[Unicode]

တယ်သီးကို ကြိုက်တဲ့သူလည်းကြိုက်ကြမှာပါ။ စာရေးသူစစားဖူးတုန်းကဆို နာမည်တောင်မသိဘူး။ ခရမ်းချဉ်သီးနဲ့တူတဲ့အသီးလို့ခေါ်ခဲ့ဖူးတာ။ ဒါပေမယ့် နောက်ပိုင်းမှ တယ်သီးလို့ခေါ်ဝေါ်ကြောင်းသိလာခဲ့ရတယ်။ အခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်စားသုံးလာကြတဲ့ တယ်သီးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေမနည်းပါဘူးနော်။

၁။ကိုယ်အလေးချိန်ကျစေခြင်း။

cant-lose-weight

တယ်သီးထဲမှာ အဆီပါဝင်မှုအင်မတန်နည်းပါတယ်။ တယ်သီးအနေတော်အရွယ်တစ်လုံးမှာတောင် Carbohydrate ၃၁ဂရမ်ပဲပါဝင်ပါတယ်။ ဒါကြောင့်မို့ ဝိတ်ချလိုတဲ့သူတွေ စားဖို့အတွက် အရမ်းသင့်တော်တဲ့ သစ်သီးလို့လည်းပြောလို့ရပါတယ်။

၂။သဘာဝအနာပျောက်ဆေးဖြစ်ခြင်း။

ဂျပန်တွေက တယ်သီးကို သဘာဝအနာပျောက်ဆေးလို့သတ်မှတ်ကြပါတယ်။ ရှေးခေတ်အခါတုန်းက အနာသွေးထွက်လွန်တာကိုတိတ်စေဖို့ တယ်သီးကိုအသုံးပြုကြတယ်လို့လည်းသိရပါတယ်။

၃။အစာချေစနစ်ကိုကောင်းမွန်စေခြင်း။

Happy-Digestive-system

အမျှင်ဓာတ်ကြွယ်ဝစာတွေက အူမကြီးရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေတယ်လို့ သိထားကြပြီးသားပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့တယ်သီးကို ပုံမှန်စားသုံးပေးတဲ့အခါ အူမကြီးနဲ့သက်ဆိုင်တဲ့ ပြသနာတွေကိုသက်သာစေတာကြောင့် အစာချေစနစ်ကို အင်မတန်အထောက်အကူပြုပါတယ်။ ဝမ်းလျှောခြင်းကိုလည်းသက်သာစေပါတယ်။

၄။ဆီးချိုးသမားများအတွက် သင့်တော်ခြင်း။

ဆီးချိုရောဂါသမားတွေ အစာအစာနဲ့ပတ်သတ်လာရင် အာသာပြင်းပြစိတ်ဖြစ်တတ်ကြပါတယ်။ ဗိုက်ဆာလာတဲ့အခါမှာပဲဖြစ်ဖြစ် တယ်သီးကိုစားပေးလိုက်တဲ့အခါ ဆီးချိုရောဂါသမားတွေအတွက်ခံတွင်းတွေ့စေမှာပါ။ ဒီ့အပြင် တယ်သီးက သွေးချိုနှုန်းကိုလည်းထိန်းညှိပေးပါတယ်။

၅။သွေးပေါင်ချိန်ကျစေခြင်း။

how-to-lower-blood-pressure-naturaly-800x416

ဆိုဒီယမ်များတဲ့အစားအသောက်တွေက သွေးပေါင်ချိန်ကိုတိုးစေပါတယ်။ ဒါပေမယ့် တယ်သီးမှာတော့ ဆိုဒီယမ်ဓာတ်အင်မတန်နည်းတဲ့အတွက် ဆီးချိုသမားတွေ အစာထိန်းစားရာမှာ ပါဝင်သင့်တဲ့ သစ်သီးတစ်မျိုးပါ။

၆။ကိုယ်ခံအားကောင်းစေခြင်း။

နေ့စဉ်ပုံမှန် ဗီတာမင် C ကိုမှီဝဲပေးတဲ့အခါ ကိုယ်ခံအားကောင်းစေပါတယ်။ ဗီတာမင်C ကြွယ်ဝတဲ့တယ်သီးကိုပုံမှန်စားသုံးပေးတဲ့အခါ သာမန်အအေးမိခြင်း၊ ဖျားနာခြင်းမှကာကွယ်ပေးတဲ့အပြင် ရင်ကြပ်ပန်းနာလိုမျိုး အဆုပ်နဲ့သက်ဆိုင်တဲ့ရောဂါပိုးများမှလည်း ကင်းဝေးစေပါတယ်။

