[Unicode]

ရခဲလှတဲ့ လူ့ဘဝကြီးမှာ သက်ရှည်ကျန်းမာစွာနဲ့ ပျော်ပျော်ပါးပါးနေထိုင်နိုင်ခြင်းက လာဘ်ကြီးတစ်ပါးလို့ ဆိုရမှာပါပဲ။ ဒီလို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးဖို့လိုအပ်သလို၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များ စားသုံးခြင်း၊ အဆီအဆိမ့်များ လျော့စားခြင်း စသည့် အလေ့အထများ ပြုကျင့်ပေးဖို့လိုအပ်ပါတယ်။

ရေငတ်တဲ့အချိန်မှာ အချိုဓာတ်များတဲ့ အချိုရည်များ သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါသေးတယ်။ ဓာတုပစ္စည်းများ ပါဝင်တဲ့ အချိုရည်များ သောက်သုံးမယ့်အစား အခုဖော်ပြပေးသွားမယ့် သဘာဝဖျော်ရည်များကိုသာ သောက်သုံးပေးလိုက်ပါ။ ကျန်းမာရေးအတွက် ရာနှုန်းပြည့်အထောက်အကူပြုတယ်ဆိုတာကိုတော့ အာမခံပါတယ်။

ပင်စိမ်းဖျော်ရည်

လိုအပ်မယ့် ပစ္စည်းတွေကတော့ ပင်စိမ်းရွက် ၁၀ ရွက်နဲ့ ရေ တစ်လီတာပဲဖြစ်ပါတယ်။ ရေတစ်လီတာထဲသို့ ပင်စိမ်းရွက် ၁၀ ရွက်ထည့်ပြီး ၇ မိနစ်ခန့် စောင့်လိုက်ပါ။ ၇ မိနစ်ခန့်ကြာရင်တော့ ထိုရေတွေကို သောက်သုံးလို့ရပါပြီ။ ဒီပင်စိမ်းဖျော်ရည်သောက်သုံးခြင်းကြောင့် ရရှိမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကတော့ အစာချေစနစ်ကို ကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။

ပန်းသီး သစ်ကြံ့ပိုးခေါက်ဖျော်ရည်

ပန်းသီးအနီရောင် ၄ ပုံ တစ်ပုံခန့်၊ ၂ လက်မအရွယ်အစားရှိတဲ့ သစ်ကြံ့ပိုးခေါက် ၂ ချောင်းနဲ့ ရေတစ်လီတာတို့ လိုအပ်ပါတယ်။ သစ်ကြံ့ပိုးခေါက်ကို ရေထဲမှာ တစ်ညစိမ်ထားပေးရမှာပါ။ နောက်တစ်နေ့မနက် မိုးလင်းတဲ့အခါ အနေတော်အတုံး တုံးထားတဲ့ ပန်းသီးကို ထိုရေထဲမှာ မိနစ် ၂၀ ခန့် စိမ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ပန်းသီး သစ်ကြံ့ပိုးခေါက်ဖျော်ရည်ကို အလွယ်တကူသောက်သုံးနိုင်ပါပြီ။ ဒီဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါမဖြစ်ပွားအောင် တားဆီးပေးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ မခံစားရအောင် ကူညီပေးခြင်း၊ ဒါ့အပြင် သစ်ကြံ့ပိုးခေါက်က ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးပါသေးတယ်။

လိမ္မော်သီးနဲ့ ချင်းဖျော်ရည်

လိမ္မော်သီး တစ်ခြမ်းနဲ့ တစ်လက်မအရွယ်အစားရှိတဲ့ ချင်း၊ ရေ တစ်လီတာခန့်တို့ လိုအပ်ပါမယ်။ ချင်းကို ဓားလေးနဲ့ ပြားသွားအောင် ဖိလိုက်ပါ။ လိမ္မော်သီးကို ပါးပါးလှီးပြီး ရေကရားထဲ ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ထားထားပါ။ ၂ နာရီခန့်ကြာမှ ရေခဲသေတ္တာထဲက ထုတ်ပြီး သုံးဆောင်နိုင်ပါတယ်။ လိမ္မော်သီးက Antioxidant နဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်ပြီး ချင်းကတော့ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့မှ ကာကွယ်ပေးပါတယ်။

