Detox ဖျော်ရည်ဆိုတာ ဝိတ်ကျစေဖို့ အထောက်အကူဖြစ်စေရုံသာမကပဲ ခန္ဓာကိုယ်မှာရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း သန့်စင်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ Detox Lemon Water ကို သောက်သုံးပေးနိုင်ပါတယ်။

Ginger Lemon Tea

Ginger Lemon Tea ဆိုတာလည်း Detox Lemon Water တစ်မျိုးပါပဲ။ သူ့ကိုသောက်သုံးပေးခြင်းက ကျန်းမာရေးကိုကောင်းမွန်စေပြီး အဆီပိုတွေကိုလည်း လျော့ကျစေပါတယ်။ ကိုယ်တွင်းရှိအဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

Lemon and Cucumber

Lemon နဲ့ သခွားသီးကို အဓိကထားပြီးပြုလုပ်ထားတဲ့ Detox Lemon Water တစ်မျိုးပါ။ သူ့ရဲ့ပြုလုပ်ပုံကတော့ ရေထဲကို သခွားသီစိပ်လေးတွေထည့်ပြီး ဂျင်းတွေကိုလှီးထည့်ပါ။ ပြီးရင်တော့ Lemon အရည်ညှစ်ထည့်လိုက်ရုံပါပဲ။ ဒီဖျော်ရည်ကလည်း သင့်ကိုဝိတ်ကျစေပြီး ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်ကို ဖယ်ရှားပေးပါတယ်။

Honey and Lemon Water

ပျားရည်နဲ့ Lemon Water ကို ရောထားတဲ့ Detox Lemon Water ပါ။ ဖန်ခွက်တစ်ခွက်ထဲကို ရေနွေးထည့်ပြီး Lemon Juice – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောထည့်မွှေကာ သောက်ပေးနိုင်ပါတယ်။ သင့်ကိုဝိတ်ကျစေမယ့်အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်ထက်ပိုမသောက်ရပါဘူး။

ဒီနည်းလမ်းသုံးမျိုးထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

Photo Source: www.womensok.com