Smoothie ဆိုရင်တော့ ကြိုက်တဲ့သူများမှာပါ။ Smoothie တွေအများကြီးထဲကမှ ကျန်းမာရေးနဲ့ညီညွတ်လို့ ခဏခဏသောက်သင့်တဲ့ Smoothie တွေရှိပါတယ်။ အိမ်မှာလွယ်လွယ်ကူကူလုပ်သောက်လို့ရအောင် လုပ်နည်းကိုပါ မျှဝေပေးလိုက်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့ Smoothie ဖြစ်လို့ အရသာကတော့ သောက်နေကျ Smoothie တွေလို ချိုမှာမဟုတ်ပါဘူး။

Green Goddess Smoothie

almond milk – ခွက်တစ်ဝက်စာ၊ honey yogurt – ခွက်တစ်ဝက်စာ၊ ဟင်းနုနွယ်ဆူးပေါက် – ခွက် ၃ ခွက်စာ၊ ငှက်ပျောသီး – ၂ လုံးနဲ့ ရေခဲအတုံးတွေကို Blender ထဲထည့်ကြိတ်လိုက်ရင် Green Goddess Smoothie ရလာပါလိမ့်မယ်။

Pineapple-Citrus Smoothie

orange juice နဲ့ နာနတ်သီးကို Blender ထဲထည့်ပြီး ငှက်ပျောသီးနဲ့ ရေခဲတုံးပါ ထည့်ကြိတ်ပါ။ ဒါဆိုရင် Pineapple-Citrus Smoothie ရသွားပါပြီ။

Banana-Peanut Butter Smoothie

ငှက်ပျောသီးကို အဝိုင်းလေးတွေလှီးပြီး အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အေးခဲသွားအောင်ထည့်ထားပါ။ ပြီးမှ Blender ထဲကို အေးခဲနေတဲ့ ငှက်ပျောသီးနဲ့ Peanut Butter ထည့်ကြိတ်ပါ။ ဒါဆိုရင် Banana-Peanut Butter Smoothie ရသွားပါပြီ။

Mango Madness Smoothie

သရက်သီးအမှည့်ကို အတုံးသေးလေးတွေလှီးပြီး အိတ်ထဲထည့်ကာ အေးခဲသွားအောင် ရေခဲသေတ္တာထဲထည့်ထားပါ။ Blender ထဲကို orange juice – ခွက်တစ်ခွက်စာ၊ coconut yogurt ခွက်တစ်ဝက်စာ၊ မုန်လာဥနီ အလုံးသေးတစ်လုံး၊ အေးခဲနေတဲ့ သရက်သီးတွေကိုထည့်ကြိတ်ပါ။ ဒါဆိုရင်တော့ Mango Madness Smoothie ရသွားပါပြီ။

Photo Source: www.goodhousekeeping.com