[Unicode]

လူတိုင်းလူတိုင်းက နုပျိုချင်ကြတာပါပဲ။ အဲ့ဒီ့အတွက် ရှာဖွေလိုက်ရတဲ့ဆေးဝါးတွေ၊ ထုတ်လုပ်လိုက်ရတဲ့အလှကုန်ပစ္စည်းတွေလည်းမနည်းတော့ပါဘူး။ တချို့ဆို ပိုက်ဆံသိန်းပေါင်းများစွာ အကုန်ခံပြီးတောင် ဆေးတွေထိုးလာကြပါတယ်။ ဘယ်လောက်ပဲမဆို သဘာဝကိုအန်တုပြီးလုပ်တဲ့ အရာမှန်သမျှက ဘယ်တော့မှမတည်မြဲပါဘူး။

ဒါဆို မျက်နှာပေါ်ကအရေးကြောင်းတွေ၊ အရေပြားခြောက်သွေ့မှုတွေကို ဘယ်လိုမောင်းထုတ်မလဲ။ မပူပါနဲ့။ ကိုယ့်ရဲ့စားသောက်ပုံစနစ်ကိုပြောင်းပေးလိုက်ရုံနဲ့ လှပပျိုမြစ်တဲ့ အသားအရေပိုင်ဆိုင်ရမှာပါ။

၁။ထောပတ်သီး

ထောပတ်သီးကို ၁၀ မိနစ်အတွင်း မှည့်အောင် ဘယ်လိုလုပ်မလဲ

အသားအရေဝင်းပဖို့အတွက် ထောပတ်သီးက အကောင်းဆုံးဆေးပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာအဆီဓာတ်ကြွယ်ဝနှုန်းများလို့ပါပဲ။ တချို့တွေက ဝိတ်လျှော့ဖို့အတွက် ထောပတ်သီးကိုရှောင်ကြပါတယ်။ တကယ်တမ်းဆိုမမှန်ပါဘူး။ ထောပတ်သီးမှာ ပါဝင်တဲ့အဆီအက်စစ်က ကောင်းတဲ့ကိုလက်စထရောတွေကို ထုတ်လုပ်ပေးတဲ့အတွက် ကိုယ်အလေးချိန်မတက်စေပါဘူး။ ကောင်းတဲ့ကိုလက်စထရောတွေက အရေပြားကိုကျန်းမာစေဖို့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့်မို့လည်း အသားအရေကို နူးညံ့ပြီး ငယ်ရွယ်နုပျိုစေပါတယ်။

ထောပတ်သီးက ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး တစ်ဝက်ခန့်စားပေးသင့်ပါတယ်။ ကိုယ်ကြိုက်တဲ့သစ်သီးဖျော်ရည်ထဲလည်းရောသောက်လို့ရပါတယ်။

၂။ဥများ

Source: spesialgrossisten.no

ဥတွေမှာပါဝင်တဲ့ HDL ကိုလက်စထရောတွေက လှပချောမွတ်တဲ့အရေပြားရရှိဖို့အတွက် ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ဥတွေစားသုံးပေးခြင်းဖြင့် ကောင်းတဲ့ကိုလက်စထရောနှုန်းကို တိုးမြှင့်ပေးရုံသာမကပဲ ပရိုတင်းဓာတ်တွေပါ အလုံအလောက်ရရှိမှာပါ။

နေ့တိုင်း ကြက်ဥပြုတ်တစ်လုံးစားပေးပါ။

၃။အစိမ်းရင့်ရောင်အရွက်များ

Image result for leafy green vegetables

ကိုက်လန်၊ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ် အစရှိတဲ့အစိမ်းရင့်ရောင် အရွက်တွေမှာ sulphorafane နဲ့ indole-3 carbinol လိုခေါ်တဲ့သဘာဝဒြပ်ပေါင်းတွေပါဝင်ပါတယ်။ အဲ့ဒီ့ဒြပ်ပေါင်းတွေက အက်စထရိုဂျင် ဟော်မုန်းဓာတ်ရရှိဖို့ အသည်းနဲ့ပေါင်းစပ်အလုပ်လုပ်ပါတယ်။ အက်စထရိုဂျင်က နုပျိုလန်းဆန်းတဲ့အသားအရေအတွက် အကောင်းဆုံးဟော်မုန်းပါ။ ဒီ့အပြင် အရေးကြောင်းတွေကို ပျောက်ကင်းစေနိုင်ပြီး အသားအရေကို သူ့အလိုလိုပြုပြင်နိုင်စွမ်းလည်းပေးပါတယ်။

နေ့တိုင်း ဇလုံတစ်ဝက်စာလောက်စားပေးပါ။

အရွယ်တင်နုပျိုစေမယ့်လျှို့ဝှက်ချက်ကို သိရပြီဆိုတော့ မနက်ဖြန်ကစပြီး စတင်စားသုံးပေးပါ။ တစ်နေ့ကို ရေ(၈)ဖန်ခွက်သောက်ဖို့လည်းမမေ့ပါနဲ့နော်။ ဒါမှသာ အသားအရေကို ရေဓာတ်အလုံအလောက်ပေးနိုင်မှာပါ။

Featured Image Source: Happy Hormones For Life

[Zawgyi]

လူတိုင္းလူတိုင္းက နုပ်ိဳခ်င္ၾကတာပါပဲ။ အဲ့ဒီ့အတြက္ ရွာေဖြလိုက္ရတဲ့ေဆး၀ါးေတြ၊ ထုတ္လုပ္လုိက္ရတဲ့အလွကုန္ပစၥည္းေတြလည္းမနည္းေတာ့ပါဘူး။ တခ်ိဳ႔ဆို ပိုက္ဆံသိန္းေပါင္းမ်ားစြာ အကုန္ခံျပီးေတာင္ ေဆးေတြထိုးလာၾကပါတယ္။ ဘယ္ေလာက္ပဲမဆို သဘာ၀ကိုအန္တုျပီးလုပ္တဲ့ အရာမွန္သမွ်က ဘယ္ေတာ့မွမတည္ျမဲပါဘူး။

