[Unicode]

ကော်ဖီသောက်ရတာကြိုက်ပေမယ့် ကော်ဖီသောက်ပြီးနောက် ဗိုက်အောင့်ပြီး မအီမသာဖြစ်နေပြီလား။

ဒါက အကြီးစားကျန်းမာရေးပြဿနာမဟုတ်တာကြောင့် အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။ သင်က ကျန်းမာရေး တစ်စုံတစ်ရာချို့ယွင်းနေတာလည်း မဟုတ်သလို သင် တစ်ယောက်တည်း ဒီလိုခံစားနေရတာမဟုတ်ပါဘူး။

ဒီလိုကော်ဖီသောက်ပြီးတိုင်း ဗိုက်အောင့်ရခြင်းအကြောင်းအရင်းအမြောက်အမြားရှိပါတယ်။ ထိုထဲကမှ အဓိကအကျဆုံး အကြောင်းအရင်းသုံးမျိုးကို ဖော်ပြပေးချင်ပါတယ်။

(၁) သင့် အစာအိမ်က ကော်ဖီရဲ့ အက်ဆစ်ဓာတ်ကို ခံနိုင်ရည်မရှိလို့ပါ

ကျွနု်ပ်တို့ရဲ့ အစာချေစနစ်က အက်ဆစ်တွေကို အမှီသဟဲပြုပြီး အစာချေဖျက်ပေးပြီး အလုပ်လုပ်ကိုင်နေကြတာပါ။ ထိုအက်ဆစ်များက ကျွနု်ပ်တို့ စားသုံးလိုက်တဲ့ အစားအစာများကို စွမ်းအင်လောင်စာအဖြစ် ပြန်လည်အသုံးပြုနိုင်အောင် ကူညီပေးတာကြောင့် ထိုအက်ဆစ်ဓာတ်များကို မရှိမဖြစ်လိုအပ်ပါတယ်။

ဒါပေမဲ့ ထိုအက်ဆစ်ဓာတ်များသွားရင်လည်း ပြဿနာကြုံတွေ့ရနိုင်ပါတယ်။ ကြီးကြီးမားမားကျန်းမာရေးပြဿနာတော့မဟုတ်ပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပါပဲ။ တကယ်လို့ သင်က အက်ဆစ်ပါဝင်မှုများတဲ့ ဖျော်ရည်များ၊ အစားအစာများ စားသုံးခြင်းကြောင့် မအီမသာဖြစ်ရတာဆိုရင်တော့ ထိုအစားအစာ စားသုံးမှုတို့ကို ရပ်တန့်ခြင်း (သို့) လျော့ချသင့်နေပါပြီ။

(၂) သင့် အစာအိမ်က ကော်ဖီရဲ့ ကာဖိန်းဓာတ်ကို မခံနိုင်လို့ပါ

သင် သောက်သုံးလိုက်တဲ့ ကာဖိန်းဓာတ်က သင့် အစာအိမ်ထဲမှာ အက်ဆစ်တွေ ပိုထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ တကယ်လို့ သင့်ကော်ဖီထဲမှာ အက်ဆစ်ဓာတ် နည်းနည်းပဲ ပါတယ်ဆိုရင်တောင် ကော်ဖီထဲမှာပါတဲ့ ကာဖိန်းဓာတ်က အက်ဆစ်ဓာတ်တွေ ပွားလာအောင် လှုံ့ဆော်ပေးမှာပဲဖြစ်ပါတယ်။

တကယ်လို့ သင်က တစ်နေ့ကို ကော်ဖီ ၄ ခွက် ၅ ခွက်လောက် သောက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ တစ်ခွက်ကနေ နှစ်ခွက်အတွင်းသာ သောက်သုံးဖို့ လျော့ချပစ်လိုက်ပါ။

ဒါမှမဟုတ် ကော်ဖီသောက်ပြီးတိုင်းမှာ ငှက်ပျောသီး စားသုံးပေးလိုက်ပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အယ်ကာလိုင်းဓာတ်က ကော်ဖီက ဖန်တီးလိုက်တဲ့ အက်ဆစ်ဓာတ်ကို ချေဖျက်ပေးနိုင်တာကြောင့် ဗိုက်အောင့်ခြင်းမျိုး ခံစားရမှာမဟုတ်တော့ပါဘူး။

(၃) ဗိုက်ထဲမှာ အစာမရှိဘဲနဲ့ ကော်ဖီသောက်လို့ပါ

ဒီအချက်ကတော့ တော်တော်များများ ပြုလုပ်လေ့ရှိကြပါတယ်။ အစာမရှိဘဲနဲ့ ကော်ဖီသောက်လိုက်တဲ့အခါ ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။

ဒါ့ကြောင့် ဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်လိုက်ပါ။

Source: javapresse.com

[Zawgyi]

ေကာ္ဖီေသာက္ရတာႀကိဳက္ေပမယ့္ ေကာ္ဖီေသာက္ၿပီးေနာက္ ဗိုက္ေအာင့္ၿပီး မအီမသာျဖစ္ေနၿပီလား။

ဒါက အႀကီးစားက်န္းမာေရးျပႆနာမဟုတ္တာေၾကာင့္ အရမ္းႀကီး စိုးရိမ္စရာမလိုပါဘူး။ သင္က က်န္းမာေရး တစ္စံုတစ္ရာခ်ိဳ႕ယြင္းေနတာလည္း မဟုတ္သလို သင္ တစ္ေယာက္တည္း ဒီလိုခံစားေနရတာမဟုတ္ပါဘူး။

