ကီဝီသီး အစပြုရာနေရာကတော့ နယူဇီလန်နိုင်ငံလို့ ပြောကြပေမယ့် သူ့ရဲ့ တကယ့်အရင်းအမြစ်နေရာဒေသကတော့ တရုတ်နိုင်ငံတောင်ပိုင်းဒေသပဲဖြစ်ပါတယ်။ ကီဝီသီးလို့ မခေါ်တွင်ခင်မှာ တရုတ်လို Yang Tao ဆိုပြီး ခေါ်ဝေါ်လေ့ရှိကြပါတယ်။

နောက်ပိုင်းကျတော့မှ အစားအသောက်သယ်ယူပို့ဆောင်ပေးသူတစ်ယောက်က နယူဇီလန်နိုင်ငံက အမြင့်ပေပေါင်းများစွာအထိ မကြောက်မရွံ့ဘဲပျံသန်းနိုင်တဲ့ ကီဝီငှက်ကို အစွဲပြုပြီး ကီဝီသီးလို့ ပြောင်းခေါ်ခဲ့ရာကနေ ထိုအသီးကို နယူဇီလန်နိုင်ငံမှ ပြန့်ပွားသွားတယ်လို့ အထင်မှားနေကြတာပဲဖြစ်ပါတယ်။

အရသာရှိတဲ့ ကီဝီသီးက ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်လည်း အထူးသင့်တော်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ ကီဝီသီးကို ဘာ့ကြောင့် စားသုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ဖောလစ်အက်ဆစ် ကြွယ်ဝခြင်း

ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်မိခင်အတွက်ရော သန္ဓေသားကျန်းမာရေးအတွက်ပါ ကောင်းကျိုးပေးစွမ်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကတော့ ဖောလစ်အက်ဆစ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲက သန္ဓောသားလေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းများ ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်ရန်အတွက်လည်း ဖောလစ်အက်ဆစ်ဓာတ်လိုအပ်ပါတယ်။ ကလေးယူဖို့အစီအစဉ်ရှိတဲ့ မိခင်လောင်းများအနေနဲ့လည်း ကီဝီသီးကို စားသုံးပေးနိုင်ပါသေးတယ်။

အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တဲ့ ကျန်းမာရေးပြဿနာကို နေ့စဉ်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်း ကင်းဝေးချင်တယ်ဆိုရင်တော့ ကီဝီသီးကို မှန်မှန်စားသုံးပေးလိုက်ပါ။ ကီဝီသီးမှာ အမျှင်ဓာတ်ကြွယ်ဝမှု များပြားတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ကို သက်သာစေမှာပဲဖြစ်ပါတယ်။

Antioxidants များ ကြွယ်ဝစွာပါဝင်ခြင်း

ကျန်းမာတဲ့ ကလေးလေးကို မွေးဖွားနိုင်ဖို့ရန်အတွက် မွေးဖွားပေးမယ့် မိခင်ကိုယ်တိုင်ကလည်း ကျန်းမာနေဖို့လိုပါတယ်။ ကိုးလလွယ်ထားရတဲ့ အတောအတွင်းမှာ မူးဝေ အော့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း စတဲ့ ရောဂါတွေကို အမြဲတမ်းခံစားနေရမှာပါ။ ဒီလို တစ်ချိန်လုံးအားနည်းနေတာမျိုး မကြုံချင်ဘူးဆိုရင်တော့ Antioxidants ဓာတ်ကြွယ်ဝတဲ့ ကီဝီသီးကို စားသုံးပေးလိုက်ပါ။

ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် စီနဲ့ ဗီတာမင် ဒီက စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးမှာဖြစ်ပြီး နေမကောင်း ဖျားနာစေမယ့် ဘက်တီးရီးယားပိုးမွှားများလည်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာစေဖို့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုးကောင်းကျိုးတွေ ပေးစွမ်းနိုင်တဲ့ ကီဝီသီး စားသုံးရင်း ကိုယ်ဝန်ဆောင်ကာလကို ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ပါ။

Source: stylecraze.com