၇။ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း။

2105-11-cancer-cell-therapy

တယ်သီးမှာ Antioxidants တွေကြွယ်ဝတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒီ့အပြင်တယ်သီးမှာ ဗီတာမင် A ပါဝင်ခြင်းကလည်း ကင်ဆာခုခံနှုန်းကို ပိုမြှင့်တင်ပေးပါတယ်။

၈။အမြင်အာရုံကောင်းစေခြင်း။

တယ်သီးမှာ ဗီတာမင် A ပါဝင်ပြီး ဗီတာမင် A ကအမြင်အာရုံကိုအားတိုးစေပါတယ်။

eye-care

၉။သွေးနီဆဲလ်ထုတ်လုပ်မှု တိုးတက်စေခြင်း။

တယ်သီးမှာပါဝင်တဲ့ Copper ဓာတ်က သံဓာတ်စုပ်ယူမှုကိုအားကောင်းစေလို့ သွေးနီဆဲထုတ်လုပ်မှုကို ကူညီမြှင့်တင်ပေးပါတယ်။

၁၀။အသည်းကိုကျန်းမာစေခြင်း။

တယ်သီးက အဆိပ်သင့်စေတဲ့ ဓာတ်ပစ္စည်းတွေဆီမှ ကာကွယ်ပေးပြီး ဆဲလ်ပျက်ဆီးခြင်းကိုလည်းတားဆီးပေးပါတယ်။ တစ်နည်းအားဖြင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ချေဖျက်ပေးပြီး အသည်းကိုကျန်းမာစေပါတယ်။

how-get-healthy-liver-baltimore-maryland

[Zawgyi]

တယ္သီးကို ၾကိဳက္တဲ့သူလည္းၾကိဳက္ၾကမွာပါ။ စာေရးသူစစားဖူးတုန္းကဆို နာမည္ေတာင္မသိဘူး။ ခရမ္းခ်ဥ္သီးနဲ႔တူတဲ့အသီးလို႔ေခၚခဲ့ဖူးတာ။ ဒါေပမယ့္ ေနာက္ပိုင္းမွ တယ္သီးလို႔ေခၚေဝၚေၾကာင္းသိလာခဲ့ရတယ္။ အခုေနာက္ပိုင္းမွ တြင္တြင္က်ယ္က်ယ္စားသံုးလာၾကတဲ့ တယ္သီးမွာလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြမနည္းပါဘူးေနာ္။

၁။ကိုယ္အေလးခ်ိန္က်ေစျခင္း။

cant-lose-weight

တယ္သီးထဲမွာ အဆီပါဝင္မႈအင္မတန္နည္းပါတယ္။ တယ္သီးအေနေတာ္အရြယ္တစ္လံုးမွာေတာင္ Carbohydrate ၃၁ဂရမ္ပဲပါဝင္ပါတယ္။ ဒါေၾကာင့္မို႔ ဝိတ္ခ်လိုတဲ့သူေတြ စားဖို႔အတြက္ အရမ္းသင့္ေတာ္တဲ့ သစ္သီးလို႔လည္းေျပာလို႔ရပါတယ္။

၂။သဘာဝအနာေပ်ာက္ေဆးျဖစ္ျခင္း။

ဂ်ပန္ေတြက တယ္သီးကို သဘာဝအနာေပ်ာက္ေဆးလို႔သတ္မွတ္ၾကပါတယ္။ ေရွးေခတ္အခါတုန္းက အနာေသြးထြက္လြန္တာကိုတိတ္ေစဖို႔ တယ္သီးကိုအသံုးျပဳၾကတယ္လို႔လည္းသိရပါတယ္။

၃။အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း။

Happy-Digestive-system

အမွ်င္ဓာတ္ၾကြယ္ဝစာေတြက အူမၾကီးရဲ႕လုပ္ေဆာင္ခ်က္ကို ေကာင္းမြန္ေစတယ္လုိ႔ သိထားၾကျပီးသားပါ။ အမွ်င္ဓာတ္ၾကြယ္ဝတဲ့တယ္သီးကို ပံုမွန္စားသံုးေပးတဲ့အခါ အူမၾကီးနဲ႔သက္ဆုိင္တဲ့ ျပသနာေတြကိုသက္သာေစတာေၾကာင့္ အစာေခ်စနစ္ကို အင္မတန္အေထာက္အကူျပဳပါတယ္။ ဝမ္းေလွ်ာျခင္းကိုလည္းသက္သာေစပါတယ္။

