ပဲနံ့သာစေ့က ဆီးချိုရောဂါအတွက် အထိရောက်ဆုံးသော မီးဖိုချောင်သုံး ဆေးတစ်ခွက်ဖြစ်ပါတယ်။အစာစားပြီးနောက် အချိုစုပ်ယူနှုန်းကို လျှေ့ချပေးတဲ့အတွက် သွေးချိုနှုန်းကို ထိန်းညှိပေးပါတယ်။

ပဲနံ့သာစေ့ကို ပုံမှန်စားပေးခြင်းဖြင့် ဆီးချိုရောဂါအပြင်သွေးထဲရှိ မလိုအပ်တဲ့ ကိုလက်စထရော ဓာတ်တွေကိုပါ လျှော့ချပေးတဲ့အတွက် နှလုံးနှင့် သက်ဆိုင်တဲ့ ရောဂါတွေဖြစ်ရခြင်းမှလည်းကာကွယ်ပေးပါတယ်။

ဒါဆို သွေးချိုနှုန်းထိန်းညှိရာမှာ ကူညီပေးမယ့် ပဲနံ့သာစေ့ကို ဘယ်လိုနည်းတွေနဲ့စားကြမလဲ။

၁။ရေစိမ်သောက်နည်း

Image result for fenugreek paste

ပဲနံ့သာစေ့ကို တစ်ညတာရေစိမ်ပြီး မနက်စောစောအစာမရှိချိန်စားပေးခြင်းကို ရှေးရိုးဆေးနည်းတွေကတည်းက အသုံးပြုလာကြပါတယ်။ အဲ့ဒီ့အတွက် ပဲနံ့သာစေ့ ၁၅ဂရမ်နဲ့ ရေ ၈ အောင်စလောက်လိုအပ်ပါတယ်။

ပဲနံ့သာစေ့ကို ခွက်တစ်ခွက်ထဲထည့်ထားပါ။ လိုအပ်တဲ့ရေပမာဏကို ဆူအောင်တည်ပြီး ပဲနံ့သာစေ့ထည့်ထားတဲ့ ခွက်ထဲကိုလောင်းပေးပါ။ဖန်ခွက်ကို အဖုံးအုပ်ပြီး တစ်ညတာစိမ်ထားပါ။ မနက်ရောက်ရင် ရေစိမ်ထားတဲ့ ပဲနံ့သာစေ့ကို ညက်ညောအောင်ကြိတ်ပြီး စိမ်ထားတဲ့ရေနဲ့ရောသောက်ပေးပါ။

၂။ ပဲနံ့သာရေနွေးကြမ်း

Related image

သွေးချိုနှုန်းထိန်းညှိပေးဖို့ ပဲနံ့သာရေနွေးကြမ်းကို တစ်နေ့တစ်ကြိမ် နှစ်ကြိမ်ပုံမှန်သောက်ပေးတာလည်းကောင်းပါတယ်။ပဲနံ့သာရေနွေးကြမ်းလုပ်ဖို့အတွက် ပဲနံ့သာစေ့ စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပဲနံ့သာရွက်ခြောက်တစ်ဇွန်း နဲ့ရေတစ်ခွက်လိုပါတယ်။

ပဲနံ့သာစေ့ကိုကြိတ်ပြီး ရေနွေးတစ်အိုးဆူအောင်တည်ထားပါ။ဒယ်အိုးတစ်အိုးထဲမှာ ကြိတ်ပြီးသားပဲနံ့သာစေ့၊ ပဲနံ့သာရွက်ခြောက် ကိုထည့်ပါ။ဆူတဲ့ရေနွေးကို ဒယ်အိုးထဲလောင်းထည့်ပြီး မိနစ် ၂၀လောက်ထားပါ။ ပြီးတာနဲ့ အရည်စစ်ပြီးသောက်လို့ရပါပြီ။

၃။ ဒိန်ချဉ်နဲ့ရောသောက်နည်း

ပဲနံ့သာစေ့ အနံ့အရမ်းစူးတာကို မကြိုက်ရင်တော့ သဘာဝဒိန်ချဉ်နဲ့ရောသောက်လို့ရပါတယ်။ ပဲနံ့သာစေ့ အနည်းငယ်ကို ကြိတ်ပြီး ဘာအရသာမှမရောထားတဲ့သဘာ၀ ဒိန်ချဉ်နဲ့ ရောပြီးတစ်နေ့တစ်ကြိမ် နှစ်ကြိမ်လောက်သောက်ပေးလို့ရပါတယ်။

ဆီးချိုသမားတွေရော ဆီးချိုဖြစ်မှာကြောက်တဲ့သူတွေပါ ပဲနံ့သာစေ့ကို နေ့စဉ်မှီခိုခြင်းဖြင့် ရောဂါဘယမှ ကင်းဝေးကြပါစေ။

သတိ။ ။ကိုယ်ဝန်ဆောင်မိခင်များ လုံးဝမသောက်ရ။ ကလေးပျက်တတ်သည်။