အသားအရေ မလှရင် ဘယ်လောက်ဘဲ မိတ်ကပ်တွေ နဲ့ ဖုံးဖုံး ပြင်ပြင် ကိုယ်စိတ်တိုင်းကျ လှပမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားအရေ လှပဖို့ကလည်း အရေးကြီးပြန်ပါတယ်။

အသားအရေကို ကြည်လင်လှပစေမယ့် အသီးအများအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီအသီးက အသားအရေအတွက် အကျိုးအများကြီးရှိတဲ့ အသီးဖြစ်ပါတယ်။ သူတို့မှာ antioxidnats ဓာတ်တွေ အများကြီးပါဝင်ပြီး အမျှင်ဓာတ်တွေ ကြွယ်ဝကာ ဗီတာမင် အေ နဲ့ စီတို့လည်း ပါဝင်ပါတယ်

ပန်းသီး

ပန်းသီးကလည်း အသားအရေ လှပဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင် အနီရောင် ပန်းသီးကို ရွေးချယ်သင့်ပါတယ်။ သူတို့မှာ collagen ဓာတ် တွေ အများကြီးပါဝင်တာကြောင့် အသက်အရွယ်ကြီးမြင့်လာရင်ဖြစ်တေတ်တဲ့ အသားအရေ တွဲမှုတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

ဖရဲသီး

နွေရာသီဆိုရင်တော့ ဖရဲသီးကတော့ စားမလောက်ပါဘဲ။ သူ့မှာ သဘာ၀ အချိုဓာတ်ပါဝင်တဲ့အပြင် အသီးတစ်ခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် အသားအရေ ခြောက်ခမ်းတာတွေကို ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက ပိုတက်ဆီယမ် ဓာတ်တွေ အများကြီးပါဝင်တဲ့ အစားအစာဖြစ်ပြီး ပိုတက်ဆီယမ်က အသားအရေ ရဲ့ စိုစွတ်မှု ကို ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။ အသားအရေ ခမ်းခြောက်တာက ပိုတက်ဆီယမ် ဓာတ် မလုံလောက်လို့ ဖြစ်ကြတာပါ။ ဒါကြောင့် ငှက်ပျောသီးကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

နာနတ်သီး

နာနတ်သီးကို တချို့ လူမျိုးတွေက ဆေးဘက်ဝင်အပင်အဖြစ်တောင် သတ်မှတ်ကြပါတယ်။ သူ့မှာ bromelain ဆိုတဲ့ အမ်ဇိုင်းပါဝင်တာကြောင့် အသားအရေ ယောင်ယမ်းတာတွေ၊ ဖောင်းနေတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

ကီဝီသီး

ကီဝီသီးတွေမှာ အသားအရေ စိုပြေ လှပဖို့အတွက် အဓိကကျတဲ့ ဗီတာမင်စီ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

အာလူး

ချိုင်းအသားအရေ မည်းနေလို့ စိတ်ညစ်နေတဲ့ ပျိုမေလေးတွေအတွက်လည်း အာလူးက ကူညီပေးပါလိမ့်မယ်။ အာလူးကို ပါးပါးလှီးပြီး မည်းနေတဲ့ ချိုင်းနေရာမှာ ၁၀ မိနစ်လောက် ကပ်လိုက်ပါ။ ပြီးရင် ခွာပြီး ရေနွေးပူပူနဲ့ ဆေးလိုက်ပါ။ အာလူးမှာ ပျော့တဲ့ အက်ဆက်အမျိုးအစားတွေ ပါဝင်တာကြောင့် အသားအရေမည်းနေတာတွေကို ပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Featured Image Source: Yoga Digest