ဒီလိုေကာ္ဖီေသာက္ၿပီးတိုင္း ဗိုက္ေအာင့္ရျခင္းအေၾကာင္းအရင္းအေျမာက္အျမား႐ွိပါတယ္။ ထိုထဲကမွ အဓိကအက်ဆံုး အေၾကာင္းအရင္းသံုးမ်ိဳးကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) သင့္ အစာအိမ္က ေကာ္ဖီရဲ႕ အက္ဆစ္ဓာတ္ကို ခံႏိုင္ရည္မ႐ွိလို႔ပါ

ကြ်ႏု္ပ္တို႔ရဲ႕ အစာေခ်စနစ္က အက္ဆစ္ေတြကို အမွီသဟဲျပဳၿပီး အစာေခ်ဖ်က္ေပးၿပီး အလုပ္လုပ္ကိုင္ေနၾကတာပါ။ ထိုအက္ဆစ္မ်ားက ကြ်ႏု္ပ္တို႔ စားသံုးလိုက္တဲ့ အစားအစာမ်ားကို စြမ္းအင္ေလာင္စာအျဖစ္ ျပန္လည္အသံုးျပဳႏိုင္ေအာင္ ကူညီေပးတာေၾကာင့္ ထိုအက္ဆစ္ဓာတ္မ်ားကို မ႐ွိမျဖစ္လိုအပ္ပါတယ္။

ဒါေပမဲ့ ထိုအက္ဆစ္ဓာတ္မ်ားသြားရင္လည္း ျပႆနာႀကံဳေတြ႔ရႏိုင္ပါတယ္။ ႀကီးႀကီးမားမားက်န္းမာေရးျပႆနာေတာ့မဟုတ္ေပမယ့္ စိတ္အေႏွာင့္အယွက္ျဖစ္ေစတာေတာ့ အမွန္ပါပဲ။ တကယ္လို႔ သင္က အက္ဆစ္ပါဝင္မႈမ်ားတဲ့ ေဖ်ာ္ရည္မ်ား၊ အစားအစာမ်ား စားသံုးျခင္းေၾကာင့္ မအီမသာျဖစ္ရတာဆိုရင္ေတာ့ ထိုအစားအစာ စားသံုးမႈတို႔ကို ရပ္တန္႔ျခင္း (သို႔) ေလ်ာ့ခ်သင့္ေနပါၿပီ။

(၂) သင့္ အစာအိမ္က ေကာ္ဖီရဲ႕ ကာဖိန္းဓာတ္ကို မခံႏိုင္လို႔ပါ

သင္ ေသာက္သံုးလိုက္တဲ့ ကာဖိန္းဓာတ္က သင့္ အစာအိမ္ထဲမွာ အက္ဆစ္ေတြ ပိုထြက္လာေအာင္ လႈံ႔ေဆာ္ေပးပါတယ္။ တကယ္လို႔ သင့္ေကာ္ဖီထဲမွာ အက္ဆစ္ဓာတ္ နည္းနည္းပဲ ပါတယ္ဆိုရင္ေတာင္ ေကာ္ဖီထဲမွာပါတဲ့ ကာဖိန္းဓာတ္က အက္ဆစ္ဓာတ္ေတြ ပြားလာေအာင္ လႈံ႔ေဆာ္ေပးမွာပဲျဖစ္ပါတယ္။

တကယ္လို႔ သင္က တစ္ေန႔ကို ေကာ္ဖီ ၄ ခြက္ ၅ ခြက္ေလာက္ ေသာက္တတ္တဲ့အက်င့္႐ွိတယ္ဆိုရင္ေတာ့ တစ္ခြက္ကေန ႏွစ္ခြက္အတြင္းသာ ေသာက္သံုးဖို႔ ေလ်ာ့ခ်ပစ္လိုက္ပါ။

ဒါမွမဟုတ္ ေကာ္ဖီေသာက္ၿပီးတိုင္းမွာ ငွက္ေပ်ာသီး စားသံုးေပးလိုက္ပါ။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ အယ္ကာလိုင္းဓာတ္က ေကာ္ဖီက ဖန္တီးလိုက္တဲ့ အက္ဆစ္ဓာတ္ကို ေခ်ဖ်က္ေပးႏိုင္တာေၾကာင့္ ဗိုက္ေအာင့္ျခင္းမ်ိဳး ခံစားရမွာမဟုတ္ေတာ့ပါဘူး။

(၃) ဗိုက္ထဲမွာ အစာမ႐ွိဘဲနဲ႔ ေကာ္ဖီေသာက္လို႔ပါ

ဒီအခ်က္ကေတာ့ ေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ေလ့႐ွိၾကပါတယ္။ အစာမ႐ွိဘဲနဲ႔ ေကာ္ဖီေသာက္လိုက္တဲ့အခါ ရင္တုန္ပန္းတုန္ျဖစ္ျခင္း၊ ႏွလံုးခုန္ျမန္ျခင္း စတဲ့ က်န္းမာေရးျပႆနာေတြကို ႀကံဳေတြ႔ရတတ္ပါတယ္။

ဒါ့ေၾကာင့္ ဗိုက္ထဲမွာ အစာမ႐ွိဘဲ ေကာ္ဖီေသာက္သံုးျခင္းကို တတ္ႏိုင္သမွ် ေ႐ွာင္ၾကဥ္လိုက္ပါ။

Source: javapresse.com