလုပ်သင့်ပါဘူး။ ရေက အစာအိမ် အက်စစ်ကို ပျော်ဝင်သွားစေပြီး စားသုံးလိုက်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ မရရှိအောင် လုပ်ဆောင်နေပါလိမ့်မယ်။ ဒါ့ကြောင့် အစား စားပြီး ၁၀ မိနစ်ခန့်ကြာမှ ရေသောက်ခြင်း (သို့) အချိုရည် သောက်ပေးရပါမယ်။

အသားများနဲ့ သစ်သီးများ

သရက်သီးသုပ်ကို ငါးနဲ့ တွဲသုပ်တာမျိုးကလည်း လုံးဝကို ရှောင်ကြဉ်သင့်ပါတယ်။

ဒိန်ချဉ်နဲ့ သစ်သီးများ

ဒိန်ချဉ်ထဲမှာပါတဲ့ ဘက်တီးရီးယားများက သစ်သီးထဲက သကြားဓာတ်နဲ့ ဓာတ်ပြုလိုက်တဲ့အခါ အစာအဆိပ်သင့်ခြင်း၊ အအေးမိခြင်း၊ အရေပြားယားယံခြင်းတို့ကို ခံစားရနိုင်ပါတယ်။

Cereal ကို နွားနို့ (သို့) လိမ္မော်ရည်နဲ့ တွဲစားခြင်း

နွားနို့ထဲမှာက ဒိန်ခဲအရင်းခံဓာတ်ပါဝင်ပြီး လိမ္မော်ရည်ထဲမှာကတော့ အက်စစ်ဓာတ်ပါဝင်ပါတယ်။ အတူတူတွဲစားမိမယ်ဆိုရင် Cereal ထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါ့ကြောင့် သစ်သီးဖျော်ရည်ကို Cereal စားပြီး (သို့) မစားခင် တစ်နာရီအလိုမှာ သောက်သုံးသင့်ပါတယ်။

နွားနို့နဲ့ ငှက်ပျောသီး

ဒီတွဲဖက်မှုကလည်း သင့် အစာအိမ်ရဲ့ အစာချေစနစ်ကို နှောင့်နှေးစေပါတယ်။

ပဲနှင့် ဒိန်ခဲများ

ပဲနှင့် ဒိန်ခဲများကို တွဲဖက်စားသုံးခြင်းကလည်း အစာအိမ်ကို အားနည်းစေပြီး အစာမကျေဖြစ်စေမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီးနှင့် ပါစတာ

ပါစတာစားတဲ့အခါ ခရမ်းချဉ်သီးဆော့စ်နဲ့ တွဲစားလေ့ရှိကြပါတယ်။ ခရမ်းချဉ်သီးနဲ့ တွဲစားတာပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးဆော့စ်နဲ့ တွဲစားတာပဲဖြစ်ဖြစ် သင့် အစာအိမ်ကို အစာချေရခက်စေမှာပဲဖြစ်ပါတယ်။

ကာဗိုဟိုက်ဒြိုက်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ

ကာဗိုဟိုက်ဒြိုက်ဓာတ်မြင့်မားတဲ့ ပေါင်မုန့်၊ အာလူး စတဲ့ အစားအစာများနဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်သားတို့ကို အတူတူတွဲစားမယ်ဆိုရင် လေပွခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းကို ခံစားရနိုင်ပါတယ်။

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာ နှစ်မျိုး တွဲစားခြင်း

ပရိုတင်းဓာတ်ကြွယ်ဝတဲံ အစားအစာ နှစ်မျိုးကို ပြိုင်တူတွဲစားမယ်ဆိုရင် သင့် အစာအိမ်က အစာချေဖျက်ရခက်သွားပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ်ပါတဲ့ အစားအစာတစ်ခုစားပြီး ၁၀ မိနစ်ခန့်ကြာမှ နောက်ထပ် ပရိုတင်းပါတဲ့ အစားအစာတွေကို ထပ်စားရမှာပဲဖြစ်ပါတယ်။

ဒိန်ခဲနှင့် အသားများ

အသားလုံးများ ကြော်စားတဲ့အခါ ဒိန်ခဲလေး ထည့်လေ့ရှိပါတယ်။ တကယ်တော့ ဒီအလေ့အကျင့်ကလည်း မကောင်းပါဘူး။ ဒိန်ခဲရော အသားရော နှစ်မျိုးစလုံးက ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

Source: stylecraze.com