ဒါဆို မ်က္နွာေပၚကအေရးေၾကာင္းေတြ၊ အေရျပားေျခာက္ေသြ႔မႈေတြကို ဘယ္လိုေမာင္းထုတ္မလဲ။ မပူပါနဲ႔။ ကိုယ့္ရဲ႕စားေသာက္ပံုစနစ္ကိုေျပာင္းေပးလိုက္ရုံနဲ႔ လွပပ်ိဳျမစ္တဲ့ အသားအေရပိုင္ဆိုင္ရမွာပါ။

၁။ေထာပတ္သီး

ေထာပတ္သီးကို ၁၀ မိနစ္အတြင္း မွည့္ေအာင္ ဘယ္လိုလုပ္မလဲ

အသားအေရ၀င္းပဖို႔အတြက္ ေထာပတ္သီးက အေကာင္းဆံုးေဆးပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာအဆီဓာတ္ၾကြယ္၀ႏႈန္းမ်ားလို႔ပါပဲ။ တခ်ိဳ႔႕ေတြက ၀ိတ္ေလွ်ာ႔ဖို႔အတြက္ ေထာပတ္သီးကိုေရွာင္ၾကပါတယ္။ တကယ္တမ္းဆိုမမွန္ပါဘူး။ ေထာပတ္သီးမွာ ပါ၀င္တဲ့အဆီအက္စစ္က ေကာင္းတဲ့ကိုလက္စထေရာေတြကို ထုတ္လုပ္ေပးတဲ့အတြက္ ကိုယ္အေလးခ်ိန္မတက္ေစပါဘူး။ ေကာင္းတဲ့ကိုလက္စထေရာေတြက အေရျပားကိုက်န္းမာေစဖို႔ ေဟာ္မုန္းေတြကို ထုတ္လုပ္ေပးပါတယ္။ ဒါေၾကာင့္မို႔လည္း အသားအေရကို ႏူးညံ့ျပီး ငယ္ရြယ္ႏုပ်ိဳေစပါတယ္။

ေထာပတ္သီးက က်န္းမာေရးအက်ိဳးေက်းဇူးေတြရရွိဖို႔ဆိုရင္ တစ္ေန႔ကို အနည္းဆံုး တစ္၀က္ခန္႔စားေပးသင့္ပါတယ္။ ကုိယ္ၾကိဳက္တဲ့သစ္သီးေဖ်ာ္ရည္ထဲလည္းေရာေသာက္လို႔ရပါတယ္။

၂။ဥမ်ား

Source: spesialgrossisten.no

ဥေတြမွာပါ၀င္တဲ့ HDL ကိုလက္စထေရာေတြက လွပေခ်ာမြတ္တဲ့အေရျပားရရွိဖို႔အတြက္ ေဟာ္မုနး္ေတြကိုထုတ္လုပ္ေပးပါတယ္။ဥေတြစားသံုးေပးျခင္းျဖင့္ ေကာင္းတဲ့ကိုလက္စထေရာႏႈနး္ကို တိုးျမွင့္ေပးရုံသာမကပဲ ပရုိတင္းဓာတ္ေတြပါ အလံုအေလာက္ရရွိမွာပါ။

ေန႔တုိင္း ၾကက္ဥျပဳတ္တစ္လံုးစားေပးပါ။

၃။အစိမ္းရင့္ေရာင္အရြက္မ်ား

Image result for leafy green vegetables

ကိုက္လန္၊ပန္းေဂၚဖီစိမ္း၊ ဟင္းႏုနယ္ အစရွိတဲ့အစိမ္းရင့္ေရာင္ အရြက္ေတြမွာ sulphorafane နဲ႔ indole-3 carbinol လိုေခၚတဲ့သဘာ၀ျဒပ္ေပါင္းေတြပါ၀င္ပါတယ္။ အဲ့ဒီ့ျဒပ္ေပါင္းေတြက အက္စထရုိဂ်င္ ေဟာ္မုန္းဓာတ္ရရွိဖို႔ အသည္းနဲ႔ေပါင္းစပ္အလုပ္လုပ္ပါတယ္။ အက္စထရိုဂ်င္က ႏုပ်ိဳလန္းဆန္းတဲ့အသားအေရအတြက္ အေကာင္းဆံုးေဟာ္မုန္းပါ။ ဒီ့အျပင္ အေရးေၾကာင္းေတြကို ေပ်ာက္ကင္းေစႏုိင္ျပီး အသားအေရကို သူ႔အလုိလိုျပဳျပင္ႏုိင္စြမ္းလည္းေပးပါတယ္။

ေန႔တိုင္း ဇလံုတစ္၀က္စာေလာက္စားေပးပါ။

အရြယ္တင္ႏုပ်ိဳေစမယ့္လွ်ိဳ႕၀ွက္ခ်က္ကို သိရျပီဆိုေတာ့ မနက္ျဖန္ကစျပီး စတင္စားသံုးေပးပါ။ တစ္ေန႔ကို ေရ(၈)ဖန္ခြက္ေသာက္ဖို႔လည္းမေမ့ပါနဲ႔ေနာ္။ ဒါမွသာ အသားအေရကို ေရဓာတ္အလံုအေလာက္ေပးႏိုင္မွာပါ။

Featured Image Source: Happy Hormones For Life