တစ်နေ့ကို ဘလူးဘယ်ရီသီး အနည်းငယ်ခန့် စားသုံးပေးခြင်းက အမြင်အာရုံအားနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ် သွယ်လျကျစ်လျစ်နေဖို့ဆိုပြီး ပေါင်မုန့်တွေ ရှောင်စရာ မလိုပါဘူး။ အစာအာဟာရများကို ညီညွှတ်မျှတစွာ စားသုံးခြင်းက သင့်ကို ကျန်းမာနေအောင် ကူညီပေးနိုင်လို့ပဲဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်အစားအစာက ခန္ဓာကိုယ်ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းတွေအတွက် အထောက်အကူပြုနိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ပေါင်မုန့်

ဗီတာမင် B6 နဲ့ B9 တို့ ကြွယ်ဝစွာပါဝင်တဲ့ ပေါင်မုန့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး အရိုးအဆစ်နဲ့ ကြွက်သားများအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးကတော့ မျက်လုံးအတွက် အမြင်အာရုံကောင်းမွန်စေပြီး အသားအရေအလှအပအတွက်လည်း စားသုံးသင့်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးကတော့ နှလုံးသွေးကြောများကို သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် နှလုံးအတွက် အကျိုးပြုတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီကို တစ်နေ့တစ်လုံးစားသုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ရောဂါပိုးမွှားများ အလွယ်တကူ ဝင်ရောက်မလာအောင် ကူညီပေးပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အချိန်အကြာကြီး ဗိုက်ပြည့်နေအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။အ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

အစေ့အဆံနှင့် အခွံမာသီးများ

အခွံမာသီးတွေကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေလေး တင်းရင်းလှပနေအောင် Glow နေအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ထိုအစားအစာကို အလွန်အကျွံစားသုံးခြင်းက ကိုယ်အလေးချိန် တက်စေတာကိုတော့ သတိပြုသင့်ပါတယ်။

ငရုတ်ပွ

ငရုတ်ပွများကတော့ ကိုယ်လက်စတောကို လျော့ချပေးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် စီနဲ့ ဗီတာမင်အီးကတော့ ဆံကေသာအလှနဲ့ အသားအရေအလှအပအတွက် အထောက်အကူဖြစ်စေပါတယ်။

ပဲအမျိုးမျိုး

ပဲတောင့်ရှည်၊ ပဲသီး စတဲ့ ပဲအမျိုးမျိုးကတော့ ဆီးချိုသမားများအတွက် အဖော်မွန်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆဲလ်ဟောင်းများကို ဖယ်ရှားပေးပြီး ဆဲလ်သစ်များ ထုတ်လုပ်တဲ့နေရာမှာ တစ်တပ်တစ်အား ကူညီပေးပါသေးတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကတော့ နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပြီး သွေးနီဥဆဲလ်များအတွက် မရှိမဖြစ်အရေးပါတဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

သဖန်းသီး

သဖန်းသီးကတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီး အရိုးပွရောဂါ မခံစားရအောင် အရိုးများ ကျန်းမာကြံ့ခိုင်အောင် ကူညီပေးနိုင်ပါတယ်။

ကြက်ဥ

ဗီတာမင် အမျိုးအစားအားလုံးကို တစ်စုတစည်းထဲ တွေ့ရှိနိုင်တာကတော့ ကြက်ဥပဲဖြစ်ပါတယ်။ ဒါ့အပြင် အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်က နည်းစနစ်မှန်မှန် ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးနိုင်ပါတယ်။

Source: Brightside.me