စပျစ်သီးနဲ့ သံပုရာသီးဖျော်ရည်

စပျစ်သီးအမဲ ၁၅ လုံး၊ သံပုရာသီး ၁ လုံးနဲ့ ရေ ၁ လီတာတို့ လိုအပ်ပါမယ်။ စပျစ်သီးများကို တစ်ဝက်စီ ထက်ခြမ်းပေးပါ။ သံပုရာသီးကိုလည်း ခပ်ပါးပါးလှီးပြီး ရေကရားထဲမှာ မိနစ် ၂၀ ခန့် စိမ်ထားပါ။ ပြီးရင်တော့ တစ်နေ့တာလုံး သောက်သုံးပေးနိုင်ပါပြီ။ စပျစ်သီးအမဲရောင်က ကင်ဆာဆဲလ်များကို ဖယ်ရှားပေးပြီး ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့ သံပုရာသီးကတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီး အအေးမိ ဖျားနာခြင်း မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ အဆစ်ရောင်ရောဂါနဲ့ ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

Source: Stylecraze.com

[Zawgyi]

ရခဲလွတဲ့ လူ႔ဘဝႀကီးမွာ သက္႐ွည္က်န္းမာစြာနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနထိုင္ႏိုင္ျခင္းက လာဘ္ႀကီးတစ္ပါးလုိ႔ ဆိုရမွာပါပဲ။ ဒီလို က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ႏိုင္ဖို႔အတြက္ ကိုယ္လက္လႈပ္႐ွား အားကစားျပဳလုပ္ေပးဖို႔လိုအပ္သလို၊ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အစားအေသာက္မ်ား စားသံုးျခင္း၊ အဆီအဆိမ့္မ်ား ေလ်ာ့စားျခင္း စသည့္ အေလ့အထမ်ား ျပဳက်င့္ေပးဖို႔လိုအပ္ပါတယ္။

ေရငတ္တဲ့အခ်ိန္မွာ အခ်ိဳဓာတ္မ်ားတဲ့ အခ်ိဳရည္မ်ား ေသာက္သံုးျခင္းကိုလည္း ေ႐ွာင္ၾကဥ္ေပးဖို႔ လိုအပ္ပါေသးတယ္။ ဓာတုပစၥည္းမ်ား ပါဝင္တဲ့ အခ်ိဳရည္မ်ား ေသာက္သံုးမယ့္အစား အခုေဖာ္ျပေပးသြားမယ့္ သဘာဝေဖ်ာ္ရည္မ်ားကိုသာ ေသာက္သံုးေပးလိုက္ပါ။ က်န္းမာေရးအတြက္ ရာႏႈန္းျပည့္အေထာက္အကူျပဳတယ္ဆိုတာကိုေတာ့ အာမခံပါတယ္။

ပင္စိမ္းေဖ်ာ္ရည္

လိုအပ္မယ့္ ပစၥည္းေတြကေတာ့ ပင္စိမ္းရြက္ ၁၀ ရြက္နဲ႔ ေရ တစ္လီတာပဲျဖစ္ပါတယ္။ ေရတစ္လီတာထဲသို႔ ပင္စိမ္းရြက္ ၁၀ ရြက္ထည့္ၿပီး ၇ မိနစ္ခန္႔ ေစာင့္လိုက္ပါ။ ၇ မိနစ္ခန္႔ၾကာရင္ေတာ့ ထိုေရေတြကို ေသာက္သံုးလို႔ရပါၿပီ။ ဒီပင္စိမ္းေဖ်ာ္ရည္ေသာက္သံုးျခင္းေၾကာင့္ ရ႐ွိမယ့္ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြကေတာ့ အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္းပဲျဖစ္ပါတယ္။