၄။ဆီးခ်ိဳးသမားမ်ားအတြက္ သင့္ေတာ္ျခင္း။

ဆီးခ်ိဳေရာဂါသမားေတြ အစာအစာနဲ႔ပတ္သတ္လာရင္ အာသာျပင္းျပစိတ္ျဖစ္တတ္ၾကပါတယ္။ ဗုိက္ဆာလာတဲ့အခါမွာပဲျဖစ္ျဖစ္ တယ္သီးကိုစားေပးလိုက္တဲ့အခါ ဆီးခ်ိဳေရာဂါသမားေတြအတြက္ခံတြင္းေတြ႔ေစမွာပါ။ ဒီ့အျပင္ တယ္သီးက ေသြးခ်ိဳႏႈန္းကိုလည္းထိန္းညွိေပးပါတယ္။

၅။ေသြးေပါင္ခ်ိန္က်ေစျခင္း။

how-to-lower-blood-pressure-naturaly-800x416

ဆိုဒီယမ္မ်ားတဲ့အစားအေသာက္ေတြက ေသြးေပါင္ခ်ိန္ကိုတိုးေစပါတယ္။ ဒါေပမယ့္ တယ္သီးမွာေတာ့ ဆိုဒီယမ္ဓာတ္အင္မတန္နည္းတဲ့အတြက္ ဆီးခ်ိဳသမားေတြ အစာထိန္းစားရာမွာ ပါဝင္သင့္တဲ့ သစ္သီးတစ္မ်ိဳးပါ။

၆။ကိုယ္ခံအားေကာင္းေစျခင္း။

ေန႔စဥ္ပံုမွန္ ဗီတာမင္ C ကုိမွီဝဲေပးတဲ့အခါ ကိုယ္ခံအားေကာင္းေစပါတယ္။ ဗီတာမင္C ၾကြယ္ဝတဲ့တယ္သီးကိုပံုမွန္စားသံုးေပးတဲ့အခါ သာမန္အေအးမိျခင္း၊ ဖ်ားနာျခင္းမွကာကြယ္ေပးတဲ့အျပင္ ရင္ၾကပ္ပန္းနာလိုမ်ိဳး အဆုပ္နဲ႔သက္ဆိုင္တဲ့ေရာဂါပိုးမ်ားမွလည္း ကင္းေဝးေစပါတယ္။

၇။ကင္ဆာေရာဂါကို တိုက္ဖ်က္ေပးျခင္း။

2105-11-cancer-cell-therapy

တယ္သီးမွာ Antioxidants ေတြၾကြယ္ဝတဲ့အတြက္ ကင္ဆာဆဲလ္ေတြကို တုိက္ဖ်က္ေပးပါတယ္။ ဒီ့အျပင္တယ္သီးမွာ ဗီတာမင္ A ပါဝင္ျခင္းကလည္း ကင္ဆာခုခံႏႈန္းကို ပိုျမွင့္တင္ေပးပါတယ္။

၈။အျမင္အာရုံေကာင္းေစျခင္း။

တယ္သီးမွာ ဗီတာမင္ A ပါဝင္ျပီး ဗီတာမင္ A ကအျမင္အာရုံကိုအားတိုးေစပါတယ္။

eye-care

၉။ေသြးနီဆဲလ္ထုတ္လုပ္မႈ တိုးတက္ေစျခင္း။

တယ္သီးမွာပါဝင္တဲ့ Copper ဓာတ္က သံဓာတ္စုပ္ယူမႈကိုအားေကာင္းေစလို႔ ေသြးနီဆဲထုတ္လုပ္မႈကို ကူညီျမွင့္တင္ေပးပါတယ္။

၁၀။အသည္းကိုက်န္းမာေစျခင္း။

တယ္သီးက အဆိပ္သင့္ေစတဲ့ ဓာတ္ပစၥည္းေတြဆီမွ ကာကြယ္ေပးျပီး ဆဲလ္ပ်က္ဆီးျခင္းကိုလည္းတားဆီးေပးပါတယ္။ တစ္နည္းအားျဖင့္ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ေခ်ဖ်က္ေပးျပီး အသည္းကိုက်န္းမာေစပါတယ္။

how-get-healthy-liver-baltimore-maryland