ပန္းသီး သစ္ၾကံ႕ပိုးေခါက္ေဖ်ာ္ရည္

ပန္းသီးအနီေရာင္ ၄ ပံု တစ္ပံုခန္႔၊ ၂ လက္မအရြယ္အစား႐ွိတဲ့ သစ္ၾကံ႕ပိုးေခါက္ ၂ ေခ်ာင္းနဲ႔ ေရတစ္လီတာတို႔ လိုအပ္ပါတယ္။ သစ္ၾကံ႕ပိုးေခါက္ကို ေရထဲမွာ တစ္ညစိမ္ထားေပးရမွာပါ။ ေနာက္တစ္ေန႔မနက္ မိုးလင္းတဲ့အခါ အေနေတာ္အတံုး တံုးထားတဲ့ ပန္းသီးကို ထိုေရထဲမွာ မိနစ္ ၂၀ ခန္႔ စိမ္ထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ပန္းသီး သစ္ၾကံ႕ပိုးေခါက္ေဖ်ာ္ရည္ကို အလြယ္တကူေသာက္သံုးႏိုင္ပါၿပီ။ ဒီေဖ်ာ္ရည္ကို ေသာက္သံုးေပးျခင္းအားျဖင့္ ကိုလက္စထေရာပမာဏကို ထိန္းညွိေပးျခင္း၊ ကင္ဆာေရာဂါမျဖစ္ပြားေအာင္ တားဆီးေပးျခင္း၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ မခံစားရေအာင္ ကူညီေပးျခင္း၊ ဒါ့အျပင္ သစ္ၾကံ႕ပိုးေခါက္က ကိုယ္အေလးခ်ိန္က်ေအာင္လည္း ကူညီေပးပါေသးတယ္။

လိေမၼာ္သီးနဲ႔ ခ်င္းေဖ်ာ္ရည္

လိေမၼာ္သီး တစ္ျခမ္းနဲ႔ တစ္လက္မအရြယ္အစား႐ွိတဲ့ ခ်င္း၊ ေရ တစ္လီတာခန္႔တို႔ လိုအပ္ပါမယ္။ ခ်င္းကို ဓားေလးနဲ႔ ျပားသြားေအာင္ ဖိလိုက္ပါ။ လိေမၼာ္သီးကို ပါးပါးလွီးၿပီး ေရကရားထဲ ထည့္ထားၿပီး ေရခဲေသတၱာထဲမွာ ထားထားပါ။ ၂ နာရီခန္႔ၾကာမွ ေရခဲေသတၱာထဲက ထုတ္ၿပီး သံုးေဆာင္ႏိုင္ပါတယ္။ လိေမၼာ္သီးက Antioxidant နဲ႔ ဗီတာမင္ စီတို႔ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ႏွလံုးက်န္းမာေရးအတြက္ အထူးသင့္ေတာ္ၿပီး ခ်င္းကေတာ့ ၾကြက္သားမ်ားနာက်င္ကိုက္ခဲျခင္း၊ ဆီးခ်ိဳေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါတို႔မွ ကာကြယ္ေပးပါတယ္။

စပ်စ္သီးနဲ႔ သံပုရာသီးေဖ်ာ္ရည္

စပ်စ္သီးအမဲ ၁၅ လံုး၊ သံပုရာသီး ၁ လံုးနဲ႔ ေရ ၁ လီတာတို႔ လိုအပ္ပါမယ္။ စပ်စ္သီးမ်ားကို တစ္ဝက္စီ ထက္ျခမ္းေပးပါ။ သံပုရာသီးကိုလည္း ခပ္ပါးပါးလွီးၿပီး ေရကရားထဲမွာ မိနစ္ ၂၀ ခန္႔ စိမ္ထားပါ။ ၿပီးရင္ေတာ့ တစ္ေန႔တာလံုး ေသာက္သံုးေပးႏိုင္ပါၿပီ။ စပ်စ္သီးအမဲေရာင္က ကင္ဆာဆဲလ္မ်ားကို ဖယ္႐ွားေပးၿပီး ကိုလက္စထေရာပမာဏကို ေလ်ာ့က်ေစပါတယ္။ ဗီတာမင္ စီ ၾကြယ္ဝစြာပါဝင္တဲ့ သံပုရာသီးကေတာ့ အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး အေအးမိ ဖ်ားနာျခင္း မျဖစ္ပြားေအာင္ ကာကြယ္ေပးပါတယ္။ ဒါတင္မကေသးပါဘူး။ အဆစ္ေရာင္ေရာဂါနဲ႔ ဆံပင္ကြ်တ္ျခင္းမွလည္း ကာကြယ္ေပးပါတယ္။

Source: Stylecraze.com